ေျမာက္ကိုရီးယား ႏိုင္ငံ Rajin ဆိပ္ကမ္းတြင္ ဆိုက္ကပ္ထားေသာ ကုန္သေဘၤာတစ္စင္းကို ေတြ႕ရစဥ္။ ဓါတ္ပံု (REUTERS/Yuri Maltsev) |
ဖီလစ္ပိုင္ႏိုင္ငံက အရင္အေမရိကန္ စစ္စခန္းေဟာင္းျဖစ္ခဲ့တဲ့ Subic Bay ဆိပ္ကမ္းမွာ ၾကာသာပေတးေန႔တုန္းက ဆိုက္ကပ္လာတဲ့ MV Jin Teng သေဘၤာေပၚမွာ အျခားသံသယျဖစ္စရာ ကုန္ပစၥည္းေတြ မေတြ႔ရ ေပမယ့္လို႔၊ ေဘးကင္းလံုၿခံဳမႈ ဆိုင္ရာ စည္းမ်ဥ္းေတြ ခ်ိဳးေဖာက္မႈေတြ ရိွေနတာေၾကာင့္ သေဘၤာကို ျပန္ထြက္ခြင့္မေပးခဲ့တာလို႔ စစ္ေဆးေရး အရာရိွေတြက ေျပာပါတယ္။
သေဘၤာဟာ အင္ဒုိနီးရွားဆိပ္ကမ္းတခုကေန ဖိလစ္ပိုင္ႏိုင္ငံကို ေရာက္ရိွလာၿပီး၊ အဲဒီေနာက္ တရုတ္ျပည္ဖက္ ထြက္ခြာဖို႔ ရိွေနတာပါ။ ဒါေပမယ့္ သေဘၤာကို ျပန္ထြက္ခြင့္မေပးပဲ သေဘၤာပါလာတဲ့ သေဘၤာသား ေတြကိုလည္း ေနရပ္ျပန္ပို႔မယ္လို႔ ဖိလစ္ပိုင္ သမၼတရံုး ေျပာခြင့္ရသူက ေျပာပါတယ္။
ေျမာက္ကိုရီယားနဲ႔ ပတ္သက္္လို႔ တင္းၾကပ္တဲ့ အေရးယူမႈေတြ ပါ၀င္တဲ့ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ ဆံုးျဖတ္ခ်က္သစ္ ထြက္လာၿပီးတဲ့ေနာက္၊ ေျမာက္ကိုရီယားႏိုင္ငံရဲ႕ ကုန္သြယ္မႈအေပၚ သက္ေရာက္ ထိခိုက္ေစတဲ့ ပထမဆံုးျဖစ္ရပ္လို႔ ေျပာရမွာပါ။
ဒီ ဆံုးျဖတ္ခ်က္အရဆိုရင္ ႏိုင္ငံျခားတိုင္းျပည္ေတြကို ေလေၾကာင္းကျဖစ္ေစ ပင္လယ္ ေရေၾကာင္းကျဖစ္ေစ ၀င္ေရာက္မယ့္ ေျမာက္ကိုရီးယား ကုန္ပစၥည္းေတြ အားလံုးဟာ အစစ္ေဆး ခံရမွာျဖစ္ၿပီး၊ ကမၻာ့ႏိုင္ငံေတြနဲ႔ ေျမာက္ကိုရီယား လက္နက္ပစၥည္းကုန္သြယ္မႈေတြကို တားျမစ္ထားပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........................................
မြောက်ကိုရီးယား နိုင်ငံ Rajin ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ကုန်သင်္ဘောတစ်စင်းကို တွေ့ရစဉ်။ ဓါတ်ပုံ (REUTERS/Yuri Maltsev)
ဖိလစ်ပိုင်ဆိပ်ကမ်းတခုမှာ ဆိုက်ကပ် ထားတဲ့ မြောက်ကိုရီယား ကုန်တင်သင်္ဘောတစင်းကို ပြန်ထွက်ခွင့်မပေးပဲ ဖမ်းဆီးထားတယ်လို့ ဖိလစ်ပိုင် အစိုးရက ကြေညာပါတယ်။ နိုင်ငံရပ်ခြား ဆိပ်ကမ်းတွေမှာ မြောက်ကိုရီယား သင်္ဘောအားလုံး စစ်ဆေးမှုခံယူဖို့ လိုအပ်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တရပ် ဒီ ထွက်လာပြီးတဲ့နောက် ဖိလစ်ပိုင်နိုင်ငံက အခုလို အရေးယူဆောင်ရွက်လိုက်တာပါ။
ဖီလစ်ပိုင်နိုင်ငံက အရင်အမေရိကန် စစ်စခန်းဟောင်းဖြစ်ခဲ့တဲ့ Subic Bay ဆိပ်ကမ်းမှာ ကြာသာပတေးနေ့တုန်းက ဆိုက်ကပ်လာတဲ့ MV Jin Teng သင်္ဘောပေါ်မှာ အခြားသံသယဖြစ်စရာ ကုန်ပစ္စည်းတွေ မတွေ့ရ ပေမယ့်လို့၊ ဘေးကင်းလုံခြုံမှု ဆိုင်ရာ စည်းမျဉ်းတွေ ချိုးဖောက်မှုတွေ ရှိနေတာကြောင့် သင်္ဘောကို ပြန်ထွက်ခွင့်မပေးခဲ့တာလို့ စစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။
သင်္ဘောဟာ အင်ဒိုနီးရှားဆိပ်ကမ်းတခုကနေ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာပြီး၊ အဲဒီနောက် တရုတ်ပြည်ဖက် ထွက်ခွာဖို့ ရှိနေတာပါ။ ဒါပေမယ့် သင်္ဘောကို ပြန်ထွက်ခွင့်မပေးပဲ သင်္ဘောပါလာတဲ့ သင်္ဘောသား တွေကိုလည်း နေရပ်ပြန်ပို့မယ်လို့ ဖိလစ်ပိုင် သမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။
မြောက်ကိုရီယားနဲ့ ပတ်သက််လို့ တင်းကြပ်တဲ့ အရေးယူမှုတွေ ပါ၀င်တဲ့ ကုလသမဂ္ဂ လုံခြံုရေးကောင်စီ ဆုံးဖြတ်ချက်သစ် ထွက်လာပြီးတဲ့နောက်၊ မြောက်ကိုရီယားနိုင်ငံရဲ့ ကုန်သွယ်မှုအပေါ် သက်ရောက် ထိခိုက်စေတဲ့ ပထမဆုံးဖြစ်ရပ်လို့ ပြောရမှာပါ။
ဒီ ဆုံးဖြတ်ချက်အရဆိုရင် နိုင်ငံခြားတိုင်းပြည်တွေကို လေကြောင်းကဖြစ်စေ ပင်လယ် ရေကြောင်းကဖြစ်စေ ၀င်ရောက်မယ့် မြောက်ကိုရီးယား ကုန်ပစ္စည်းတွေ အားလုံးဟာ အစစ်ဆေး ခံရမှာဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံတွေနဲ့ မြောက်ကိုရီယား လက်နက်ပစ္စည်းကုန်သွယ်မှုတွေကို တားမြစ်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment