![]() |
ေတာင္တရုတ္ပင္လယ္ျပင္မွာ တရုတ္ဘက္က ေဆာက္လုပ္ေနတဲ့ ကြ်န္းတု တစ္ခု (Credit: ABC licensed) |
ထိုင္ဝမ္နဲ႔ ဗီယက္နမ္တို႔ကလည္း ပိုင္ဆိုင္တယ္လို႔ ေျပာဆိုေနတဲ့ Woody Island ကြ်န္းမွာ တရုတ္က ဒုံးက်ဥ္ေတြ ထားရွိတာလို႔ ဆိုပါတယ္။
တရုတ္ႏုိင္ငံက ဒုံးက်ဥ္ထားရွိတယ္ ဆိုတာကို Fox သတင္းက ဆက္တလိုက္ပုံေတြအရ အရင္ဆုံး ေျပာဆိုတာျဖစ္ၿပီး ထိုင္ဝမ္က အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။
ဆက္တလိုက္ပုံေတြအရ ဒုံးက်ဥ္လြတ္တင္ဖို႔ စက္ ၈ ခုေလာက္ ရွိတာကို ေတြ႔ခဲ့ရတယ္လို႔လည္း သိရပါတယ္။
အလားတူ အေမရိကန္ အစိုးရကလည္း ဒီအခ်က္ကို အတည္ျပဳလိုက္ပါတယ္။
အေမရိကန္ အစိုးရနဲ႔ အာဆီယံအသင္းကေတာ့ တရုတ္အေနနဲ႔ ေတာင္တရုတ္ပင္လယ္ျပင္မွာ နယ္ေျမတိုးခ်ဲ႕ေနတာေတြကို ရပ္တန္႔ဖို႔ ေတာင္းဆိုလိုက္ပါတယ္။
ေတာင္တရုတ္ပင္လယ္ျပင္မွာ အာဆီယံ အသင္းဝင္ ႏိုင္ငံတခ်ဳိ႕နဲ႔ တရုတ္ႏိုင္ငံအၾကား နယ္ေျမ ပိုင္ဆိုင္မႈ အျငင္းပြားေနတာ ျဖစ္ပါတယ္။
အဲဒီလို ပိုင္ဆိုင္မႈ အျငင္းပြားေနတုန္းမွာပဲ တရုတ္ႏိုင္ငံက ကြ်န္းအတု တည္ေဆာက္မႈေတြ လုပ္ေနတာ ျဖစ္ပါတယ္။
တရုတ္အေနနဲ႔ နယ္ေျမခ်ဲ႕ထြင္တာမ်ဳိးေတြ မလုပ္ေတာ့ဖို႔ အေမရိကန္နဲ႔ အာဆီယံတို႔က အသံတစ္သံတည္းနဲ႔ တိုက္တြန္းႏိုင္ေအာင္ အေမရိကန္က လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။
တရုတ္အစိုးရဟာ ကြ်န္းအတုကို တည္ေဆာက္ၿပီးရင္ စစ္အတြက္ သုံးလိမ့္မယ္လို႔ အေမရိကန္က ေျပာဆိုေပမယ့္ တရုတ္ကေတာ့ စစ္အတြက္ အသုံးျပဳမွာ မဟုတ္ဘူးလို႔ ေျပာဆိုေနပါတယ္။
ဒီကေန႔မွာေတာ့ ၾသစေၾတးလ် ႏိုင္ငံျခားေရး ဝန္ႀကီး ဂ်ဴလီဘိေရွာ့ပ္ဟာ တရုတ္ႏိုင္ငံျခားေရး ဝန္ႀကီးနဲ႔ ေတြ႔ဆုံဖို႔ရွိၿပီး အခု တည္ေဆာက္ေနတဲ့ ကြ်န္းအတုကို ဘာအတြက္ သုံးမလဲ ဆိုတဲ့ ကိစၥကို ၾသစေၾတးလ်ဘက္က ေမးမယ့္ အေနအထား ရွိေနပါတယ္။
တရုတ္ႏိုင္ငံရဲ့ လုပ္ရပ္ေတြဟာ ေဒသတြင္းသာမက ကမာၻမွာ တည္ၿငိမ္ ေအးခ်မ္းမႈေတြ ရွိေစမယ့္ လုပ္ရပ္ေတြ ျဖစ္သင့္တယ္လို႔ ၾသစေၾတးလ် အစိုးရက ေျပာဆိုေနပါတယ္။
ဒီကေန႔ အေမရိကန္ -အာဆီယံ အစည္းအေဝးမွာေတာ့ အာဆီယံအသင္းရဲ့ စီးပြားေရး တိုးတက္ေအာင္ အေမရိကန္က ကူညီလုပ္ေဆာင္မယ့္အေၾကာင္း သမၼတ ဘာရက္ အိုဘားမားက ေၾကညာဖို႔ ရွိပါတယ္။
အေမရိကန္က ဂ်ာကာတာ၊ ဘန္ေကာက္နဲ႔ စကၤာပူမွာ ရုံးသုံးခု ဖြင့္လွစ္ၿပီး အာဆီယံႏိုင္ငံေတြနဲ႔ စီးပြားေရး ရင္းႏွီးမႈ ရွိေအာင္ ပိုလုပ္ကိုင္မယ္လို႔ ဆိုပါတယ္။
အခုေလာေလာဆယ္ အာဆီယံ အသင္းဟာ အေမရိကန္ရဲ့ စတုတၳေျမာက္ ကုန္သြယ္မႈ အမ်ားဆုံး အသင္း ျဖစ္ၿပီး ၂၀၁၄ ခုႏွစ္တုန္းက အျပန္အလွန္ ကုန္သြယ္ေရး တန္ဖိုးက ေဒၚလာ ၂၅၄ ဘီလီယံ ရွိခဲ့တယ္လို႔ သိရပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
.........
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ဘက်က ဆောက်လုပ်နေတဲ့ ကျွန်းတု တစ်ခု (Credit: ABC licensed)
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံက ဒုံးကျဉ်တွေ ထားရှိတယ်လို့ ထိုင်ဝမ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။
ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်တယ်လို့ ပြောဆိုနေတဲ့ Woody Island ကျွန်းမှာ တရုတ်က ဒုံးကျဉ်တွေ ထားရှိတာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံက ဒုံးကျဉ်ထားရှိတယ် ဆိုတာကို Fox သတင်းက ဆက်တလိုက်ပုံတွေအရ အရင်ဆုံး ပြောဆိုတာဖြစ်ပြီး ထိုင်ဝမ်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဆက်တလိုက်ပုံတွေအရ ဒုံးကျဉ်လွတ်တင်ဖို့ စက် ၈ ခုလောက် ရှိတာကို တွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။
အလားတူ အမေရိကန် အစိုးရကလည်း ဒီအချက်ကို အတည်ပြုလိုက်ပါတယ်။
အမေရိကန် အစိုးရနဲ့ အာဆီယံအသင်းကတော့ တရုတ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ နယ်မြေတိုးချဲ့နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ အာဆီယံ အသင်းဝင် နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံအကြား နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။
အဲဒီလို ပိုင်ဆိုင်မှု အငြင်းပွားနေတုန်းမှာပဲ တရုတ်နိုင်ငံက ကျွန်းအတု တည်ဆောက်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။
တရုတ်အနေနဲ့ နယ်မြေချဲ့ထွင်တာမျိုးတွေ မလုပ်တော့ဖို့ အမေရိကန်နဲ့ အာဆီယံတို့က အသံတစ်သံတည်းနဲ့ တိုက်တွန်းနိုင်အောင် အမေရိကန်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ ကျွန်းအတုကို တည်ဆောက်ပြီးရင် စစ်အတွက် သုံးလိမ့်မယ်လို့ အမေရိကန်က ပြောဆိုပေမယ့် တရုတ်ကတော့ စစ်အတွက် အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောဆိုနေပါတယ်။
ဒီကနေ့မှာတော့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ်ဟာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိပြီး အခု တည်ဆောက်နေတဲ့ ကျွန်းအတုကို ဘာအတွက် သုံးမလဲ ဆိုတဲ့ ကိစ္စကို သြစတြေးလျဘက်က မေးမယ့် အနေအထား ရှိနေပါတယ်။
တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်းသာမက ကမ္ဘာမှာ တည်ငြိမ် အေးချမ်းမှုတွေ ရှိစေမယ့် လုပ်ရပ်တွေ ဖြစ်သင့်တယ်လို့ သြစတြေးလျ အစိုးရက ပြောဆိုနေပါတယ်။
ဒီကနေ့ အမေရိကန် -အာဆီယံ အစည်းအဝေးမှာတော့ အာဆီယံအသင်းရဲ့ စီးပွားရေး တိုးတက်အောင် အမေရိကန်က ကူညီလုပ်ဆောင်မယ့်အကြောင်း သမ္မတ ဘာရက် အိုဘားမားက ကြေညာဖို့ ရှိပါတယ်။
အမေရိကန်က ဂျာကာတာ၊ ဘန်ကောက်နဲ့ စင်္ကာပူမှာ ရုံးသုံးခု ဖွင့်လှစ်ပြီး အာဆီယံနိုင်ငံတွေနဲ့ စီးပွားရေး ရင်းနှီးမှု ရှိအောင် ပိုလုပ်ကိုင်မယ်လို့ ဆိုပါတယ်။
အခုလောလောဆယ် အာဆီယံ အသင်းဟာ အမေရိကန်ရဲ့ စတုတ္ထမြောက် ကုန်သွယ်မှု အများဆုံး အသင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်တုန်းက အပြန်အလှန် ကုန်သွယ်ရေး တန်ဖိုးက ဒေါ်လာ ၂၅၄ ဘီလီယံ ရှိခဲ့တယ်လို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment