Scott Kelly သို႔မဟုတ္ အထီးက်န္ဆံုးလူသား



၂ဝ၁၆ခုႏွစ္ မတ္လ ၂ရက္ေန႔မွာ နာဆာအာကာသယာဥ္မွဴးတစ္ဦးျဖစ္တဲ့ Scott Kelly တစ္ေယာက္ ကမာၻေျမျပင္ေပၚ ေဘးကင္းစြာဆင္းသက္လာခဲ့ၿပီျဖစ္ပါတယ္။ သူဟာ စိန္ေခၚမႈအသစ္တစ္ရပ္ျဖစ္တဲ့ အျပည္ျပည္ဆိုင္ရာအာကာသစခန္းမွာ ရက္ေပါင္း (၃၄ဝ)ရက္ေနခဲ့သူျဖစ္တယ္။ Scott Kelly ဟာ ပထမအႀကိမ္တုန္းက အာကာသစခန္းမွာ ႏွစ္ဝက္ေလာက္ေနခဲ့ဖူးသူမို႔ သူဟာ မိုးေပၚမွာအၾကာဆံုး (ရက္ေပါင္း ၅၂၂ရက္)ေနခဲ့တဲ့ ပထမဆံုးအေမရိကန္ႏိုင္ငံသားျဖစ္တယ္။ တစ္နည္းေျပာရရင္ အထီးက်န္ဆံုးလူသားျဖစ္တယ္။

လူသူကင္းမဲ့တဲ့အာကာသစခန္းမွာ ရက္အၾကာဆံုးေနခဲ့သူမို႔ သူ႔စိတ္ႏွလံုးကလည္း သာမန္ထြားႀကိဳင္တယ္လို႔ဆိုရမယ္။ ကမာၻ႔အျမင့္ဆံုးေနရာမွာေနၿပီး ေန႔တိုင္းသူေပးပို႔လာမယ့္ ႐ုပ္ပံုေတြကိုၾကည့္႐ႈဖို႔ တစ္ကမာၻလံုးက ေစာင့္ၾကည့္ေနခဲ့ၾကတယ္။

အေမရိကန္သမၼတအိုဘားမားကေတာင္ သူနဲ႔အျပန္အလွန္ မက္ေဆ့ေတြေပးပို႔ၿပီး ေစာင့္ၾကည့္ခဲ့တယ္။

Scott Kelly ကို ၁၉၆၄ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၁ရက္ေန႔ နယူးဂ်ာစီျပည္နယ္မွာ ေမြးဖြားခဲ့တယ္။ သူ႔မွာ အမႊာအစ္ကိုျဖစ္တဲ့ Mark က သူ႔ထက္၆မိနစ္ေစာေမြးဖြားခဲ့တယ္။ သူ႔မိဘႏွစ္ပါးက စစ္တပ္ကအရာ႐ွိေတြျဖစ္တယ္။

အမႊာညီအစ္ကိုပီပီ သူတို႔ဟာ အတူေဆာ့ကစားတယ္၊ အတူႀကီးျပင္းတယ္၊ ေက်ာင္းအတူတက္တယ္။ ႏွစ္ေယာက္စလံုးက စစ္သားလုပ္ဖို႔ ဝါသနာပါၾကတယ္။ တကၠသိုလ္တက္ေတာ့ ေရတပ္တကၠသိုလ္ကို တက္ေရာက္ခဲ့တယ္။

ေက်ာင္းၿပီးေတာ့ ညီအစ္ကိုႏွစ္ေယာက္စလံုး ေရတပ္စခန္းမွာ ေလယာဥ္တင္သေဘၤာေမာင္းႏွင္ သင္တန္းတက္ခဲ့တယ္။ ႏွစ္ေယာက္အတူ ေလယာဥ္မွဴးလုပ္ခဲ့ၾကတယ္။ အဲဒီေနာက္ NASAမွာ အတူတကြ အလုပ္ဝင္ခဲ့ၾကတယ္။ ဒါဟာ စိတ္ကူးထဲက အမႊာေတြရဲ႕ စိတ္တူကိုယ္တူႀကီးျပင္းပံုပဲျဖစ္မယ္ ထင္ပါတယ္။

ညီအစ္ကိုႏွစ္ေယာက္ အတူေမြးဖြားၾကတယ္၊ အတူသင္ယူၾကတယ္၊ အတူတိုးတက္႐ွင္သန္ၾကတယ္။ အျမင့္ေပၚပ်ံသန္းတဲ့ေနရာမွာ Scott က အာကာသထဲထိပ်ံသန္းဖို႔ ပိုစိတ္ဝင္စားခဲ့တယ္။

သူတို႔ႏွစ္ေယာက္လံုးဟာ ေလယာဥ္ေမာင္းမာစတာဘဲြ႔ကို ရ႐ွိထားၾကသူေတြပါ။ ေခါင္းေပၚကဆံပင္ေတြကိုပါ သိပၸံပညာအတြက္ ရင္းႏွီးျမႇဳပ္ႏွံခဲ့သူေတြျဖစ္တယ္။

မိုးေပၚပဲတက္ခ်င္ေနခဲ့တဲ့ Scott မွာ သမီးႏွစ္ေယာက္႐ွိၿပီး ဇနီးနဲ႔ကြာ႐ွင္းထားသူျဖစ္တယ္။

ဇနီးနဲ႔ကြာ႐ွင္းထားလို႔ သူလည္း အားအားေနသူမဟုတ္ပါဘူး... NASAရဲ႕ ျပင္ပဆက္သြယ္ေရးအရာ႐ွိတစ္ဦးနဲ႔ ခ်စ္ႀကိဳက္ေနတာ ငါးႏွစ္႐ွိေနပါၿပီ။ ႏွစ္ေယာက္သား အၿမဲတပူးတဲြတဲြပါပဲ။ နာဆာရဲ႕အမိန္႔နဲ႔ Scott တစ္ေယာက္ မိုးေပၚတစ္ႏွစ္ေလာက္တက္ေနရေတာ့မယ္ဆိုေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ တစ္နယ္တစ္ေက်း အခ်စ္အကြာအေဝးဟာ ကမာၻေပၚမွာ ဘာအရာနဲ႔မွ တုႏႈိင္းမယွဥ္သာတဲ့ အကြာအေဝးျဖစ္ခဲ့ပါတယ္။

ဘာေၾကာင့္ စေကာ့ထ္ကို မိုးေပၚလႊတ္ဖို႔ နာဆာေ႐ြးခဲ့သလဲဆိုတာ အေၾကာင္း႐ွိပါတယ္။ စေကာ့ထ္နဲ႔ သူ႔အစ္ကိုမတ္ခ္ကို တစ္ေယာက္က မိုးေပၚမွာေန၊ တစ္ေယာက္ကေျမျပင္ေပၚမွာေနၿပီး တစ္ႏွစ္တာအတြင္း မိုးေပၚေနသူ၊ ေျမျပင္ေနသူ သူတို႔ႏွစ္ေယာက္ရဲ႕ ခႏၶာကိုယ္မွာ ဘာမ်ားအေျပာင္းအလဲ႐ွိမလဲဆိုတဲ့ စမ္းသပ္မႈတစ္ခုျပဳလုပ္ဖို႔ပဲျဖစ္တယ္။

အရင္တုန္းက အာကာသမွဴးေတြက အာကာသစခန္းမွာ ႏွစ္ဝက္ေလာက္ေနၿပီး ေျမျပင္ေပၚဆင္းသက္ခဲ့ၾကတယ္။ စေကာ့ထ္လည္း အရင္က ႏွစ္ဝက္ေနခဲ့ဖူးတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ခႏၶာကိုယ္ေျပာင္းလဲမႈကိုစမ္းသပ္ခ်င္လို႔ အဂၤါၿဂိဳလ္(Mars)သြားဖို႔ စိတ္ကူး႐ွိလို႔ တစ္ႏွစ္ေလာက္ေနခဲ့တယ္။ (အဂၤါၿဂိဳလ္ကို အသြားခရီးနဲ႔တင္ ၂ႏွစ္ေက်ာ္ေလာက္ၾကာတယ္တဲ့)

အစ္ကိုျဖစ္သူ မတ္ခ္ကေတာ့ “အိမ္ငယ္ေလးတစ္ခုထဲမွာေနၿပီး တစ္ေန႔လံုး စမ္းသပ္လိုက္၊ ကိုယ္လက္ႀကံ့ခိုင္ေရးလုပ္လိုက္နဲ႔.. ငါေတာ့ မခံႏိုင္ဘူး”လို႔ဆိုခဲ့တယ္။ ဒါေတြဟာ စေကာ့ထ္အတြက္ေတာ့ အေသးအမႊားပါတဲ့။ မိုးေပၚမွာေနခဲ့တဲ့အၾကာဆံုး ကမာၻ႔လူသားျဖစ္ဖို႔ တျခားလူထက္ေတာ့ခံႏိုင္ရည္႐ွိရမယ္ မဟုတ္ပါလား…

မိုးေပၚတက္ဖို႔ ေလ့က်င့္ခန္းယူေနကတည္းက စေကာ့ထ္ဟာ twitter အေကာင့္တစ္ခုဖြင့္ခဲ့တယ္။ မိုးေပၚသြားခဲ့တဲ့ ခရီးစဥ္ေတြကိုေရးခဲ့တယ္။ မိုးေပၚမတက္ခင္ ေ႐ွ႕တစ္ႏွစ္မွာ သူ႔ခ်စ္သူကိုႏႈတ္ဆက္ၿပီး ကမာၻ႔လူသူကင္းမဲ့ဆံုးေနရာကိုသြားၿပီး အထီးက်န္လူသားလုပ္ဖို႔ သူျပင္ဆင္ခဲ့တယ္။

စေကာ့ထ္က အျပည္ျပည္ဆိုင္ရာ အာကာသစခန္းမွဴးပါ။ သူ႔လက္ေအာက္မွာ ႐ု႐ွားအာကာသယာဥ္မွဴးတစ္ဦးပဲ႐ွိပါတယ္။ မနက္မိုးလင္းတာနဲ႔ စမ္းသပ္မႈအမ်ဳိးမ်ဳိး သူတို႔ျပဳလုပ္ၾကတယ္။ ေလဟာနယ္မွာ လမ္းေလွ်ာက္တယ္၊ လိုအပ္တဲ့ပစၥည္းလာပို႔တဲ့ အာကာသယာဥ္မွဴး ၈ဦးကို ႀကိဳဆိုခဲ့တယ္။ ခၽြတ္ယြင္းတဲ့စက္ပစၥည္းေတြကို ျပင္ဆင္ခဲ့တယ္။

လုပ္ေဖာ္ကိုင္ဖက္နဲ႔လုပ္ရတဲ့ အလုပ္ခ်င္းကတူေပမယ့္ စေကာ့ထ္ကတမူထူးခဲ့တယ္။ သူက selfie ဘုရင္ပါ။ မိုးေပၚမွာလုပ္တဲ့အလုပ္မွန္သမွ် အလုပ္ႀကီးအကိုင္ႀကီးပါပဲ။ ဒါေၾကာင့္ ဘာလုပ္လုပ္ သူ selfie ဆဲြပါတယ္။ အိပ္တဲ့ေနရာ၊ စားတဲ့အစားအစာ၊ ကိုယ္တိုင္ကာကြယ္ေဆးထိုးတာ၊ ေရစက္နဲ႔ ေဆာ့ကစားတာ၊ အာကာသမွာစိုက္ပ်ဳိးထားတဲ့ ပထမဆံုးပန္းတစ္ပြင့္အေၾကာင္း၊ အျခားလက္ေတြ႔စမ္းသပ္မႈအသစ္အသစ္ေတြကို သူ selfie ဆဲြၿပီး တင္ခဲ့ပါတယ္။

တစ္ႏွစ္ေလာက္ အိမ္တြင္းေအာင္းေနတာေတာင္ သူ႔ခႏၶာကိုယ္ပံုပ်က္မသြားခဲ့ပါဘူး။ အခ်ိန္နာရီ ၇ဝဝေက်ာ္ သူေလ့က်င့္ခန္းလုပ္ခဲ့သလို စက္ဘီးစက္ေပၚမွာ ကီလိုမီတာေပါင္း ၁၁ဝဝ သူနင္းခဲ့ပါတယ္။ အိမ္ျပန္ဖို႔ရက္ေတြကို တစ္ေန႔တစ္ေန႔ တြက္ခ်က္ခဲ့ပါတယ္။

တစ္ဘက္မွာ ကမာၻေျမကိုလြမ္းေမာရင္း တစ္ဘက္မွာကမာၻေျမႀကီးရဲ႕ မနက္ေနထြက္၊ ညေနေနဝင္တဲ့ပံုရိပ္ေတြ၊ ကမာၻေျမႀကီးေပၚက ၿမိဳ႕ေတြ၊ ရာသီဥတုအေျပာင္းအလဲ၊ ေတာင္တန္းေတြကို သူ႐ိုက္ကူးၿပီး သူ႔အေကာင့္မွာတင္ခဲ့ပါတယ္။

ဟိမဝႏၱာေတာင္တန္းေပၚမွာ ႏွင္းေတြနည္းေနၿပီဆိုတဲ့အေၾကာင္း စေကာ့ထ္ေျပာခဲ့ပါေသးတယ္။

လူသားေတြရဲ႕႐ွာေဖြေတြ႔႐ွိမႈထဲမွာ အင္တာနက္ရဲ႕ဝန္ေဆာင္မႈက အံ့မခန္းပါပဲ။ စေကာ့ထ္ဟာ အာကာသကေနၿပီး သူ႔ရဲ႕တစ္နယ္ျခားခ်စ္သူနဲ႔ ဆက္သြယ္ခဲ့တယ္။ ႏွစ္ေယာက္သား ေခါင္းစဥ္တစ္ခုေ႐ြးၿပီး ဟိုကမာၻျခမ္းနဲ႔ ဒီကမာၻျခမ္းက လႈပ္႐ွားမႈပံုရိပ္ကို တစ္ကမာၻလံုးကလူေတြအားက်ဖို႔ ႐ိုက္တင္ခဲ့ၾကတယ္။ (ေခါင္းစဥ္တစ္ခုေ႐ြးတယ္ဆိုတာ.. ဥပမာ- အစားစားေနပံုဆိုရင္ ႏွစ္ေယာက္သား ကိုယ္စားေနတဲ့အစားအစာကို ႐ိုက္ၿပီး တဲြတင္တယ္။ ေလ့က်င့္ခန္းလုပ္ေနပံုဆိုရင္ လုပ္ေနတဲ့ေလ့က်င့္ခန္းမတူခ်င္ေန ကိုယ္လုပ္ေနတဲ့ေလ့က်င့္ခန္းပံုကို႐ိုက္ၿပီး တဲြတင္ၾကတယ္။ တစ္ေျမစီျခား ေဝးကြာေနတဲ့ခ်စ္သူေတြ အဲဒီလို စမ္းၾကည့္လို႔ရတယ္.. ေပ်ာ္စရာေကာင္းမယ္လို႔ ထင္တယ္ tongue emoticon )

စေကာ့ထ္ဟာ ကမာၻ႔အျမင့္ဆံုးေနရာမွာေနၿပီး ေန႔တိုင္း twitterေပၚ ပံုေတြရိုက္တင္ခဲ့တယ္။ စိတ္ရဲ႕သန္မာႀကံ့ခိုင္မႈကို စိန္ေခၚခဲ့သလို၊ အထီးက်န္တဲ့ေန႔ေန႔ညညမ်ားစြာျဖတ္သန္းၿပီး အာကာသမွာရက္အၾကာဆံုးေနႏိုင္ခဲ့တဲ့ အာကာသယာဥ္မွဴးတစ္ဦးအျဖစ္လည္း စိန္ေခၚခဲ့တယ္။

ဒါဟာ အာကာသစူးစမ္းေလ့လာေရးမွာ လူသားတို႔ေ႐ွ႕ဆက္လွမ္းႏိုင္ခဲ့တဲ့ ေျခလွမ္းသစ္ပဲျဖစ္တယ္။ လူသားမ်ဳိးႏႊယ္အားလံုးကို ကိုယ္စားျပဳတဲ့ ထူးျခားဆန္းၾကယ္မႈတစ္ခုပဲျဖစ္တယ္။ အာကာသဟာ စမ္းသပ္လို႔မကုန္ ခန္႔မွန္းလို႔မရႏိုင္ေအာင္ နက္နဲက်ယ္ျပန္႔လြန္းတယ္။ ဒါကို စေကာ့ထ္က တည္တည္ၿငိမ္ၿငိမ္နဲ႔ ရင္ဆိုင္ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီး ေကာင္းမြန္တဲ့ရလဒ္နဲ႔ ထူးျခားဆန္းၾကယ္မႈေတြကို လူသားေတြအတြက္ ေပးဆပ္ႏိုင္ခဲ့ပါတယ္။


ဖတ္မိသမွ် ဘာသာျပန္မွ်ေဝပါတယ္။

ႏိုင္းႏိုင္းစေန (March. 5. 2016)

..........................................


 Scott Kelly သို့မဟုတ် အထီးကျန်ဆုံးလူသား

၂ဝ၁၆ခုနှစ် မတ်လ ၂ရက်နေ့မှာ နာဆာအာကာသယာဉ်မှူးတစ်ဦးဖြစ်တဲ့ Scott Kelly တစ်ယောက် ကမ္ဘာမြေပြင်ပေါ် ဘေးကင်းစွာဆင်းသက်လာခဲ့ပြီဖြစ်ပါတယ်။ သူဟာ စိန်ခေါ်မှုအသစ်တစ်ရပ်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအာကာသစခန်းမှာ ရက်ပေါင်း (၃၄ဝ)ရက်နေခဲ့သူဖြစ်တယ်။ Scott Kelly ဟာ ပထမအကြိမ်တုန်းက အာကာသစခန်းမှာ နှစ်ဝက်လောက်နေခဲ့ဖူးသူမို့ သူဟာ မိုးပေါ်မှာအကြာဆုံး (ရက်ပေါင်း ၅၂၂ရက်)နေခဲ့တဲ့ ပထမဆုံးအမေရိကန်နိုင်ငံသားဖြစ်တယ်။ တစ်နည်းပြောရရင် အထီးကျန်ဆုံးလူသားဖြစ်တယ်။

လူသူကင်းမဲ့တဲ့အာကာသစခန်းမှာ ရက်အကြာဆုံးနေခဲ့သူမို့ သူ့စိတ်နှလုံးကလည်း သာမန်ထွားကြိုင်တယ်လို့ဆိုရမယ်။ ကမ္ဘာ့အမြင့်ဆုံးနေရာမှာနေပြီး နေ့တိုင်းသူပေးပို့လာမယ့် ရုပ်ပုံတွေကိုကြည့်ရှုဖို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေခဲ့ကြတယ်။

အမေရိကန်သမ္မတအိုဘားမားကတောင် သူနဲ့အပြန်အလှန် မက်ဆေ့တွေပေးပို့ပြီး စောင့်ကြည့်ခဲ့တယ်။

Scott Kelly ကို ၁၉၆၄ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်နေ့ နယူးဂျာစီပြည်နယ်မှာ မွေးဖွားခဲ့တယ်။ သူ့မှာ အမွှာအစ်ကိုဖြစ်တဲ့ Mark က သူ့ထက်၆မိနစ်စောမွေးဖွားခဲ့တယ်။ သူ့မိဘနှစ်ပါးက စစ်တပ်ကအရာရှိတွေဖြစ်တယ်။

အမွှာညီအစ်ကိုပီပီ သူတို့ဟာ အတူဆော့ကစားတယ်၊ အတူကြီးပြင်းတယ်၊ ကျောင်းအတူတက်တယ်။ နှစ်ယောက်စလုံးက စစ်သားလုပ်ဖို့ ဝါသနာပါကြတယ်။ တက္ကသိုလ်တက်တော့ ရေတပ်တက္ကသိုလ်ကို တက်ရောက်ခဲ့တယ်။

ကျောင်းပြီးတော့ ညီအစ်ကိုနှစ်ယောက်စလုံး ရေတပ်စခန်းမှာ လေယာဉ်တင်သင်္ဘောမောင်းနှင် သင်တန်းတက်ခဲ့တယ်။ နှစ်ယောက်အတူ လေယာဉ်မှူးလုပ်ခဲ့ကြတယ်။ အဲဒီနောက် NASAမှာ အတူတကွ အလုပ်ဝင်ခဲ့ကြတယ်။ ဒါဟာ စိတ်ကူးထဲက အမွှာတွေရဲ့ စိတ်တူကိုယ်တူကြီးပြင်းပုံပဲဖြစ်မယ် ထင်ပါတယ်။

ညီအစ်ကိုနှစ်ယောက် အတူမွေးဖွားကြတယ်၊ အတူသင်ယူကြတယ်၊ အတူတိုးတက်ရှင်သန်ကြတယ်။ အမြင့်ပေါ်ပျံသန်းတဲ့နေရာမှာ Scott က အာကာသထဲထိပျံသန်းဖို့ ပိုစိတ်ဝင်စားခဲ့တယ်။

သူတို့နှစ်ယောက်လုံးဟာ လေယာဉ်မောင်းမာစတာဘွဲ့ကို ရရှိထားကြသူတွေပါ။ ခေါင်းပေါ်ကဆံပင်တွေကိုပါ သိပ္ပံပညာအတွက် ရင်းနှီးမြှုပ်နှံခဲ့သူတွေဖြစ်တယ်။

မိုးပေါ်ပဲတက်ချင်နေခဲ့တဲ့ Scott မှာ သမီးနှစ်ယောက်ရှိပြီး ဇနီးနဲ့ကွာရှင်းထားသူဖြစ်တယ်။

ဇနီးနဲ့ကွာရှင်းထားလို့ သူလည်း အားအားနေသူမဟုတ်ပါဘူး... NASAရဲ့ ပြင်ပဆက်သွယ်ရေးအရာရှိတစ်ဦးနဲ့ ချစ်ကြိုက်နေတာ ငါးနှစ်ရှိနေပါပြီ။ နှစ်ယောက်သား အမြဲတပူးတွဲတွဲပါပဲ။ နာဆာရဲ့အမိန့်နဲ့ Scott တစ်ယောက် မိုးပေါ်တစ်နှစ်လောက်တက်နေရတော့မယ်ဆိုတော့ သူတို့နှစ်ယောက်ရဲ့ တစ်နယ်တစ်ကျေး အချစ်အကွာအဝေးဟာ ကမ္ဘာပေါ်မှာ ဘာအရာနဲ့မှ တုနှိုင်းမယှဉ်သာတဲ့ အကွာအဝေးဖြစ်ခဲ့ပါတယ်။

ဘာကြောင့် စကော့ထ်ကို မိုးပေါ်လွှတ်ဖို့ နာဆာရွေးခဲ့သလဲဆိုတာ အကြောင်းရှိပါတယ်။ စကော့ထ်နဲ့ သူ့အစ်ကိုမတ်ခ်ကို တစ်ယောက်က မိုးပေါ်မှာနေ၊ တစ်ယောက်ကမြေပြင်ပေါ်မှာနေပြီး တစ်နှစ်တာအတွင်း မိုးပေါ်နေသူ၊ မြေပြင်နေသူ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဘာများအပြောင်းအလဲရှိမလဲဆိုတဲ့ စမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ပဲဖြစ်တယ်။

အရင်တုန်းက အာကာသမှူးတွေက အာကာသစခန်းမှာ နှစ်ဝက်လောက်နေပြီး မြေပြင်ပေါ်ဆင်းသက်ခဲ့ကြတယ်။ စကော့ထ်လည်း အရင်က နှစ်ဝက်နေခဲ့ဖူးတယ်။ ဒီတစ်ကြိမ်မှာတော့ ခန္ဓာကိုယ်ပြောင်းလဲမှုကိုစမ်းသပ်ချင်လို့ အင်္ဂါဂြိုလ်(Mars)သွားဖို့ စိတ်ကူးရှိလို့ တစ်နှစ်လောက်နေခဲ့တယ်။ (အင်္ဂါဂြိုလ်ကို အသွားခရီးနဲ့တင် ၂နှစ်ကျော်လောက်ကြာတယ်တဲ့)

အစ်ကိုဖြစ်သူ မတ်ခ်ကတော့ “အိမ်ငယ်လေးတစ်ခုထဲမှာနေပြီး တစ်နေ့လုံး စမ်းသပ်လိုက်၊ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်လိုက်နဲ့.. ငါတော့ မခံနိုင်ဘူး”လို့ဆိုခဲ့တယ်။ ဒါတွေဟာ စကော့ထ်အတွက်တော့ အသေးအမွှားပါတဲ့။ မိုးပေါ်မှာနေခဲ့တဲ့အကြာဆုံး ကမ္ဘာ့လူသားဖြစ်ဖို့ တခြားလူထက်တော့ခံနိုင်ရည်ရှိရမယ် မဟုတ်ပါလား…

မိုးပေါ်တက်ဖို့ လေ့ကျင့်ခန်းယူနေကတည်းက စကော့ထ်ဟာ twitter အကောင့်တစ်ခုဖွင့်ခဲ့တယ်။ မိုးပေါ်သွားခဲ့တဲ့ ခရီးစဉ်တွေကိုရေးခဲ့တယ်။ မိုးပေါ်မတက်ခင် ရှေ့တစ်နှစ်မှာ သူ့ချစ်သူကိုနှုတ်ဆက်ပြီး ကမ္ဘာ့လူသူကင်းမဲ့ဆုံးနေရာကိုသွားပြီး အထီးကျန်လူသားလုပ်ဖို့ သူပြင်ဆင်ခဲ့တယ်။

စကော့ထ်က အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှူးပါ။ သူ့လက်အောက်မှာ ရုရှားအာကာသယာဉ်မှူးတစ်ဦးပဲရှိပါတယ်။ မနက်မိုးလင်းတာနဲ့ စမ်းသပ်မှုအမျိုးမျိုး သူတို့ပြုလုပ်ကြတယ်။ လေဟာနယ်မှာ လမ်းလျှောက်တယ်၊ လိုအပ်တဲ့ပစ္စည်းလာပို့တဲ့ အာကာသယာဉ်မှူး ၈ဦးကို ကြိုဆိုခဲ့တယ်။ ချွတ်ယွင်းတဲ့စက်ပစ္စည်းတွေကို ပြင်ဆင်ခဲ့တယ်။

လုပ်ဖော်ကိုင်ဖက်နဲ့လုပ်ရတဲ့ အလုပ်ချင်းကတူပေမယ့် စကော့ထ်ကတမူထူးခဲ့တယ်။ သူက selfie ဘုရင်ပါ။ မိုးပေါ်မှာလုပ်တဲ့အလုပ်မှန်သမျှ အလုပ်ကြီးအကိုင်ကြီးပါပဲ။ ဒါကြောင့် ဘာလုပ်လုပ် သူ selfie ဆွဲပါတယ်။ အိပ်တဲ့နေရာ၊ စားတဲ့အစားအစာ၊ ကိုယ်တိုင်ကာကွယ်ဆေးထိုးတာ၊ ရေစက်နဲ့ ဆော့ကစားတာ၊ အာကာသမှာစိုက်ပျိုးထားတဲ့ ပထမဆုံးပန်းတစ်ပွင့်အကြောင်း၊ အခြားလက်တွေ့စမ်းသပ်မှုအသစ်အသစ်တွေကို သူ selfie ဆွဲပြီး တင်ခဲ့ပါတယ်။

တစ်နှစ်လောက် အိမ်တွင်းအောင်းနေတာတောင် သူ့ခန္ဓာကိုယ်ပုံပျက်မသွားခဲ့ပါဘူး။ အချိန်နာရီ ရဝဝကျော် သူလေ့ကျင့်ခန်းလုပ်ခဲ့သလို စက်ဘီးစက်ပေါ်မှာ ကီလိုမီတာပေါင်း ၁၁ဝဝ သူနင်းခဲ့ပါတယ်။ အိမ်ပြန်ဖို့ရက်တွေကို တစ်နေ့တစ်နေ့ တွက်ချက်ခဲ့ပါတယ်။

တစ်ဘက်မှာ ကမ္ဘာမြေကိုလွမ်းမောရင်း တစ်ဘက်မှာကမ္ဘာမြေကြီးရဲ့ မနက်နေထွက်၊ ညနေနေဝင်တဲ့ပုံရိပ်တွေ၊ ကမ္ဘာမြေကြီးပေါ်က မြို့တွေ၊ ရာသီဥတုအပြောင်းအလဲ၊ တောင်တန်းတွေကို သူရိုက်ကူးပြီး သူ့အကောင့်မှာတင်ခဲ့ပါတယ်။

ဟိမဝန္တာတောင်တန်းပေါ်မှာ နှင်းတွေနည်းနေပြီဆိုတဲ့အကြောင်း စကော့ထ်ပြောခဲ့ပါသေးတယ်။

လူသားတွေရဲ့ရှာဖွေတွေ့ရှိမှုထဲမှာ အင်တာနက်ရဲ့ဝန်ဆောင်မှုက အံ့မခန်းပါပဲ။ စကော့ထ်ဟာ အာကာသကနေပြီး သူ့ရဲ့တစ်နယ်ခြားချစ်သူနဲ့ ဆက်သွယ်ခဲ့တယ်။ နှစ်ယောက်သား ခေါင်းစဉ်တစ်ခုရွေးပြီး ဟိုကမ္ဘာခြမ်းနဲ့ ဒီကမ္ဘာခြမ်းက လှုပ်ရှားမှုပုံရိပ်ကို တစ်ကမ္ဘာလုံးကလူတွေအားကျဖို့ ရိုက်တင်ခဲ့ကြတယ်။ (ခေါင်းစဉ်တစ်ခုရွေးတယ်ဆိုတာ.. ဥပမာ- အစားစားနေပုံဆိုရင် နှစ်ယောက်သား ကိုယ်စားနေတဲ့အစားအစာကို ရိုက်ပြီး တွဲတင်တယ်။ လေ့ကျင့်ခန်းလုပ်နေပုံဆိုရင် လုပ်နေတဲ့လေ့ကျင့်ခန်းမတူချင်နေ ကိုယ်လုပ်နေတဲ့လေ့ကျင့်ခန်းပုံကိုရိုက်ပြီး တွဲတင်ကြတယ်။ တစ်မြေစီခြား ဝေးကွာနေတဲ့ချစ်သူတွေ အဲဒီလို စမ်းကြည့်လို့ရတယ်.. ပျော်စရာကောင်းမယ်လို့ ထင်တယ် tongue emoticon )

စကော့ထ်ဟာ ကမ္ဘာ့အမြင့်ဆုံးနေရာမှာနေပြီး နေ့တိုင်း twitterပေါ် ပုံတွေရိုက်တင်ခဲ့တယ်။ စိတ်ရဲ့သန်မာကြံ့ခိုင်မှုကို စိန်ခေါ်ခဲ့သလို၊ အထီးကျန်တဲ့နေ့နေ့ညညများစွာဖြတ်သန်းပြီး အာကာသမှာရက်အကြာဆုံးနေနိုင်ခဲ့တဲ့ အာကာသယာဉ်မှူးတစ်ဦးအဖြစ်လည်း စိန်ခေါ်ခဲ့တယ်။

ဒါဟာ အာကာသစူးစမ်းလေ့လာရေးမှာ လူသားတို့ရှေ့ဆက်လှမ်းနိုင်ခဲ့တဲ့ ခြေလှမ်းသစ်ပဲဖြစ်တယ်။ လူသားမျိုးနွှယ်အားလုံးကို ကိုယ်စားပြုတဲ့ ထူးခြားဆန်းကြယ်မှုတစ်ခုပဲဖြစ်တယ်။ အာကာသဟာ စမ်းသပ်လို့မကုန် ခန့်မှန်းလို့မရနိုင်အောင် နက်နဲကျယ်ပြန့်လွန်းတယ်။ ဒါကို စကော့ထ်က တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ရလဒ်နဲ့ ထူးခြားဆန်းကြယ်မှုတွေကို လူသားတွေအတွက် ပေးဆပ်နိုင်ခဲ့ပါတယ်။

ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်။

နိုင်းနိုင်းစနေ (March. 5. 2016)

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment