Winston မုန္တိုင္းေၾကာင့္ ျဖစ္ေပၚတဲ့ အပ်က္အစီး တခ်ဳိ႕ကို ေတြ႔ရစဥ္ (Credit: ABC licensed) |
တစ္နာရီကို ေလတိုက္ႏွဳန္း ျပင္းအား ၃၃၀ ကီလိုမီတာ အထိ ရွိခဲ့တဲ့ မုန္တိုင္းေၾကာင့္ ဖီဂ်ီႏိုင္ငံ တခ်ဳိ႕ေဒသမွာ အိမ္ေတြ လုံးဝ ပ်က္စီးသြားတာေတြ၊ အပင္ေတြ အျမစ္လွန္တဲ့အျပင္ ေရႀကီးမႈေတြ ျဖစ္ေနတာကို ေလယာဥ္နဲ႔ ရိုက္ထားတဲ့ ဗီဒီယိုေတြမွာ ေတြ႔ခဲ့ရပါတယ္။
အခုေလာေလာဆယ္ မုန္တိုင္းေၾကာင့္ လူ ၂၉ ေယာက္ ေသဆုံးၿပီလို႔ ဖီဂ်ီအစိုးရက ေျပာဆိုေနၿပီး တျခားကြ်န္းငယ္ေတြနဲ႔ အဆက္အသြယ္ ရတဲ့အခါမွာေတာ့ ေသဆုံးတဲ့ စာရင္း တိုးလာႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။
Viti Levu ဆိုတဲ့ ကြ်န္းႀကီးေပၚမွာ အုတ္နဲ႔ တည္ေဆာက္ထားတဲ့ အိမ္တစ္အိမ္ပဲ အေကာင္းပကတိ က်န္ရွိတာ ျဖစ္ပါတယ္။
စေနေန႔တုန္းက ဝင္လာတဲ့ မုန္တိုင္းေၾကာင့္ အိမ္ေတြ ပ်က္စီး ကုန္တဲ့အတြက္ လူအမ်ားအျပားဟာ စာသင္ေက်ာင္းေတြ၊ ေဆြမ်ဳိးအိမ္ေတြမွာ ေနထိုင္ၿပီး ကူညီကယ္ဆယ္ေရးကို ေစာင့္ဆိုင္းေနၾကပါတယ္။
အပ်က္အစီးၾကားမွာ ေတြ႕ရွိတဲ့ သူတို႔ရဲ့ ပိုင္ဆိုင္မႈေတြကို ဆယ္ယူၿပီး ေနလွန္းတာေတြ ျပဳလုပ္ေနၾကရပါတယ္။
ဒုကၡေရာက္ေနၾကေပမယ့္ ကေလးငယ္ေတြက ကစားမပ်က္ၾကသလို လူႀကီးေတြကလည္း အသက္မေသတာကိုပဲ ေက်းဇူးတင္လွၿပီလို႔ အေကာင္းျမင္တဲ့ သေဘာနဲ႔ ေျပာဆိုေနၾကပါတယ္။
ဘယ္နားမွာ အပ်က္အစီးမ်ားသလဲ ဆိုတာကို သိရေအာင္ ဖီဂ်ီ စစ္ရဟတ္ယာဥ္ေတြအျပင္ ၾသစေၾတးလ်နဲ႔ နယူးဇီလန္ကလည္း ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြ ေစလႊတ္ၿပီး ေလ့လာမႈ လုပ္ေပးခဲ့ၾကပါတယ္။
အကူအညီရရွိဖို႔ ခက္ခဲတဲ့ ေဒသကို အကူအညီေတြ ေပးဖို႔ ၾသစေၾတးလ် ရဟတ္ယာဥ္ ၄ စီးကလည္း ဒီမနက္မွာပဲ ဖီဂ်ီႏိုင္ငံကို ေရာက္ရွိေနၿပီး တန္ခ်ိန္မ်ားစြာ ပါတဲ့ အကူအညီေတြကို ေပးမယ္လို႔ သိရပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
..........
Winston မုန်တိုင်းကြောင့် ဖြစ်ပေါ်တဲ့ အပျက်အစီး တချို့ကို တွေ့ရစဉ် (Credit: ABC licensed)
Winston မုန်တိုင်းဒဏ်ကို အလူးအလဲ ခံခဲ့ရတဲ့ ဖီဂျီနိုင်ငံသားတွေဟာ ဘဝသစ်ကို ပြန်လည် စတင်နေကြပေမယ့် စိတ်ပျက်နေမယ့်အစား အသက်ရှင် ကျန်ရစ်တာကိုပဲ ကျေးဇူးတင်လှပြီလို့ ပြောဆိုနေကြပါတယ်။
တစ်နာရီကို လေတိုက်နှုန်း ပြင်းအား ၃၃၀ ကီလိုမီတာ အထိ ရှိခဲ့တဲ့ မုန်တိုင်းကြောင့် ဖီဂျီနိုင်ငံ တချို့ဒေသမှာ အိမ်တွေ လုံးဝ ပျက်စီးသွားတာတွေ၊ အပင်တွေ အမြစ်လှန်တဲ့အပြင် ရေကြီးမှုတွေ ဖြစ်နေတာကို လေယာဉ်နဲ့ ရိုက်ထားတဲ့ ဗီဒီယိုတွေမှာ တွေ့ခဲ့ရပါတယ်။
အခုလောလောဆယ် မုန်တိုင်းကြောင့် လူ ၂၉ ယောက် သေဆုံးပြီလို့ ဖီဂျီအစိုးရက ပြောဆိုနေပြီး တခြားကျွန်းငယ်တွေနဲ့ အဆက်အသွယ် ရတဲ့အခါမှာတော့ သေဆုံးတဲ့ စာရင်း တိုးလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Viti Levu ဆိုတဲ့ ကျွန်းကြီးပေါ်မှာ အုတ်နဲ့ တည်ဆောက်ထားတဲ့ အိမ်တစ်အိမ်ပဲ အကောင်းပကတိ ကျန်ရှိတာ ဖြစ်ပါတယ်။
စနေနေ့တုန်းက ဝင်လာတဲ့ မုန်တိုင်းကြောင့် အိမ်တွေ ပျက်စီး ကုန်တဲ့အတွက် လူအများအပြားဟာ စာသင်ကျောင်းတွေ၊ ဆွေမျိုးအိမ်တွေမှာ နေထိုင်ပြီး ကူညီကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြပါတယ်။
အပျက်အစီးကြားမှာ တွေ့ရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဆယ်ယူပြီး နေလှန်းတာတွေ ပြုလုပ်နေကြရပါတယ်။
ဒုက္ခရောက်နေကြပေမယ့် ကလေးငယ်တွေက ကစားမပျက်ကြသလို လူကြီးတွေကလည်း အသက်မသေတာကိုပဲ ကျေးဇူးတင်လှပြီလို့ အကောင်းမြင်တဲ့ သဘောနဲ့ ပြောဆိုနေကြပါတယ်။
ဘယ်နားမှာ အပျက်အစီးများသလဲ ဆိုတာကို သိရအောင် ဖီဂျီ စစ်ရဟတ်ယာဉ်တွေအပြင် သြစတြေးလျနဲ့ နယူးဇီလန်ကလည်း လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စေလွှတ်ပြီး လေ့လာမှု လုပ်ပေးခဲ့ကြပါတယ်။
အကူအညီရရှိဖို့ ခက်ခဲတဲ့ ဒေသကို အကူအညီတွေ ပေးဖို့ သြစတြေးလျ ရဟတ်ယာဉ် ၄ စီးကလည်း ဒီမနက်မှာပဲ ဖီဂျီနိုင်ငံကို ရောက်ရှိနေပြီး တန်ချိန်များစွာ ပါတဲ့ အကူအညီတွေကို ပေးမယ်လို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment