USAF ေလယာဥ္ကို ဆီျဖည့္ေပးၿပီးေနာက္ ထြက္ခြာဖို႔ လုပ္ေနတဲ့ ကေနဒါပိုင္ ဆီျဖည့္ေလယာဥ္ (Credit: Reuters) |
ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ မတိုင္ခင္မွာ ေဝဟင္တိုက္ခိုက္မႈေတြကို ရပ္တန္႔မယ္လို႔ ေျပာဆိုထားေပမယ့္ လုံၿခဳံေရး ေစာင့္ၾကည့္ေပးတဲ့ ေလယာဥ္ ႏွစ္စင္းနဲ႔ ဆီျဖည့္ေပးတဲ့ ေလယာဥ္ေတြကိုေတာ့ ဆက္လက္ထားရွိမွာ ျဖစ္ပါတယ္။
ေဝဟင္တိုက္ခိုက္မႈကို ရပ္တန္႔မွာ ျဖစ္ေပမယ့္ Kurdish သူပုန္ေတြကို စစ္သင္တန္းေပးတာေတြကို တိုးခ်ဲ႔ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။
အခုေလာေလာဆယ္ Kurdish တပ္ေတြကို စစ္သင္တန္းေပးေနတဲ့ ကေနဒါ စစ္သား အေယာက္ ၇၀ ကေန အေယာက္ ၂၀၀ ေလာက္ တိုးခ်ဲ႔သြားမွာ ျဖစ္ပါတယ္။
Justin Trudeau က ေရြးေကာက္ပြဲမွာ အႏိုင္ရရင္ IS ကို ေဝဟင္ကေန တိုက္ခိုက္ေနတဲ့ စစ္ေလယာဥ္ေတြကို ျပန္လည္ေခၚယူမယ္လို႔ ကတိေပးခဲ့ၿပီး ဝန္ႀကီးခ်ဳပ္ ျဖစ္လာၿပီးတဲ့ေနာက္ အေကာင္အထည္ ေဖာ္တာ ျဖစ္ပါတယ္။
ကေနဒါ အစိုးရရဲ့ ဆုံးျဖတ္ခ်က္ကို IS အေပၚ ေဝဟင္တိုက္ခိုက္မႈ လုပ္ေနတဲ့ တျခား မဟာမိတ္ႏိုင္ငံေတြက သေဘာမေတြ႔ဘူးလို႔ သိရပါတယ္။
အာဖဂန္နစၥတန္ စစ္အတြင္းမွာ ေလ့လာခဲ့ရတာကေတာ့ အၾကမ္းဖက္ သမားေတြကို တိုက္ရိုက္တိုက္ခိုက္တာထက္ ေဒသတြင္းက စစ္တပ္ေတြကို စစ္သင္တန္းေပးၿပီး ျပန္တိုက္ခိုက္ခိုင္းတာက ပိုၿပီး ထိေရာက္လို႔ ျဖစ္တယ္လို႔ ကေနဒါ အစိုးရက အေၾကာင္းျပထားပါတယ္။
အာဖဂန္ နစၥတန္ စစ္မွာ ကေနဒါက ၁၀ ႏွစ္ၾကာ ပါဝင္ၿပီး စစ္သား ၁၅၈ ေယာက္ေသဆုံးၿပီးတဲ့ေနာက္ တိုက္ခိုက္ေရးမွာ ကေနဒါက မပါဝင္လိုေတာ့တာ ျဖစ္ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
.......................
USAF လေယာဉ်ကို ဆီဖြည့်ပေးပြီးနောက် ထွက်ခွာဖို့ လုပ်နေတဲ့ ကနေဒါပိုင် ဆီဖြည့်လေယာဉ် (Credit: Reuters)
ဆီးရီးယားနဲ့ အီရတ်နိုင်ငံက IS အစ္စလာမ်မစ် အဖွဲ့ကို ဝေဟင်ကနေ တိုက်ခိုက်နေတဲ့ တိုက်လေယာဉ် ၆ စင်းကို ပြန်လည်ခေါ်ယူတော့မယ်လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ကြေညာလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မတိုင်ခင်မှာ ဝေဟင်တိုက်ခိုက်မှုတွေကို ရပ်တန့်မယ်လို့ ပြောဆိုထားပေမယ့် လုံခြုံရေး စောင့်ကြည့်ပေးတဲ့ လေယာဉ် နှစ်စင်းနဲ့ ဆီဖြည့်ပေးတဲ့ လေယာဉ်တွေကိုတော့ ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။
ဝေဟင်တိုက်ခိုက်မှုကို ရပ်တန့်မှာ ဖြစ်ပေမယ့် Kurdish သူပုန်တွေကို စစ်သင်တန်းပေးတာတွေကို တိုးချဲ့ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အခုလောလောဆယ် Kurdish တပ်တွေကို စစ်သင်တန်းပေးနေတဲ့ ကနေဒါ စစ်သား အယောက် ၇၀ ကနေ အယောက် ၂၀၀ လောက် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။
Justin Trudeau က ရွေးကောက်ပွဲမှာ အနိုင်ရရင် IS ကို ဝေဟင်ကနေ တိုက်ခိုက်နေတဲ့ စစ်လေယာဉ်တွေကို ပြန်လည်ခေါ်ယူမယ်လို့ ကတိပေးခဲ့ပြီး ဝန်ကြီးချုပ် ဖြစ်လာပြီးတဲ့နောက် အကောင်အထည် ဖော်တာ ဖြစ်ပါတယ်။
ကနေဒါ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို IS အပေါ် ဝေဟင်တိုက်ခိုက်မှု လုပ်နေတဲ့ တခြား မဟာမိတ်နိုင်ငံတွေက သဘောမတွေ့ဘူးလို့ သိရပါတယ်။
အာဖဂန်နစ္စတန် စစ်အတွင်းမှာ လေ့လာခဲ့ရတာကတော့ အကြမ်းဖက် သမားတွေကို တိုက်ရိုက်တိုက်ခိုက်တာထက် ဒေသတွင်းက စစ်တပ်တွေကို စစ်သင်တန်းပေးပြီး ပြန်တိုက်ခိုက်ခိုင်းတာက ပိုပြီး ထိရောက်လို့ ဖြစ်တယ်လို့ ကနေဒါ အစိုးရက အကြောင်းပြထားပါတယ်။
အာဖဂန် နစ္စတန် စစ်မှာ ကနေဒါက ၁၀ နှစ်ကြာ ပါဝင်ပြီး စစ်သား ၁၅၈ ယောက်သေဆုံးပြီးတဲ့နောက် တိုက်ခိုက်ရေးမှာ ကနေဒါက မပါဝင်လိုတော့တာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment