အိႏိၵယ ဆႏၵျပပြဲေၾကာင့္ နယူးေဒလီမွာ ေရျပတ္

နယူးေဒလီမွာ ေရျပတ္ေနပံု
အိႏၵိယ ႏုိင္ငံ အေရွ႕ေျမာက္ပိုင္း ျပည္နယ္ တခုမွာ ႏွစ္ရက္ၾကာ အၾကမ္းဖက္ ဆႏၵျပမႈေတြေၾကာင့္ လူေသဆံုးတဲ့အထိ ရွိလာေနၿပီး နယူးေဒလီၿမိဳ႕ေတာ္မွာလည္း ေရျပတ္လပ္မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ ​

ဟာရားနား ျပည္နယ္မွာ စိုက္ပ်ိဳးေရး အဓိက လုပ္ကိုင္တဲ႔ ေက်းလက္ေန Jat မ်ိဳးႏြယ္၀င္ေတြ သီတင္းတပတ္ၾကာ ဆႏၵျပေနၾကတာပါ။ Jat မ်ိဳးႏြယ္၀င္ေတြက အစိုးရ အလုပ္အကိုင္ေတြနဲ႔ တကၠသိုလ္ ၀င္ခြင့္ေတြအပါအ၀င္ ျပည္ေထာင္စုနဲ႔ ျပည္နယ္ရဲ႕ အက်ိဳးခံစားခြင့္ေတြ ေတာင္းဆိုေနၾကတာ ျဖစ္ပါတယ္။ ဒီဆႏၵျပပြဲေတြက ၿပီးခဲ႔တဲ႔ ေသာၾကာေန႔မွာ အၾကမ္းဖက္မႈ အသြင္ ေဆာင္လာပါတယ္။


အိႏိၵယ ဆႏၵျပပြဲ
ဆႏၵျပသူေတြက အိမ္ေတြနဲ႔ ရထားဘူတာရံုေတြကို မီးတင္ရိႈ႕ၿပီး ဟာရားနားျပည္နယ္ကေန နယူးေဒလီကို ေရသြယ္ထားတဲ႔ တူးေျမာင္းတခုက ေရသယ္ယူပို႔ေဆာင္ေပးေနတဲ႔ ကိရိယာေတြကိုလည္း ဖ်က္ဆီးခဲ႔ၾကတာပါ။ ဆႏၵျပသူေတြကို ရဲေတြက ပစ္ခတ္ခဲ႔လို႔ လူ ၁၀ ဦးလည္း ေသဆံုးခဲ႔ရပါတယ္။ ထိပ္တိုက္ေတြ႔မႈေတြ အတြင္း လူ ၁၅၀ ေလာက္လည္း ဒဏ္ရာရခဲ႔ပါတယ္။

နယူးေဒလီ ၿမိဳ႕ေတာ္မွာ ေရရရွိမႈကို ထိန္းသိမ္းထားႏုိင္ဖို႔ ၿမိဳ႕ခံေတြ အတြက္ ေရကို ခြဲတမ္းနဲ႔ ျဖန္႔ေ၀မွာ ျဖစ္ၿပီး မနက္ျဖန္ တနလာၤေန႔မွာ ေက်ာင္းေတြ ပိတ္ထားမယ္လို႔ နယူးေဒလီ အုပ္ခ်ဳပ္ေရးမွဴး Arvind Kejriwal က ဒီကေန႔ တနဂၤေႏြေန႔မွာ ေၾကညာထားပါတယ္။ အိႏၵိယ ႏုိင္ငံမွာ ဇာတ္နိမ့္ေတြကို ခြဲျခားဆက္ဆံတာကို တန္ျပန္လုပ္ေဆာင္ဖို႔ ရည္ရြယ္တဲ႔ အထူးအခြင့္အေရး ေပးေရး ဆိုင္ရာ မူ၀ါဒ တရပ္ကို ခ်မွတ္ထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
 နယူးဒေလီမှာ ရေပြတ်နေပုံ
အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ် တခုမှာ နှစ်ရက်ကြာ အကြမ်းဖက် ဆန္ဒပြမှုတွေကြောင့် လူသေဆုံးတဲ့အထိ ရှိလာနေပြီး နယူးဒေလီမြို့တော်မှာလည်း ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ​

ဟာရားနား ပြည်နယ်မှာ စိုက်ပျိုးရေး အဓိက လုပ်ကိုင်တဲ့ ကျေးလက်နေ Jat မျိုးနွယ်ဝင်တွေ သီတင်းတပတ်ကြာ ဆန္ဒပြနေကြတာပါ။ Jat မျိုးနွယ်ဝင်တွေက အစိုးရ အလုပ်အကိုင်တွေနဲ့ တက္ကသိုလ် ၀င်ခွင့်တွေအပါအဝင် ပြည်ထောင်စုနဲ့ ပြည်နယ်ရဲ့ အကျိုးခံစားခွင့်တွေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲတွေက ပြီးခဲ့တဲ့ သောကြာနေ့မှာ အကြမ်းဖက်မှု အသွင် ဆောင်လာပါတယ်။

အိန္ဒိယ ဆန္ဒပြပွဲ
ဆန္ဒပြသူတွေက အိမ်တွေနဲ့ ရထားဘူတာရုံတွေကို မီးတင်ရှို့ပြီး ဟာရားနားပြည်နယ်ကနေ နယူးဒေလီကို ရေသွယ်ထားတဲ့ တူးမြောင်းတခုက ရေသယ်ယူပို့ဆောင်ပေးနေတဲ့ ကိရိယာတွေကိုလည်း ဖျက်ဆီးခဲ့ကြတာပါ။ ဆန္ဒပြသူတွေကို ရဲတွေက ပစ်ခတ်ခဲ့လို့ လူ ၁၀ ဦးလည်း သေဆုံးခဲ့ရပါတယ်။ ထိပ်တိုက်တွေ့မှုတွေ အတွင်း လူ ၁၅၀ လောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

နယူးဒေလီ မြို့တော်မှာ ရေရရှိမှုကို ထိန်းသိမ်းထားနိုင်ဖို့ မြို့ခံတွေ အတွက် ရေကို ခွဲတမ်းနဲ့ ဖြန့်ဝေမှာ ဖြစ်ပြီး မနက်ဖြန် တနလာင်္နေ့မှာ ကျောင်းတွေ ပိတ်ထားမယ်လို့ နယူးဒေလီ အုပ်ချုပ်ရေးမှူး Arvind Kejriwal က ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြေညာထားပါတယ်။ အိန္ဒိယ နိုင်ငံမှာ ဇာတ်နိမ့်တွေကို ခွဲခြားဆက်ဆံတာကို တန်ပြန်လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့ အထူးအခွင့်အရေး ပေးရေး ဆိုင်ရာ မူဝါဒ တရပ်ကို ချမှတ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment