9-2-2016
.............
9-2-2016
ထိုင်းနိုင်ငံ သရန် ခရိုင် အတွင်းမှာ ယနေ ့မနက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့တဲ့ မိမိသားနှစ်နဲ ့သမီးနှစ်ဦး အိပ်နေစဉ်မှာ သေနတ်နဲ ့ပစ်သတ်ခဲ့သူ ထိုင်းနိုင်ငံ သား Pornpichit Yongstar ဖွန်ပိချစ် အသက်၄၀ ဟာ ရဲတပ်ဖွဲ ့ဝင်တွေနဲ ့ ၉နာရီကြာ ဆွေးနွေးခဲ့တာ မအောင်မြင်တဲ့အဆုံး သူကိုယ်သူ အဆုံးစီရင်သွား ခဲ့ကြောင်း သိရပါတယ်။
အမျိုးသားက သူဇနီးဟောင်း ကို သူအနားခေါ်လာပေးရမယ်ဆို တဲ့ တောင်း ဆို ချက်ကို ရဲတပ်ဖွဲ ့ဝင်တွေက မလိုက်လျှောခဲ့ပါဘူး၊ ညနေပိုင်းမှာ တော့ အထူးတိုက်ခိုက်ရေး ရဲတပ်ဖွဲ ့ အိမ်ထဲဝင်ပြီး သူ ့ ကို ရှင်းကြဘို ့ပြင်နေတယ်ဆိုတာ သိသွားပြီး ခုလိုအဆုံးစီရင်သွား ခဲ့တာဖြစ်ပါ တယ်။
ယခုသတင်းကို ကြားရမြင်ရသူ အားလုံးဟာ အလွန်စိတ်မကောင်း ဖြစ်ရသလို လင်မယား ပြဿ နာမှာ ဘာမှမသိ နားမလည်သေးတဲ့ ခလေးတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့တာဟာ အိမ်ထောင်ပြဿ နာတခု ကို သွေးရူးသွေး တန်းနဲ ့ လူမဆန်တဲ့ လုပ်ရပ်ပါလို ့ ပြောဆိုနေကြပါတယ်။
အခင်းမဖြစ်ပွားခင်မှာ ဇနီးဟောင်း က နောက်အိမ်ထောင်ပြုတော့ မယ်ဆို တာ ကို လုံးဝလက် မခံနိုင်ဖြစ်ပြီး အခြေအတင် စကားများကြရာကနေ ခုလို သားသမီးတွေ ကို သတ်ပြစ်တဲ့အထိ ဖြစ်ခဲ့တာလို ့ထိုင်နိုင်ငံ ထုတ် အွန်လိုင်း သတင်းစာ နဲ ့အွန်လိုင်း မီဒီယာ အားလုံးမှာ ပုံစံအမျိုးမျိုးနဲ ့ ရေးသားဖေါ်ပြ ထားတာတွေ ့ရပါတယ်။
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
0 comments:
Post a Comment