![]() |
ဝူဒီ ကၽြန္းေပၚမွာ ေလယာဥ္ေျပးလမ္း အပါအဝင္ တည္ေဆာက္မွု အေျမာက္အမ်ားကို အေစာပိုင္းက ၿဂိဳဟ္တုပုံ အေဟာင္းမွာ ေတြ႕ခဲ့ရ။ |
ေဖာက္စ္ သတင္းဌာနက ေဖာ္ျပသြားတဲ့ ေဖေဖာ္ဝါရီ ၁၄ ရက္က ရိုက္ထားတဲ့ ၿဂိဳဟ္တု ဓာတ္ပုံေတြအရ ဒုံးက်ည္ ပစ္စင္ ၈ ခုပါ အုပ္စု ၂စုနဲ႔ ေရဒါ စနစ္ တစ္ခုကို ပါရာဆဲလ္စ္ ကၽြန္းစုထဲက ဝူဒီ ကၽြန္းေပၚမွာ ေတြ႕ၾကရပါတယ္။
အခုလို ဒုံးက်ည္ေတြ ထားရွိမွုေၾကာင့္ အျငင္းပြား ကၽြန္းစုေတြနဲ႔ ပတ္သက္ၿပီး အႀကိတ္အခဲ ျဖစ္ေနတဲ့ ေတာင္တ႐ုတ္ ပင္လယ္မွာ တင္းမာမွုေတြကို ပိုဆိုး လာေစမွာ ျဖစ္ပါတယ္။
အဲဒီ ကၽြန္းစုေတြ တဝိုက္က ေတာင္တ႐ုတ္ ပင္လယ္ဟာ တ႐ုတ္ အပါအဝင္ အနီးအနား အာရွ နိုင္ငံေတြ အတြက္ ပင္လယ္ ေရေၾကာင္းလိုင္းနဲ႔ သဘာဝ အရင္းအျမစ္ေတြ အတြက္ အဖိုးတန္တဲ့ ေရျပင္ ျဖစ္ပါတယ္။
တ႐ုတ္ နိုင္ငံျခားေရး ဝန္ႀကီး ဝမ္းယီကေတာ့ သူတို႔ပိုင္ နယ္ေျမကို ခုခံဖို႔အတြက္ ကာကြယ္ေရး အစီအစဥ္ေတြ လုပ္ေဆာင္တာဟာ နိုင္ငံတကာ ဥပေဒနဲ႔ ညီညြတ္တယ္လို႔ ေျပာပါတယ္။
အေမရိကန္ ပစိဖိတ္ ေရတပ္ သေဘၤာေတြရဲ့ တပ္မွူး ျဖစ္တဲ့ Adm Harry Harris ကေတာ့ ဒီကိစၥဟာ ေတာင္တ႐ုတ္ ပင္လယ္မွာ စစ္ေရး ေဆာင္ရြက္မွုေတြ ကင္းရွင္း ေစရမယ္လို႔ ေျပာထားတဲ့ တ႐ုတ္ သမၼတရဲ့ ကတိနဲ႔ မကိုက္ညီဘူးလို႔ ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
.........
ဝူဒီ ကျွန်းပေါ်မှာ လေယာဉ်ပြေးလမ်း အပါအဝင် တည်ဆောက်မှု အမြောက်အများကို အစောပိုင်းက ဂြိုဟ်တုပုံ အဟောင်းမှာ တွေ့ခဲ့ရ။
တောင်တရုတ် ပင်လယ်ထဲက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေထဲက ကျွန်းတစ်ကျွန်း ပေါ်မှာ တရုတ်က မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေကို ချထားတာ တွေ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဖောက်စ် သတင်းဌာနက ဖော်ပြသွားတဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ရိုက်ထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေအရ ဒုံးကျည် ပစ်စင် ၈ ခုပါ အုပ်စု ၂စုနဲ့ ရေဒါ စနစ် တစ်ခုကို ပါရာဆဲလ်စ် ကျွန်းစုထဲက ဝူဒီ ကျွန်းပေါ်မှာ တွေ့ကြရပါတယ်။
အခုလို ဒုံးကျည်တွေ ထားရှိမှုကြောင့် အငြင်းပွား ကျွန်းစုတွေနဲ့ ပတ်သက်ပြီး အကြိတ်အခဲ ဖြစ်နေတဲ့ တောင်တရုတ် ပင်လယ်မှာ တင်းမာမှုတွေကို ပိုဆိုး လာစေမှာ ဖြစ်ပါတယ်။
အဲဒီ ကျွန်းစုတွေ တဝိုက်က တောင်တရုတ် ပင်လယ်ဟာ တရုတ် အပါအဝင် အနီးအနား အာရှ နိုင်ငံတွေ အတွက် ပင်လယ် ရေကြောင်းလိုင်းနဲ့ သဘာဝ အရင်းအမြစ်တွေ အတွက် အဖိုးတန်တဲ့ ရေပြင် ဖြစ်ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်းယီကတော့ သူတို့ပိုင် နယ်မြေကို ခုခံဖို့အတွက် ကာကွယ်ရေး အစီအစဉ်တွေ လုပ်ဆောင်တာဟာ နိုင်ငံတကာ ဥပဒေနဲ့ ညီညွတ်တယ်လို့ ပြောပါတယ်။
အမေရိကန် ပစိဖိတ် ရေတပ် သင်္ဘောတွေရဲ့ တပ်မှူး ဖြစ်တဲ့ Adm Harry Harris ကတော့ ဒီကိစ္စဟာ တောင်တရုတ် ပင်လယ်မှာ စစ်ရေး ဆောင်ရွက်မှုတွေ ကင်းရှင်း စေရမယ်လို့ ပြောထားတဲ့ တရုတ် သမ္မတရဲ့ ကတိနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment