ဆီးရီးယား အစိုးရကို ဆန္႔က်င္ေနတဲ့ လက္နက္ကိုင္ အဖြဲ႔တစ္ခု (Credit: ABC) |
ဆီးရီးယားႏိုင္ငံ ျပည္တြင္းစစ္မွာ ပါဝင္တဲ့ လက္နက္ကိုင္ အဖြဲ႔ေတြအားလုံး ေဖေဖာ္ဝါရီလ ၂၇ ရက္ ဒီစေန႔ကစၿပီး အပစ္အခတ္ ရပ္စဲဖို႔ ေျပာဆိုတိုက္တြန္းထားတာ ျဖစ္ေပမယ့္ အဲဒီအထဲမွာ IS နဲ႔ Al Qaeda အဖြဲ႔ခြဲျဖစ္တဲ့ Al Nusra Front တို႔ မပါဝင္ပဲ အဲဒီ ႏွစ္ဖြဲ႔ကို ဆက္လက္ တိုက္ခိုက္ၾကမွာ ျဖစ္ပါတယ္။
လက္နက္ကိုင္ အဖြဲ႔အခ်င္းခ်င္းၾကား အပစ္အခတ္ ရပ္စဲၾကမယ္ဆိုရင္ ဆီးရီးယား ႏိုင္ငံမွာ ေသဆုံးမႈေတြ ေလ်ာ့နည္းသြားမွာ ျဖစ္ၿပီး အကူအညီ လိုအပ္ေနတဲ့ ေဒသေတြကို ကူညီကယ္ဆယ္ေရး သမားေတြကလည္း အကူအညီ ေပးႏိုင္မွာ ျဖစ္ပါတယ္။
ဒါ့အျပင္ ဆီးရီးယား အစိုးရကသာ ဆီးရီးယား ျပည္သူရဲ့ ဆႏၵကို နားေထာင္မယ္ဆိုရင္ ဆီးရီးယား ႏိုင္ငံရဲ့ ႏိုင္ငံေရးမွာလည္း ျပဳျပင္ေျပာင္းလဲမႈေတြ ျဖစ္ေစလိမ့္မယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ဂြ်န္ကယ္ရီက ေျပာပါတယ္။
အပစ္အခတ္ ရပ္စဲမယ့္ ကိစၥကို အရင္ကတည္းက အေမရိကန္နဲ႔ ရုရွားအၾကား သေဘာတူခဲ့ေပမယ့္ အေကာင္အထည္ မေဖာ္ႏိုင္ခဲ့ပါဘူး။
ဒီတခ်ီမွာ အေကာင္အထည္ ေဖာ္ႏိုင္မလား ဆိုတာ မေသျခာေပမယ့္ စေနေန႔မွာ အပစ္အခတ္ ရပ္စဲဖို႔ သေဘာတူၾကတာ ျဖစ္ပါတယ္။
အေမရိကန္က IS နဲ႔ Al Nusra Front လို အဖြဲ႔ကလြဲရင္ က်န္တဲ့ ဆီးရီးယား သူပုန္ေတြကို ေထာက္ခံေနတာ ျဖစ္ပါတယ္။
ရုရွားကေတာ့ မဟာမိတ္ျဖစ္တဲ့ ဆီးရီးယား အစိုးရနဲ႔ အစိုးရတပ္ကို ေထာက္ခံတဲ့ လက္နက္ကိုင္ အဖြဲ႔ကို ေထာက္ခံေနတာ ျဖစ္ပါတယ္။
အပစ္အခတ္ ရပ္စဲေရး ျဖစ္ေပၚလာဖို႔ အတတ္ႏိုင္ဆုံး ဆီးရီးယား အစိုးရကို နားခ်မယ္လို႔ ရုရွား သမၼတ ဘလာဒီမီယာ ပူတင္က ေျပာသြားခဲ့သလို အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံကလည္း သူပုန္ေတြကို နားခ်ဖို႔ ေျပာသြားခဲ့ပါတယ္။
ဒါေပမဲ့ တခ်ဳိ႕လူေတြကေတာ့ ရုရွားနဲ႔ ဆီးရီးယား အစိုးရ တပ္ေတြဘက္က တိုက္ခိုက္မႈ လုပ္လာဦးမွာပဲလို႔ ယူဆေနၾကဆဲ ျဖစ္ပါတယ္။
Al Nusra Front အဖြဲ႔ကို တိုက္ခိုက္တာလို႔ အေၾကာင္းျပၿပီး သူတို႔ကိုပါ တိုက္ခိုက္လာလိမ့္မယ္လို႔ သူပုန္အဖြဲ႔ေတြ စုေပါင္းထားတဲ့ Free Syrian Army အဖြဲ႔က ေျပာလိုက္ပါတယ္။
အပစ္အခတ္ ရပ္စဲေရး အေၾကာင္းေတြ ေျပာဆိုလာၿပီးတဲ့ေနာက္ ဆီးရီးယား သမၼတ Bashar al-Assad က ပါလီမန္ ေရြးေကာက္ပြဲကို ဧၿပီလ ၁၃ ရက္ေန႔မွာ က်င္းပမယ္လို႔ ေၾကညာလိုက္ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
.............
ဆီးရီးယား အစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အဖွဲ့တစ်ခု (Credit: ABC)
ဆီးရီးယားနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး အပစ်အခတ် ရပ်စဲကြမယ်လို့ အမေရိကန်နဲ့ ရုရှား အစိုးရတို့က ကြေညာခဲ့ပေမယ့် အဲဒီအထဲမှာ IS အစ္စလာမ်မစ် မပါဘူးလို့ ဆိုပါတယ်။
ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်မှာ ပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့တွေအားလုံး ဖေဖော်ဝါရီလ ၂၇ ရက် ဒီစနေ့ကစပြီး အပစ်အခတ် ရပ်စဲဖို့ ပြောဆိုတိုက်တွန်းထားတာ ဖြစ်ပေမယ့် အဲဒီအထဲမှာ IS နဲ့ Al Qaeda အဖွဲ့ခွဲဖြစ်တဲ့ Al Nusra Front တို့ မပါဝင်ပဲ အဲဒီ နှစ်ဖွဲ့ကို ဆက်လက် တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား အပစ်အခတ် ရပ်စဲကြမယ်ဆိုရင် ဆီးရီးယား နိုင်ငံမှာ သေဆုံးမှုတွေ လျော့နည်းသွားမှာ ဖြစ်ပြီး အကူအညီ လိုအပ်နေတဲ့ ဒေသတွေကို ကူညီကယ်ဆယ်ရေး သမားတွေကလည်း အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆီးရီးယား အစိုးရကသာ ဆီးရီးယား ပြည်သူရဲ့ ဆန္ဒကို နားထောင်မယ်ဆိုရင် ဆီးရီးယား နိုင်ငံရဲ့ နိုင်ငံရေးမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်စေလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
အပစ်အခတ် ရပ်စဲမယ့် ကိစ္စကို အရင်ကတည်းက အမေရိကန်နဲ့ ရုရှားအကြား သဘောတူခဲ့ပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။
ဒီတချီမှာ အကောင်အထည် ဖော်နိုင်မလား ဆိုတာ မသေခြာပေမယ့် စနေနေ့မှာ အပစ်အခတ် ရပ်စဲဖို့ သဘောတူကြတာ ဖြစ်ပါတယ်။
အမေရိကန်က IS နဲ့ Al Nusra Front လို အဖွဲ့ကလွဲရင် ကျန်တဲ့ ဆီးရီးယား သူပုန်တွေကို ထောက်ခံနေတာ ဖြစ်ပါတယ်။
ရုရှားကတော့ မဟာမိတ်ဖြစ်တဲ့ ဆီးရီးယား အစိုးရနဲ့ အစိုးရတပ်ကို ထောက်ခံတဲ့ လက်နက်ကိုင် အဖွဲ့ကို ထောက်ခံနေတာ ဖြစ်ပါတယ်။
အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာဖို့ အတတ်နိုင်ဆုံး ဆီးရီးယား အစိုးရကို နားချမယ်လို့ ရုရှား သမ္မတ ဘလာဒီမီယာ ပူတင်က ပြောသွားခဲ့သလို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံကလည်း သူပုန်တွေကို နားချဖို့ ပြောသွားခဲ့ပါတယ်။
ဒါပေမဲ့ တချို့လူတွေကတော့ ရုရှားနဲ့ ဆီးရီးယား အစိုးရ တပ်တွေဘက်က တိုက်ခိုက်မှု လုပ်လာဦးမှာပဲလို့ ယူဆနေကြဆဲ ဖြစ်ပါတယ်။
Al Nusra Front အဖွဲ့ကို တိုက်ခိုက်တာလို့ အကြောင်းပြပြီး သူတို့ကိုပါ တိုက်ခိုက်လာလိမ့်မယ်လို့ သူပုန်အဖွဲ့တွေ စုပေါင်းထားတဲ့ Free Syrian Army အဖွဲ့က ပြောလိုက်ပါတယ်။
အပစ်အခတ် ရပ်စဲရေး အကြောင်းတွေ ပြောဆိုလာပြီးတဲ့နောက် ဆီးရီးယား သမ္မတ Bashar al-Assad က ပါလီမန် ရွေးကောက်ပွဲကို ဧပြီလ ၁၃ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment