အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲ ၂ ရက္ေျမာက္ ဆက္က်င္းပ

တ႐ုတ္ နိုင္ငံ နဲ႔ ၾကား မဟာဗ်ဳဟာ ေျမာက္ ယွဥ္ၿပိဳင္လိုတဲ့ အတြက္ အခုလို အေမရိကန္ အေနနဲ႔ အာဆီယံ ေခါင္းေဆာင္ ေတြကို ဖိတ္ေခၚ ေဆြးေႏြး ေနတာ ျဖစ္တယ္ လို႔ နိုင္ငံေရး ေလ့လာ သုံးသပ္သူေတြ က ဆို။
အေမရိကန္ ျပည္ေထာင္စု ကယ္လီဖိုးနီးယား ျပည္နယ္ မွာ အေမရိကန္ နဲ႔ အာဆီယံ အဖြဲ႕ ထိပ္သီး ညီလာခံကို ေဖေဖၚဝါရီလ ၁၆ ရက္ အဂၤါေန႔မွာ၂ ရက္ေျမာက္ အေနနဲ႔ က်င္းပ ၾကမွာ ျဖစ္ပါတယ္။

ျမန္မာ ဒုသမၼတ ဦးဉာဏ္ထြန္း တက္ေရာက္ ေနတဲ့ အဲဒီ့ ေဆြးေႏြးပြဲမွာ ေတာင္တ႐ုတ္ ပင္လယ္ျပင္ အပါအဝင္ အာဆီယံ ေဒသတြင္း လုံျခဳံေရး ဆိုင္ရာ နဲ႔ အၾကမ္းဖက္ ဝါဒ တိုက္ဖ်က္ေရး ကိစၥေတြ ကို အဂၤါေန႔ စကားေျပာပြဲ ေတြမွာ အာ႐ုံစိုက္ ေဆြးေႏြးၾကမယ္လို႔ ေမၽွာ္လင့္ရပါတယ္။

အာဆီယံ ေဒသ တြင္း ဆက္ဆံေရး ကို တ႐ုတ္ နိုင္ငံ နဲ႔ ၾကား မဟာဗ်ဳဟာ ေျမာက္ ယွဥ္ၿပိဳင္လိုတဲ့ အတြက္ အခုလို အေမရိကန္ အေနနဲ႔ အာဆီယံ ေခါင္းေဆာင္ ေတြကို ဖိတ္ေခၚ ေဆြးေႏြး ေနတာ ျဖစ္တယ္ လို႔ နိုင္ငံေရး ေလ့လာ သုံးသပ္သူေတြ က ဆိုပါတယ္။

သမၼတ အိုဘားမား ႀကိဳးစား ေဖာ္ေဆာင္ ခဲ့တဲ့ TPP လို႔ ေခၚတဲ့ ပစိဖိတ္ ေဒသတလႊား နိုင္ငံေတြ ပူးေပါင္း ေဆာင္ရြက္ေရး ကုန္သြယ္ေရး လြတ္လပ္ဇုံ ထဲမွာ အာဆီယံ နိုင္ငံ ေတြ ထဲက ဘ႐ူနိုင္း၊ မေလးရွား၊ စကၤာပူ နဲ႔ ဗီယက္နမ္ နိုင္ငံ ေတြ ပါဝင္ ေနပါတယ္။

ကယ္လီဖိုးနီးယား ျပည္နယ္ Sunnylands အပန္းေၿဖ စခန္းႀကီး ထဲမွာ က်င္းပေနတဲ့ အခု ထိပ္သီး အစည္းအေဝးမွာ ထိုင္းနိုင္ငံက အာဏာသိမ္း စစ္ေခါင္းေဆာင္ ကေန ဝန္ႀကီးခ်ဳပ္ ျဖစ္လာတဲ့ ပရာရြတ္သ္ ခ်န္အိုခ်ာ နဲ႔ ကေမၻာဒီးယား မွာ နိုင္ငံေရး အတိုက္အခံ ေတြကို ဖိႏွိပ္ ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ တို႔ ပါဝင္ ေနလို႔ ဆိုၿပီး အိမ္ရွင္ အေမရိကန္ အစိုးရ အေပၚ လူ႔အခြင့္အေရး လွုပ္ရွားသူ တခ်ိဳ႕ ရဲ့ ေဝဖန္မွု ေတြ လည္း ထြက္ေပၚ ေနပါတယ္။

BBC Burmese
http://www.bbc.com/burmese

....................................................



တရုတ် နိုင်ငံ နဲ့ ကြား မဟာဗျုဟာ မြောက် ယှဉ်ပြိုင်လိုတဲ့ အတွက် အခုလို အမေရိကန် အနေနဲ့ အာဆီယံ ခေါင်းဆောင် တွေကို ဖိတ်ခေါ် ဆွေးနွေး နေတာ ဖြစ်တယ် လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေ က ဆို။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မှာ အမေရိကန် နဲ့ အာဆီယံ အဖွဲ့ ထိပ်သီး ညီလာခံကို ဖေဖေါ်ဝါရီလ ၁၆ ရက် အင်္ဂါနေ့မှာ၂ ရက်မြောက် အနေနဲ့ ကျင်းပ ကြမှာ ဖြစ်ပါတယ်။

မြန်မာ ဒုသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် နေတဲ့ အဲဒီ့ ဆွေးနွေးပွဲမှာ တောင်တရုတ် ပင်လယ်ပြင် အပါအဝင် အာဆီယံ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ နဲ့ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ကိစ္စတွေ ကို အင်္ဂါနေ့ စကားပြောပွဲ တွေမှာ အာရုံစိုက် ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

အာဆီယံ ဒေသ တွင်း ဆက်ဆံရေး ကို တရုတ် နိုင်ငံ နဲ့ ကြား မဟာဗျုဟာ မြောက် ယှဉ်ပြိုင်လိုတဲ့ အတွက် အခုလို အမေရိကန် အနေနဲ့ အာဆီယံ ခေါင်းဆောင် တွေကို ဖိတ်ခေါ် ဆွေးနွေး နေတာ ဖြစ်တယ် လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေ က ဆိုပါတယ်။

သမ္မတ အိုဘားမား ကြိုးစား ဖော်ဆောင် ခဲ့တဲ့ TPP လို့ ခေါ်တဲ့ ပစိဖိတ် ဒေသတလွှား နိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်ရေး ကုန်သွယ်ရေး လွတ်လပ်ဇုံ ထဲမှာ အာဆီယံ နိုင်ငံ တွေ ထဲက ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူ နဲ့ ဗီယက်နမ် နိုင်ငံ တွေ ပါဝင် နေပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် Sunnylands အပန်းဖြေ စခန်းကြီး ထဲမှာ ကျင်းပနေတဲ့ အခု ထိပ်သီး အစည်းအဝေးမှာ ထိုင်းနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ကနေ ဝန်ကြီးချုပ် ဖြစ်လာတဲ့ ပရာရွတ်သ် ချန်အိုချာ နဲ့ ကမ္ဘောဒီးယား မှာ နိုင်ငံရေး အတိုက်အခံ တွေကို ဖိနှိပ် ခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန် တို့ ပါဝင် နေလို့ ဆိုပြီး အိမ်ရှင် အမေရိကန် အစိုးရ အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူ တချို့ ရဲ့ ဝေဖန်မှု တွေ လည်း ထွက်ပေါ် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment