ဘဂၤလားေဒ့ရွ္လူမ်ဳိး “သစ္ပင္လူသား” ၏ ညာလက္အားေအာင္ျမင္စြာ ခြဲစိတ္ႏိုင္ခဲ့


ဘဂၤလားေဒ့ရွ္လူမ်ဳိး “သစ္ပင္လူသား” အား ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္)
    ဒါကာ၊ ေဖေဖာ္ဝါရီ ၂၁ ရက္ (ဆင္ဟြာ)

    ဆရာဝန္ ကိုးဦးပါဝင္သည့္ ေဆးပညာအဖြဲ႕သည္ လက္ႏွင့္ ေျခေထာက္မ်ားတြင္ သစ္ပင္သဖြယ္ အဖု အထစ္မ်ား ထြက္ေနသည့္ အဘူ ဘာဂ်န္တာ အမည္ရွိ ဘဂၤလားေဒ့ရွ္လူမ်ဳိး “သစ္ပင္လူသား” ၏ ညာလက္အား ေဖေဖာ္ဝါရီ ၂၀ ရက္ေန႕ က ခဲြစိတ္ေပးခဲ့ေၾကာင္းသိရသည္။

အဘူ ဘာဂ်န္တာ အား ဒါကာ ေဆးပညာေကာလိပ္ ႏွင့္ ေဆးရံု (DMCH) တြင္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႕က ေအာင္ျမင္ခြဲစိတ္ကုသႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈ၊ ပလတ္စတစ္ ဆာဂ်ရီ ႏွင့္စီမံကိန္း ဌာန ၏အၾကီးအကဲ Prof. Md Abul Kalam သည္ အဖြဲ႕ဝင္ ကိုးဦးပါဝင္သည့္ ေဆးပညာ အသင္းအားဦးေဆာင္ျပီး ခြဲစိတ္မႈ ကို ေဖေဖာ္ဝါရီ ၂၀ ရက္ေန႕ နံနက္ ၁၀း၃၀ မွ စတင္၍ ၄နာရီၾကာ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

၄င္းက ဘာဂ်န္တာအတြက္ က်န္ရွိေနသည့္ ခြဲစိတ္မႈ မ်ားကို တျဖည္းျဖည္း ျပဳလုပ္ေပးသြားမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲသည္။

ဘာဂ်န္တာသည္ epidermodysplasia verruciformis အမည္ရွိ ရွားပါး ေရာဂါတစ္မ်ဳိးကို ႏွစ္ေပါင္း ၂၀ေက်ာ္ ၾကာ ခံစားခဲ့ရျပီး အဆိုပါေရာဂါေၾကာင့္ ၄င္း၏ လက္ႏွင့္ ေျခေထာက္မ်ားတြင္ အေလးခ်ိန္ အားျဖင့္ ၄ ကီလိုဂရမ္ရွိသည့္ သစ္ပင္သ႑ာန္ အဖုအထစ္မ်ား ျဖစ္ေပၚေနေၾကာင္းသိရသည္။

အဆိုပါ ရွားပါးေရာဂါအား “သစ္ပင္လူသား” ေရာဂါဟု ေခၚေလ့ရွိသည္။

ဘာဂ်န္တာသည္ ကမာၻေပၚတြင္ အဆိုပါေရာဂါျဖစ္ပြားေနသည့္ ေလးဦးေျမာက္လူသားျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
......

ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒါကာ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

    ဆရာဝန် ကိုးဦးပါဝင်သည့် ဆေးပညာအဖွဲ့သည် လက်နှင့် ခြေထောက်များတွင် သစ်ပင်သဖွယ် အဖု အထစ်များ ထွက်နေသည့် အဘူ ဘာဂျန်တာ အမည်ရှိ ဘင်္ဂလားဒေ့ရှ်လူမျိုး “သစ်ပင်လူသား” ၏ ညာလက်အား ဖေဖော်ဝါရီ ၂၀ ရက်နေ့ က ခွဲစိတ်ပေးခဲ့ကြောင်းသိရသည်။

အဘူ ဘာဂျန်တာ အား ဒါကာ ဆေးပညာကောလိပ် နှင့် ဆေးရုံ (DMCH) တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အောင်မြင်ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု၊ ပလတ်စတစ် ဆာဂျရီ နှင့်စီမံကိန်း ဌာန ၏အကြီးအကဲ Prof. Md Abul Kalam သည် အဖွဲ့ဝင် ကိုးဦးပါဝင်သည့် ဆေးပညာ အသင်းအားဦးဆောင်ပြီး ခွဲစိတ်မှု ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၀း၃၀ မှ စတင်၍ ၄နာရီကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၄င်းက ဘာဂျန်တာအတွက် ကျန်ရှိနေသည့် ခွဲစိတ်မှု များကို တဖြည်းဖြည်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲသည်။

ဘာဂျန်တာသည် epidermodysplasia verruciformis အမည်ရှိ ရှားပါး ရောဂါတစ်မျိုးကို နှစ်ပေါင်း ၂၀ကျော် ကြာ ခံစားခဲ့ရပြီး အဆိုပါရောဂါကြောင့် ၄င်း၏ လက်နှင့် ခြေထောက်များတွင် အလေးချိန် အားဖြင့် ၄ ကီလိုဂရမ်ရှိသည့် သစ်ပင်သဏ္ဍာန် အဖုအထစ်များ ဖြစ်ပေါ်နေကြောင်းသိရသည်။

အဆိုပါ ရှားပါးရောဂါအား “သစ်ပင်လူသား” ရောဂါဟု ခေါ်လေ့ရှိသည်။

ဘာဂျန်တာသည် ကမ္ဘာပေါ်တွင် အဆိုပါရောဂါဖြစ်ပွားနေသည့် လေးဦးမြောက်လူသားဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment