ႏွစ္သစ္ကူးေန႔တုန္းက ေဟာင္ေကာင္မွာ အဓိကရုန္းျဖစ္

တရုတ္ျပည္မရဲ့ လႊမ္းမိုးမႈကို ဆန္႔က်င့္တဲ့ ေဟာင္ေကာင္ျပည္သူတခ်ဳိ႕ (Credit: AFP) 
ေဟာင္ေကာင္ၿမိဳ႕က ​Mong ​Kok ​လမ္းမေပၚမွာ ​အစားအေသာက္ေတြကို ​တရားမဝင္ ​ေရာင္းေနတဲ့ ​ေနတဲ့ ​လူကို ​ဖယ္ရွားရင္း ​ရဲေတြနဲ႔ ​ဆႏၵျပသူေတြအၾကား ​ပဋိပကၡ ​ျဖစ္ပြားခဲ့ပါတယ္။

တရုတ္ႏွစ္သစ္ကူး ​စတင္တဲ့ ​ေဖေဖာ္ဝါရီလ ​၈ ​ရက္ေန႔မွာ ​ပဋိပကၡျဖစ္ပြားခဲ့တာ ​ျဖစ္ၿပီး ​အဂၤါေန႔ ​ဒီကေန႔ ​မနက္အထိ ​လူေပါင္း ​၁၀၀ ​ေလာက္က ​ဆက္လက္ ​အာခံမႈ ​ျပဳလုပ္ေနဆဲ ​ျဖစ္ပါတယ္။

လမ္းေဘးမွာ ​အစားအေသာက္ ​ေရာင္းခ်ေနတဲ့ ​လူေတြကို ​ႏွိမ္နင္းေနတုန္း ​ရဲေတြကို ​ဆန္႔က်င္တဲ့ ​လူေတြက ​ပုလင္းေတြ၊ ​အုတ္ခဲေတြ၊ ​အမွဳိက္ပုံးေတြနဲ႔ ​ရဲကို ​ပစ္ေပါက္ခဲ့တာ ​ျဖစ္ပါတယ္။

ရဲေတြကလည္း ​မ်က္စိကို ​စပ္ေစတဲ့ ​အေရေတြနဲ႔ ​ျပန္လည္တိုက္ခိုက္ခဲ့ရသလို ​နံပတ္တုတ္ေတြနဲ႔ ​လူစုခြဲခဲ့ရပါတယ္။

အမွဳိက္ပုံးေတြကို ​မီးရွဳိ႕ၿပီး ​ရဲကို ​တိုက္ခိုက္တဲ့ ​လူေတြကို ​သတိေပးတဲ့အေနနဲ႔ ​မိုးေပၚကို ​ေသနတ္ ​၂ ​ခ်က္ ​ပစ္ေဖာက္ခဲ့တယ္လို႔လည္း ​ေဟာင္ေကာင္ရဲက ​ေျပာပါတယ္။

အဲဒီ ​အနီးနားက ​ေျမေအာက္ ​ရထား ​ဘူတာကိုလည္း ​လုံၿခဳံေရးအရ ​ပိတ္ခ်လိုက္ပါတယ္။

ပဋိပကၡအတြင္း ​အသက္ ​၂၇ ​ႏွစ္ကေန ​၃၅ ​ႏွစ္အၾကား ​လူ ​၃ ​ဦးကို ​ဖမ္းဆီးထားတယ္လို႔ ​ရဲေတြက ​ေျပာဆိုၿပီး ​မၾကာခင္မွာပဲ ​RTHK ​သတင္းမွာေတာ့ ​လူ ​၂၄ ​ေယာက္ ​အဖမ္းခံရတယ္လို႔ ​ေဖာ္ျပထားပါတယ္။

ေဟာင္ေကာင္မွာ ​၂၀၁၄ ​ခုႏွစ္တုန္းကပဲ ​တရုတ္ျပည္မရဲ့ ​လြမ္းမိုးမႈကို ​မလိုလားတဲ့ ​ဆႏၵျပမႈ ​အႀကီးအက်ယ္ ​ျဖစ္ေပၚၿပီးတဲ့ေနာက္ ​မေန႔က ​ျဖစ္ပြားခဲ့တဲ့ ​ဆႏၵျပမႈဟာ ​အႀကီးမားဆုံး ​ပဋိပကၡ ​ျဖစ္တယ္လို႔လည္း ​သိရပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
.........................
 တရုတ်ပြည်မရဲ့ လွှမ်းမိုးမှုကို ဆန့်ကျင့်တဲ့ ဟောင်ကောင်ပြည်သူတချို့ (Credit: AFP)
ဟောင်ကောင်မြို့က ​Mong ​Kok ​လမ်းမပေါ်မှာ ​အစားအသောက်တွေကို ​တရားမဝင် ​ရောင်းနေတဲ့ ​နေတဲ့ ​လူကို ​ဖယ်ရှားရင်း ​ရဲတွေနဲ့ ​ဆန္ဒပြသူတွေအကြား ​ပဋိပက္ခ ​ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူး ​စတင်တဲ့ ​ဖေဖော်ဝါရီလ ​၈ ​ရက်နေ့မှာ ​ပဋိပက္ခဖြစ်ပွားခဲ့တာ ​ဖြစ်ပြီး ​အင်္ဂါနေ့ ​ဒီကနေ့ ​မနက်အထိ ​လူပေါင်း ​၁၀၀ ​လောက်က ​ဆက်လက် ​အာခံမှု ​ပြုလုပ်နေဆဲ ​ဖြစ်ပါတယ်။

လမ်းဘေးမှာ ​အစားအသောက် ​ရောင်းချနေတဲ့ ​လူတွေကို ​နှိမ်နင်းနေတုန်း ​ရဲတွေကို ​ဆန့်ကျင်တဲ့ ​လူတွေက ​ပုလင်းတွေ၊ ​အုတ်ခဲတွေ၊ ​အမှိုက်ပုံးတွေနဲ့ ​ရဲကို ​ပစ်ပေါက်ခဲ့တာ ​ဖြစ်ပါတယ်။

ရဲတွေကလည်း ​မျက်စိကို ​စပ်စေတဲ့ ​အရေတွေနဲ့ ​ပြန်လည်တိုက်ခိုက်ခဲ့ရသလို ​နံပတ်တုတ်တွေနဲ့ ​လူစုခွဲခဲ့ရပါတယ်။

အမှိုက်ပုံးတွေကို ​မီးရှို့ပြီး ​ရဲကို ​တိုက်ခိုက်တဲ့ ​လူတွေကို ​သတိပေးတဲ့အနေနဲ့ ​မိုးပေါ်ကို ​သေနတ် ​၂ ​ချက် ​ပစ်ဖောက်ခဲ့တယ်လို့လည်း ​ဟောင်ကောင်ရဲက ​ပြောပါတယ်။

အဲဒီ ​အနီးနားက ​မြေအောက် ​ရထား ​ဘူတာကိုလည်း ​လုံခြုံရေးအရ ​ပိတ်ချလိုက်ပါတယ်။

ပဋိပက္ခအတွင်း ​အသက် ​၂၇ ​နှစ်ကနေ ​၃၅ ​နှစ်အကြား ​လူ ​၃ ​ဦးကို ​ဖမ်းဆီးထားတယ်လို့ ​ရဲတွေက ​ပြောဆိုပြီး ​မကြာခင်မှာပဲ ​RTHK ​သတင်းမှာတော့ ​လူ ​၂၄ ​ယောက် ​အဖမ်းခံရတယ်လို့ ​ဖော်ပြထားပါတယ်။

ဟောင်ကောင်မှာ ​၂၀၁၄ ​ခုနှစ်တုန်းကပဲ ​တရုတ်ပြည်မရဲ့ ​လွမ်းမိုးမှုကို ​မလိုလားတဲ့ ​ဆန္ဒပြမှု ​အကြီးအကျယ် ​ဖြစ်ပေါ်ပြီးတဲ့နောက် ​မနေ့က ​ဖြစ်ပွားခဲ့တဲ့ ​ဆန္ဒပြမှုဟာ ​အကြီးမားဆုံး ​ပဋိပက္ခ ​ဖြစ်တယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment