ကၽြန္ေတာ္တို႔ကို အပူစြမ္းအင္နဲ႔ အလင္းစြမ္းအင္ေတြကို ေပးစြမ္းေနတဲ့ ေနမင္းႀကီးရဲ႕ အနီးအနားမွာ ၿဂိဳဟ္သားေတြ ေမာင္းႏွင္ေနတဲ့လုိ႔ ယူဆရတဲ့ UFO (အမည္မသိပ်ံသန္းေနေသာအရာမ်ား)ေတြဟာ အံ့ၾသဖြယ္ရာ ပ်ံသန္းလ်က္ရွိေနတယ္လုိ႔ သိရပါတယ္။ အပူခ်ိန္တအားျပင္းတဲ့ ေနရဲ႕ အနီးအနားမွာ ပတ္လည္ ပ်ံသန္းေနတာကေတာ့ ပညာရွင္ေတြအတြက္ အံ့ၾသစရာျဖစ္လုိ႔ ေနပါတယ္။ ေနအဖြဲ႔အစည္းကို ေလ့လာေနတဲ့ ပညာရွင္အဖြဲ႔ကေတာ့ ဒီရဲ႕ ပ်ံသန္းေနတဲ့ အရာေတြဟာ UFO ေတြျဖစ္တယ္လုိ႔ တစ္ထစ္ခ်ယံုၾကည္ေနၾကပါတယ္။
ဒီလိုေနရဲ႕ အနီးအနားကို ပ်ံသန္းေလ့လာေနတာဟာဆိုရင္ေတာ့ ပထမဆံုးအႀကိမ္ေျမာက္ေတာ့ မျဖစ္ႏုိင္ဘဲ ၿပီးခဲ့တဲ့ ခုနစ္ႏွစ္ေလာက္ကလည္း ဒီလုိပ်ံဝဲဖူးတယ္လို႔ ရုရွားအာကာသေဗဒပညာရွင္က ဆုိပါတယ္။
နာဆာကေန လူသားေတြကို မထုတ္ျပန္ဘဲ ဖံုးဖိထားတဲ့အရာေတြကို ခင္ဗ်ားတုိ႔ သိသင့္ၿပီလို႔ ေလ့လာသူ Myunhauzen က ဗီဒီယုိထဲမွာ ေျပာပါတယ္။
“ကၽြန္ေတာ္ဒါကို ၿပီးခဲ့တဲ့ ေျခာက္ႏွစ္ ၊ ခုနစ္ႏွစ္ေလာက္တည္းက သိခဲ့တယ္ဗ်။ သူတို႔ အခ်ိန္တိုင္းကို အခုလို ပတ္ၿပီး ပ်ံသန္းေနတာကို ကၽြန္ေတာ္အျပင္ တစ္ျခားပညာရွင္ႏွစ္ေယာက္လည္း သိပါတယ္။ သူတို႔က တစ္ခါတစ္ေလမွာ ေမာင္းႏွင္ေနတဲ့ အရွိန္ကို တစ္အားေလွ်ာ့ခ်တတ္ၿပီး တစ္ခါတစ္ေလမွာေတာ့ အရွိန္ကို ရုတ္တရက္ျပန္တင္သြားတယ္။ ၉၀ ဒီဂရီအခ်ိဳးအေကြ႕မွာေတာင္ သူတို႔ လံုးဝ အရွိန္မေလွ်ာ့ဘဲနဲ႔ ေကြ႕တတ္တယ္ ” လုိ႔ ထပ္ၿပီးေျပာျပခဲ့ပါတယ္။
တစ္ခ်ိဳ႕ပညာရွင္ေတြကေတာ့ ၿဂိဳဟ္သားေတြရဲ႕ အာကာသယာဥ္ေတြဟာဆိုရင္ ကၽြန္ေတာ္တို႔ လူသားေတြရွိေနတဲ့ အာကာသယာဥ္ေတြထက္ အဆမ်ားစြာ တုိးတက္ဖြံျဖိဳးၿပီးျဖစ္တာေၾကာင့္ အာကာသတြင္းမွာ စူးစမ္းသြားလာေနၾကတယ္လုိ႔ ယံုၾကည္ထားၾကပါတယ္။
ပညာရွင္ေတြကေတာ့ ၿဂိဳဟ္သားေတြဟာ ေနကို ထိန္းခ်ဳပ္ႏုိင္ဖို႔ တစ္ခုခုျပဳလုပ္ေနတယ္လုိ႔ ယံုၾကည္ေနၾကၿပီး တစ္ခုခုအမွားမလုပ္မိဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။ အခုလို အံ့ၾသဖြယ္ေတြ႕ရွိမႈေတြေၾကာင့္ ၿဂိဳဟ္ပတ္လမ္းေတြဟာဆိုရင္ေတာ့ တစ္ခုထက္မနည္းရွိႏုိင္ၿပီး ၿဂိဳဟ္သားေတြရဲ႕ ပ်ံသန္းမႈနည္းစနစ္ေတြကို ပိုၿပီးေလ့လာႏုိင္ေတာမယ္လုိ႔ သုေတသီ Tyler က ဆုိပါတယ္။
( Paing A K )
#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com
Ref : Dailymail
..............................................
နေရဲ့ အနီးအနားမှာ လှည့်ပတ်ပျံသန်းနေတဲ့ UFO ပေါင်းများစွာကို တွေ့ရှိ
ကျွန်တော်တို့ကို အပူစွမ်းအင်နဲ့ အလင်းစွမ်းအင်တွေကို ပေးစွမ်းနေတဲ့ နေမင်းကြီးရဲ့ အနီးအနားမှာ ဂြိုဟ်သားတွေ မောင်းနှင်နေတဲ့လို့ ယူဆရတဲ့ UFO (အမည်မသိပျံသန်းနေသောအရာများ)တွေဟာ အံ့သြဖွယ်ရာ ပျံသန်းလျက်ရှိနေတယ်လို့ သိရပါတယ်။ အပူချိန်တအားပြင်းတဲ့ နေရဲ့ အနီးအနားမှာ ပတ်လည် ပျံသန်းနေတာကတော့ ပညာရှင်တွေအတွက် အံ့သြစရာဖြစ်လို့ နေပါတယ်။ နေအဖွဲ့အစည်းကို လေ့လာနေတဲ့ ပညာရှင်အဖွဲ့ကတော့ ဒီရဲ့ ပျံသန်းနေတဲ့ အရာတွေဟာ UFO တွေဖြစ်တယ်လို့ တစ်ထစ်ချယုံကြည်နေကြပါတယ်။
ဒီလိုနေရဲ့ အနီးအနားကို ပျံသန်းလေ့လာနေတာဟာဆိုရင်တော့ ပထမဆုံးအကြိမ်မြောက်တော့ မဖြစ်နိုင်ဘဲ ပြီးခဲ့တဲ့ ခုနစ်နှစ်လောက်ကလည်း ဒီလိုပျံဝဲဖူးတယ်လို့ ရုရှားအာကာသဗေဒပညာရှင်က ဆိုပါတယ်။
နာဆာကနေ လူသားတွေကို မထုတ်ပြန်ဘဲ ဖုံးဖိထားတဲ့အရာတွေကို ခင်ဗျားတို့ သိသင့်ပြီလို့ လေ့လာသူ Myunhauzen က ဗီဒီယိုထဲမှာ ပြောပါတယ်။
“ကျွန်တော်ဒါကို ပြီးခဲ့တဲ့ ခြောက်နှစ် ၊ ခုနစ်နှစ်လောက်တည်းက သိခဲ့တယ်ဗျ။ သူတို့ အချိန်တိုင်းကို အခုလို ပတ်ပြီး ပျံသန်းနေတာကို ကျွန်တော်အပြင် တစ်ခြားပညာရှင်နှစ်ယောက်လည်း သိပါတယ်။ သူတို့က တစ်ခါတစ်လေမှာ မောင်းနှင်နေတဲ့ အရှိန်ကို တစ်အားလျှော့ချတတ်ပြီး တစ်ခါတစ်လေမှာတော့ အရှိန်ကို ရုတ်တရက်ပြန်တင်သွားတယ်။ ၉၀ ဒီဂရီအချိုးအကွေ့မှာတောင် သူတို့ လုံးဝ အရှိန်မလျှော့ဘဲနဲ့ ကွေ့တတ်တယ် ” လို့ ထပ်ပြီးပြောပြခဲ့ပါတယ်။
တစ်ချို့ပညာရှင်တွေကတော့ ဂြိုဟ်သားတွေရဲ့ အာကာသယာဉ်တွေဟာဆိုရင် ကျွန်တော်တို့ လူသားတွေရှိနေတဲ့ အာကာသယာဉ်တွေထက် အဆများစွာ တိုးတက်ဖွံဖြိုးပြီးဖြစ်တာကြောင့် အာကာသတွင်းမှာ စူးစမ်းသွားလာနေကြတယ်လို့ ယုံကြည်ထားကြပါတယ်။
ပညာရှင်တွေကတော့ ဂြိုဟ်သားတွေဟာ နေကို ထိန်းချုပ်နိုင်ဖို့ တစ်ခုခုပြုလုပ်နေတယ်လို့ ယုံကြည်နေကြပြီး တစ်ခုခုအမှားမလုပ်မိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ အခုလို အံ့သြဖွယ်တွေ့ရှိမှုတွေကြောင့် ဂြိုဟ်ပတ်လမ်းတွေဟာဆိုရင်တော့ တစ်ခုထက်မနည်းရှိနိုင်ပြီး ဂြိုဟ်သားတွေရဲ့ ပျံသန်းမှုနည်းစနစ်တွေကို ပိုပြီးလေ့လာနိုင်တောမယ်လို့ သုတေသီ Tyler က ဆိုပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Dailymail
0 comments:
Post a Comment