MTF Channel
........
ဇနီးကိုသတ်သောသူကို ဖမ်းဆီးပြီး ကွင်းဆင်း သရုပ်ပြခိုင်း
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် စန်စိုင်မြို့မှ Massage အနှိပ်ဆိုင်ရှင် မစ်စတာဖိဖတ် အသက် ၄၁နှစ်နှင့် မစ်စုရီ အသက် ၄၆နှစ်တို့ လင်မယားသည် မယားဖြစ်သူက တခြားယောင်္ကျားတွေနဲ့ပွေရှုပ်တာတို့ မကြာမကြာလုပ်လေ့ရှိတဲ့အတွက် တခါမှာတော့ လင်ဖြစ်သူက သဝန်တို စိတ်ဆိုးဒေါသထွက်ကာ မယားကိုသတ်ပြီး မယား၏လိင်အင်္ဂါကို အပိုင်း ၆ပိုင်းပိုင်းကာ မီးရှို့လိုက်ပစ်လိုက်ပါတယ်။
ထိုနောက်သူက တရားစခန်းတနေရာမှာ တရားသွားအားထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၄ရက်နေ့မှာ အခင်းဖြစ်ပွားခဲ့တာပါ ရဲတပ်ဖွဲ့က ၁ရက်အချိန်ယူပြီး လိုက်လံရှာဖွေရာမှာ တရားစခန်းတနေရာမှာဖမ်းဆီးရမိသွားပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူ့မယားဟာ တခြားလူနဲ့ပွေရှုပ်နေလို့ သဝန်တို စိတ်ဆိုးဒေါသထွက်ပြီး သတ်လိုက်တယ်လို့ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကိုခေါ်ဆောင်ပြီး ကွင်းဆင်းသရုပ်ပြခိုင်းပါတယ်။ လက်ရှိမှာလူသတ်အမှုနဲ့ အရေးယူထားပါတယ်။
MTF Channel
https://www.facebook.com/mtftv
Home
Crime
Thailand
မယားကိုသတ်ပြီး မယား၏လိင်အင်္ဂါကို အပိုင်း ၆ပိုင်းပိုင်းကာ မီးရှို့ပစ်လိုက် သူကို ဖမ်းဆီးပြီး ကွင်းဆင်း သရုပ်ပြခိုင်း
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment