ဇီကာပိုးနဲ႔ ဦးေခါင္းေသးမွု အဆက္အစပ္ကို ေလ့လာ


ဘရာဇီး နိုင္ငံမွာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ ပါဝင္တဲ့ ေလ့လာ စမ္းသပ္ခ်က္ တစ္ခုအရ ဦးေခါင္း ေသးတဲ့ ကေလးေတြ ေမြးဖြားလာမွုဟာ ဇီကာ ဗိုင္းရပ္စ္နဲ႔ ဆက္စပ္တယ္ ဆိုတဲ့ အယူအဆကို ပိုမို ခိုင္မာ လာေစတယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္ ကာလအတြင္း ဇီကာပိုး ကူးစက္ခံရတဲ့ လကၡဏာေတြ ျပခဲ့တဲ့ အမ်ိဳးသမီး ႏွစ္ဦးရဲ့ ေရႁမြာရည္ထဲမွာ ဇီကာ ဗိုင္းရပ္စ္ ေရာက္ရွိ ေနတာကို အဲဒီ ေလ့လာခ်က္က အတည္ျပဳခဲ့ပါတယ္။

ဒါေၾကာင့္ သေႏၶသားကိုလည္း ဇီကာ ဗိုင္းရပ္စ္ ကူးစက္နိုင္တယ္ ဆိုတာ ဒီေတြ႕ရွိခ်က္က ေဖာ္ျပတယ္လို႔ ဘရာဇီး ပညာရွင္ေတြက ဆိုပါတယ္။

ဒါေပမယ့္ ကမၻာ့ က်န္းမာေရးအဖြဲ႕ WHO က ပညာရွင္ေတြကေတာ့ အဲဒီလို ဇီကာ ဗိုင္းရပ္စ္နဲ႔ ဦးေခါင္း ေသးတဲ့ ကေလးေတြ အၾကား အဆက္အစပ္ကို သက္ေသ မျပနိုင္ေသးပါဘူးလို႔ သတိေပးခဲ့ၿပီး၊ လာမယ့္ သီတင္းပတ္ အနည္းငယ္အတြင္း အေသးစိတ္ အခ်က္ေတြ ထပ္ထြက္လာမယ္လို႔ ေမၽွာ္လင့္ထား ပါတယ္။

ဘရာဇီး နိုင္ငံမွာ ၿပီးခဲ့တဲ့ ႏွစ္အတြင္း ဇီကာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ မ်ားလာခဲ့ သလို ဦးေခါင္းအရြယ္ ပုံမွန္ထက္ ေသးငယ္တဲ့ ကေလးေတြ ေမြးဖြားမွုလည္း တိုးလာခဲ့ကာ တခ်ိဳ႕ ကေလးတြမွာ ဦးေႏွာက္ ဖြံ့ၿဖိဳးမွုကိုပါ ထိခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ အဲဒီ ျပႆနာရဲ့ ေနာက္ကြယ္မွာ ဇီကာ ဗိုင္းရပ္စ္ တကယ္ ရွိေနသလား ဆိုတာကို အတည္ျပဳနိုင္ဖို႔ ေလ့လာ စမ္းသပ္မွုေတြ ျပဳလုပ္ လာၾကတာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese/
.............


ဘရာဇီး နိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ပါဝင်တဲ့ လေ့လာ စမ်းသပ်ချက် တစ်ခုအရ ဦးခေါင်း သေးတဲ့ ကလေးတွေ မွေးဖွားလာမှုဟာ ဇီကာ ဗိုင်းရပ်စ်နဲ့ ဆက်စပ်တယ် ဆိုတဲ့ အယူအဆကို ပိုမို ခိုင်မာ လာစေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ဇီကာပိုး ကူးစက်ခံရတဲ့ လက္ခဏာတွေ ပြခဲ့တဲ့ အမျိုးသမီး နှစ်ဦးရဲ့ ရေမြွာရည်ထဲမှာ ဇီကာ ဗိုင်းရပ်စ် ရောက်ရှိ နေတာကို အဲဒီ လေ့လာချက်က အတည်ပြုခဲ့ပါတယ်။

ဒါကြောင့် သန္ဓေသားကိုလည်း ဇီကာ ဗိုင်းရပ်စ် ကူးစက်နိုင်တယ် ဆိုတာ ဒီတွေ့ရှိချက်က ဖော်ပြတယ်လို့ ဘရာဇီး ပညာရှင်တွေက ဆိုပါတယ်။

ဒါပေမယ့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပညာရှင်တွေကတော့ အဲဒီလို ဇီကာ ဗိုင်းရပ်စ်နဲ့ ဦးခေါင်း သေးတဲ့ ကလေးတွေ အကြား အဆက်အစပ်ကို သက်သေ မပြနိုင်သေးပါဘူးလို့ သတိပေးခဲ့ပြီး၊ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း အသေးစိတ် အချက်တွေ ထပ်ထွက်လာမယ်လို့ မျှော်လင့်ထား ပါတယ်။

ဘရာဇီး နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် များလာခဲ့ သလို ဦးခေါင်းအရွယ် ပုံမှန်ထက် သေးငယ်တဲ့ ကလေးတွေ မွေးဖွားမှုလည်း တိုးလာခဲ့ကာ တချို့ ကလေးတွမှာ ဦးနှောက် ဖွံ့ဖြိုးမှုကိုပါ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီ ပြဿနာရဲ့ နောက်ကွယ်မှာ ဇီကာ ဗိုင်းရပ်စ် တကယ် ရှိနေသလား ဆိုတာကို အတည်ပြုနိုင်ဖို့ လေ့လာ စမ်းသပ်မှုတွေ ပြုလုပ် လာကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment