၂၂ -၂-၂၀၁၆
စမ်ဖာဝစ်ဆို သူက အသက် (၄၄) နှစ်ရှိ ထိုင်းအမျိုးသမီး မစ်အေနမ်စုံမွတ် နဲ့ ဟိုတယ်မှာ အခန်းငှါးပြီး အတူအိပ် ရာက လိင်ဆက်ဆံနေကြ စဉ် အဖိုးအို ရုတ်တရက် အမောဖေါက်ပြီး ကုတင်အောက်ကို လဲ ကျသွား ကာ ကွယ်လွန် အနိစ္စရောက်သွားခဲ့ရပါတယ်။
...............................
အမျိုးသမီးနဲ ့ အတူအိပ်နေစဉ် ထိုင်းအဖိုးအို တဦး အမောဖေါက်
သေဆုံး
၂၂ -၂-၂၀၁၆
၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက် နေ ့ည ၈နာရီမှာ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့အနီးဆုံး မြို ့နယ် ဖြစ်တဲ့ နွန်ထဘုရီခရိုင် ပတ်ကေ့တ်မြို့ ခလောင်ကလိုရပ်ကွက်မှာရှိတဲ့ ဟိုတယ်တခုအတွင်း အခန်းနံပါတ်
(၈၁၂) ထဲမှာ အသက် (၆၉)နှစ်အရွယ် ထိုင်းအဖိုးအို တစ်ဦး အမောဖေါက် လာခဲ့ပြီး နှလုံးခုံရပ်ကာ သေဆုံးနေတယ်လို့ ပတ်ကေတ်ရဲစခန်းမှ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
စစ်ဆေးတွေ့ရှိချက်အရ အသက် ၆၉နှစ် မစ်စတာ
စမ်ဖာဝစ်ဆို သူက အသက် (၄၄) နှစ်ရှိ ထိုင်းအမျိုးသမီး မစ်အေနမ်စုံမွတ် နဲ့ ဟိုတယ်မှာ အခန်းငှါးပြီး အတူအိပ် ရာက လိင်ဆက်ဆံနေကြ စဉ် အဖိုးအို ရုတ်တရက် အမောဖေါက်ပြီး ကုတင်အောက်ကို လဲ ကျသွွား ကာ ကွယ်လွန် အနိစ္စရောက်သွားခဲ့ရပါတယ်။
တာဝန်ရှိသူ ရဲ စစ်ဆေးရေးအဖွဲ့တွေ လာရောက်ရာမှာ မစ်အေနမ်စုံမွတ် က သူမသတ်တယ်လို့ အထင်လွဲမှား စွပ်စွဲမှာစိုးရိမ်လွန်ပြီး ကြောက်စိတ်နဲ့အခန်းရှေ့မှာ တုန်တုန်ရီရီ ဖြစ်နေခဲ့ ပါတယ်။
စစ်ဆေးတွေ ့ရှိချက်တွေအရ သေဆုံးသူမှာ ကာမစိတ်ကြွဆေး သုံးစွဲထား ပုံရပြီး ဆေးရှိန်တက်နေစဉ်မှာ အလွန်မောပန်းလာခဲ့ပြီး နှလုံးခုံမြန် အသက် ရူ မွန်းကြပ်လာကာ သေဆုံးရတာလို ့ ဆိုပါတယ် ၊
ထိုင်းနိုင်ငံမှာ ယခုလို ကာမစိတ်ကြွဆေးသုံးစွဲပြီး လိင်ဆက်ဆံ သူတွေဟာ အမျိုးသမီးအဖေါ်နဲ ့ အကြိမ်ကြိမ် လိင်ဆက် ဆံနေရင်း သေဆုံးခဲ့တဲ့ဖြစ် ရပ်မျိုးတွေ ရှိခဲ့ဘူးပါတယ်။
Social Action for Women - SAW
0 comments:
Post a Comment