Email တီထြင္သူ အသက္ ၇၄ မွာ ကြယ္လြန္

အီးေမးလ္ကို တီထြင္သူ Ray Tomlinson (Credit: ABC licensed) 
အေမရိကန္ႏိုင္ငံက ​အီးေမးလ္ ​Email ​ကို ​တီထြင္ခဲ့သူ ​Ray ​Tomlinson ​ဟာ ​အသက္ ​၇၄ ​ႏွစ္မွာ ​ကြယ္လြန္ခဲ့ပါတယ္။

၁၉၇၁ ​ခုႏွစ္တုန္းက ​Ray ​Tomlinson ​ဟာ ​စက္တခုကေန ​ေနာက္တခုအၾကား ​သတင္းေတြ ​ပို႔ႏိုင္တဲ့ ​အီးေမးလ္ ​စနစ္ကို ​တီထြင္ခဲ့တာ ​ျဖစ္ပါတယ္။

အီးေမးလ္ေတြေၾကာင့္ ​လူေတြ ​တစ္ေယာက္နဲ႔ ​တစ္ေယာက္ ​ဆက္ဆံေရးမွာ၊ ​အလုပ္လုပ္တဲ့ ​ေနရာမွာ ​အေျပာင္းအလဲေတြ ​ျဖစ္ေစေပမယ့္ ​Ray ​Tomlinson ​ကေတာ့ ​ဘာမွ ​မစြမ္းေဆာင္ခဲ့သလိုပဲ ​ရိုးရိုးေနၿပီး ​သူ႔ရဲ့ ​စြမ္းရည္ေတြနဲ႔ ​လူကို ​အက်ဳိးျပဳႏိုင္ေအာင္ ​ဆက္လက္ ​ရက္ေရာခဲ့တယ္လို႔ ​ေျပာခြင့္ရပုဂၢိဳလ္က ​ေျပာပါတယ္။

စေနေန႔တုန္းက ​ကြယ္လြန္သြားတာ ​ျဖစ္ၿပီး ​ဘယ္လိုျဖစ္လို႔ ​ေသဆုံးရသလဲ ​ဆိုတာေတာ့ ​မသိရပါဘူး။

အီးေမးလ္ကို ​တီထြင္တဲ့ ​လူ ​ေသဆုံးသြားၿပီ ​ဆိုတဲ့ ​သတင္းက ​အြန္လိုင္းေလာကမွာ ​သတင္းႀကီးေနၿပီး ​သူ႔ကို ​ေက်းဇူးတင္ေၾကာင္း၊ ​ေအာက္ေမ့တဲ့ ​အေၾကာင္းေတြကို ​ေရးသားေနၾကပါတယ္။

Google ​ရဲ့ ​အစိတ္အပိုင္း ​တခုျဖစ္တဲ့ ​Gmail ​ကလည္း ​Ray ​Tomlinson ​လို ​ပုဂၢိဳလ္ေၾကာင့္ ​အီးေမးလ္ဆိုတာ ​ျဖစ္ေပၚလာရတယ္ဆိုၿပီး ​တြစ္တာမွာ ​ဂုဏ္ျပဳခဲ့ပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
..................
 အီးမေးလ်ကို တီထွင်သူ Ray Tomlinson (Credit: ABC licensed)
အမေရိကန်နိုင်ငံက ​အီးမေးလ် ​Email ​ကို ​တီထွင်ခဲ့သူ ​Ray ​Tomlinson ​ဟာ ​အသက် ​၇၄ ​နှစ်မှာ ​ကွယ်လွန်ခဲ့ပါတယ်။

၁၉၇၁ ​ခုနှစ်တုန်းက ​Ray ​Tomlinson ​ဟာ ​စက်တခုကနေ ​နောက်တခုအကြား ​သတင်းတွေ ​ပို့နိုင်တဲ့ ​အီးမေးလ် ​စနစ်ကို ​တီထွင်ခဲ့တာ ​ဖြစ်ပါတယ်။

အီးမေးလ်တွေကြောင့် ​လူတွေ ​တစ်ယောက်နဲ့ ​တစ်ယောက် ​ဆက်ဆံရေးမှာ၊ ​အလုပ်လုပ်တဲ့ ​နေရာမှာ ​အပြောင်းအလဲတွေ ​ဖြစ်စေပေမယ့် ​Ray ​Tomlinson ​ကတော့ ​ဘာမှ ​မစွမ်းဆောင်ခဲ့သလိုပဲ ​ရိုးရိုးနေပြီး ​သူ့ရဲ့ ​စွမ်းရည်တွေနဲ့ ​လူကို ​အကျိုးပြုနိုင်အောင် ​ဆက်လက် ​ရက်ရောခဲ့တယ်လို့ ​ပြောခွင့်ရပုဂ္ဂိုလ်က ​ပြောပါတယ်။

စနေနေ့တုန်းက ​ကွယ်လွန်သွားတာ ​ဖြစ်ပြီး ​ဘယ်လိုဖြစ်လို့ ​သေဆုံးရသလဲ ​ဆိုတာတော့ ​မသိရပါဘူး။

အီးမေးလ်ကို ​တီထွင်တဲ့ ​လူ ​သေဆုံးသွားပြီ ​ဆိုတဲ့ ​သတင်းက ​အွန်လိုင်းလောကမှာ ​သတင်းကြီးနေပြီး ​သူ့ကို ​ကျေးဇူးတင်ကြောင်း၊ ​အောက်မေ့တဲ့ ​အကြောင်းတွေကို ​ရေးသားနေကြပါတယ်။

Google ​ရဲ့ ​အစိတ်အပိုင်း ​တခုဖြစ်တဲ့ ​Gmail ​ကလည်း ​Ray ​Tomlinson ​လို ​ပုဂ္ဂိုလ်ကြောင့် ​အီးမေးလ်ဆိုတာ ​ဖြစ်ပေါ်လာရတယ်ဆိုပြီး ​တွစ်တာမှာ ​ဂုဏ်ပြုခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment