ေတာင္တ႐ုတ္ပင္လယ္ေဒသ ကၽြန္းတုေလယာဥ္ ေျပးလမ္းကုိ တ႐ုတ္စစ္ေလယာဥ္မ်ား အသံုးျပဳမည့္ အစီအစဥ္ အေမရိကန္ ေရတပ္ သတိေပး
စင္ကာပူ ၊ ၁၇-၂-၂၀၁၆
ပိုင္ဆိုင္ခြင့္ အျငင္းပြား ေတာင္တ႐ုတ္ ပင္လယ္ေဒသ ကြၽန္းတုမ်ား ေပၚရွိ ေလယာဥ္ ေျပးလမ္းမ်ားကုိ တိုက္ေလယာဥ္မ်ား ပ်ံသန္းေရး တ႐ုတ္ႏိုင္ငံ က အသံုးျပဳ လာမည္ ဆိုပါက ေဒသတြင္း တည္ၿငိမ္မႈ ပ်က္ျပား ႏိုင္ဖြယ္ရွိၿပီး အေမရိကန္ ၏ ေ၀ဟင္ က္ငးလွည့္ ပ်ံသန္းေရး အစီအစဥ္မ်ား ကိုလည္း တားဆီး ႏိုင္လိမ့္မည္ မဟုတ္ေၾကာင္း အေမရိကန္ ေရတပ္ ထိပ္တန္း တာဝန္ရွိသူ တစ္ဦးက ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ ေျပာၾကားခဲ့သည္။
ေတာင္တ႐ုတ္ ပင္လယ္ေဒသ စပရက္သ္ေလ ကြၽန္းစု ေဒသအတြင္း တည္ေဆာက္ ထားေသာ ကြၽန္းတုမ်ား ေပၚရွိ ေလယာဥ္ ေျပးလမ္းမ်ားကို စစ္ေရး လႈပ္ရွားမႈမ်ား အတြက္ လာမည့္လ အနည္းငယ္ အတြင္း အသံုးျပဳရန္ တ႐ုတ္ အစိုးရက စီစဥ္ ထားဖြယ္ရွိေၾကာင္း ေဒသတြင္း လံုၿခံဳေရး အကဲခတ္ မ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ ႐ိုက္တာ သတင္းဌာနက ေဖာ္ျပခဲ့သည္။
သို႔ေသာ္ ေတာင္တ႐ုတ္ ပင္လယ္ေဒသ ကြၽန္းတု ေလယာဥ္ ေျပးလမ္းမ်ားကုိ တ႐ုတ္ႏိုင္ငံက တိုက္ ေလယာဥ္မ်ား ပ်ံသန္းေရး အတြက္ အသံုးျပဳမည္ ဆိုလွ်င္ ေဒသတြင္း တည္ၿငိမ္မႈ ပ်က္ျပားသြား ႏိုင္ေၾကာင္း အေမရိကန္ အမွတ္(၇) ေရတပ္ တပ္မွဴး ေရေၾကာင္း ဗိုလ္ခ်ဳပ္ႀကးီ ဂ်ဳိးဆက္ေအာ္ကြိဳင္း က ေျပာၾကား ခဲ့သည္။
ကြၽန္းတု ေလယာဥ္ ေျပးလမ္းမ်ားကုိ စစ္ေရး ရည္ရြယ္ခ်က္ အတြက္ တ႐ုတ္ႏိုင္ငံက မည္သည့္ အခ်ိန္တြင္ အသံုးျပဳမည္ ဟူေသာ အခ်က္ကို ေရေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ဂ်ဳိးဆက္ေအာ္ကြိဳင္း က ေျပာၾကား ခဲ့ျခင္း မရွိေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံ သည္ စပရက္သ္ေလ ကြၽန္းစုအတြင္း ပါဝင္သည့္ ဖီအာရီခေရာ့စ္ အမည္ရွိ သႏၲာကၽြန္း ေပၚတြင္ အရွည္မီတာ ၃ဝဝဝ ရွိ ေလယာဥ္ေျပး လမ္းတစ္ခုကို တည္ေဆာက္ ထားၿပီး ယခုႏွစ္ ဇန္နဝါရီလ အတြင္း ယင္းေလယာဥ္ ေျပးလမ္းမ်ား ေပၚ၌ အရပ္ဘက္ ခရီးသည္တင္ ေလယာဥ္မ်ား စမ္းသပ္ ဆင္းသက္ ပ်ံသန္းမႈကုိ လုပ္ေဆာင္ခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
PyiChitThar
http://www.pyichitthar.com
.............
စင်ကာပူ ၊ ၁၇-၂-၂၀၁၆
ပိုင်ဆိုင်ခွင့် အငြင်းပွား တောင်တရုတ် ပင်လယ်ဒေသ ကျွန်းတုများ ပေါ်ရှိ လေယာဉ် ပြေးလမ်းများကို တိုက်လေယာဉ်များ ပျံသန်းရေး တရုတ်နိုင်ငံ က အသုံးပြု လာမည် ဆိုပါက ဒေသတွင်း တည်ငြိမ်မှု ပျက်ပြား နိုင်ဖွယ်ရှိပြီး အမေရိကန် ၏ ဝေဟင် က်ငးလှည့် ပျံသန်းရေး အစီအစဉ်များ ကိုလည်း တားဆီး နိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန် ရေတပ် ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
တောင်တရုတ် ပင်လယ်ဒေသ စပရက်သ်လေ ကျွန်းစု ဒေသအတွင်း တည်ဆောက် ထားသော ကျွန်းတုများ ပေါ်ရှိ လေယာဉ် ပြေးလမ်းများကို စစ်ရေး လှုပ်ရှားမှုများ အတွက် လာမည့်လ အနည်းငယ် အတွင်း အသုံးပြုရန် တရုတ် အစိုးရက စီစဉ် ထားဖွယ်ရှိကြောင်း ဒေသတွင်း လုံခြုံရေး အကဲခတ် များ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော် တောင်တရုတ် ပင်လယ်ဒေသ ကျွန်းတု လေယာဉ် ပြေးလမ်းများကို တရုတ်နိုင်ငံက တိုက် လေယာဉ်များ ပျံသန်းရေး အတွက် အသုံးပြုမည် ဆိုလျှင် ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားသွား နိုင်ကြောင်း အမေရိကန် အမှတ်(၇) ရေတပ် တပ်မှူး ရေကြောင်း ဗိုလ်ချုပ်ကြီး ဂျိုးဆက်အော်ကွိုင်း က ပြောကြား ခဲ့သည်။
ကျွန်းတု လေယာဉ် ပြေးလမ်းများကို စစ်ရေး ရည်ရွယ်ချက် အတွက် တရုတ်နိုင်ငံက မည်သည့် အချိန်တွင် အသုံးပြုမည် ဟူသော အချက်ကို ရေကြောင်း ဗိုလ်ချုပ်ကြီး ဂျိုးဆက်အော်ကွိုင်း က ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ သည် စပရက်သ်လေ ကျွန်းစုအတွင်း ပါဝင်သည့် ဖီအာရီခရော့စ် အမည်ရှိ သန္တာကျွန်း ပေါ်တွင် အရှည်မီတာ ၃ဝဝဝ ရှိ လေယာဉ်ပြေး လမ်းတစ်ခုကို တည်ဆောက် ထားပြီး ယခုနှစ် ဇန်နဝါရီလ အတွင်း ယင်းလေယာဉ် ပြေးလမ်းများ ပေါ်၌ အရပ်ဘက် ခရီးသည်တင် လေယာဉ်များ စမ်းသပ် ဆင်းသက် ပျံသန်းမှုကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
0 comments:
Post a Comment