အသားညဳိတဲ့ သူေတြမွာ ျဖစ္ေလ့ရွိတဲ့ အေရျပား မႈိတက္သလုိျဖစ္ျခင္းကုိ ေျဖရွင္းနည္းမ်ား
အေရျပားမႈိတက္သလုိ အျဖဴေရာင္အမႈန္မ်ားက အသားေရာင္ မေရြးဘဲ လူတုိင္းမွာ ျဖစ္တတ္ေပမဲ့ ညိဳတဲ့သူေတြမွာဆုိေတာ့ သိသာေနတတ္္ပါတယ္။ ဒီလုိျဖစ္ရျခင္း အေၾကာင္းရင္းက အေရျပားမွာ ေရဓာတ္ေလ်ာ့နည္းျခင္းေၾကာင့္ ျဖစ္ပါတယ္။ ေဆာင္းတြင္းမွာ ေျခာက္ေသြ႔တဲ့ ေလေၾကာင့္ အေရျပားေပၚက အစုိဓာတ္ေလ်ာ့နည္းျပီး အသားအရည္ ပုိမို ေျခာက္ေသြ႔လာတဲ့အတြက္ မႈိတက္သလုိ အျဖဴမႈန္ေသးေသးေလးေတြ ျဖစ္လာတတ္ပါတယ္။ အေရျပားမႈိတက္ျခင္းကုိ ထိန္းသိမ္းႏုိင္ဖို႔အတြက္ နည္းလမ္းေလေတြေဖာ္ျပေပးခ်င္ပါတယ္။
၁)လုိးရွင္းအစား အဆီပါတဲ့ ခရင္မ္တစ္ခုကုိ လိမ္းပါ။လုိးရွင္းမွာပါတဲ့ ပါ၀င္ပစၥည္းေတြက ခရင္မ္ထဲမွာ ပါတဲ့ပါ၀င္ပစၥည္းေတြထက္ ေပ်ာ့တဲ့အတြက္ လုိးရွင္းလိမ္းထားခဲ့ရင္ ခဏပဲ အစုိဓာတ္ထိန္းေပးႏုိင္ျပီး မၾကာခဏ ျပန္လိမ္းေပးဖုိ႔ လုိအပ္ေနပါလိမ့္မယ္။
၂)ေရေႏြးနဲ႔ေရခ်ိဳးျခင္း၊ ဆပ္ျပာတုံးျဖင့္ တုိက္္ျခင္း ကိုေရွာင္ပါ။ေရေႏြးနဲ႔ ေရခ်ဳိးတာက အေၾကာအျခင္ေတြေျပေလ်ာ့ေစတဲ့အတြက္ လန္းဆန္းေစႏုိင္ေပမဲ့ အေရျပားကထြက္တဲ့ သဘာ၀ အဆီကုိ ကုန္ခမ္းေစတဲ့အတြက္ အေရျပားေျခာက္ေသြ႔မႈ ပိုျဖစ္ေစႏုိင္ပါတယ္။
၃)အေရျပားကုိ အဆီတစ္မ်ဳိး အျမဲလိမ္းေပးထားပါ။ေရခ်ဳိးျပီးတာနဲ႔ အေရျပားအရမ္းမေျခာက္ခင္မီမွာ အဆီတစ္မ်ဳိးကုိ အေရျပားထဲ စိမ့္၀င္ေအာင္ ပြတ္ျပီးလိမ္းေပးပါ။ဒါက အဲ့ဒီ အဆီဓာတ္ကုိ ျမန္ျမန္နဲ႔ အေရျပားအတြင္းပုိင္းထိ ေရာက္ေအာင္ စုပ္ယူေစႏုိင္ပါတယ္။
၄) မကုတ္ပါနဲ႔။ေျခာက္ေသြ႔တဲ့အေရျပားက ယားယံေစပါတယ္။ ဒါေပမဲ့ ကုတ္လုိက္တဲ့အတြက္ မႈိတက္သလုိ ပုိျပီးျဖစ္ေစႏုိ္င္ပါတယ္။ ဒါေၾကာင့္ vaseline လုိ အစုိဓာတ္ထိ္န္း ခရင္မ္ဘူးငယ္ တစ္ခုအျမဲေဆာင္ထားျပီး အေရျပားယားယံလာတဲ့အခါ အနည္းငယ္ လိမ္းေပးလုိ႔ရပါတယ္။
၅)တစ္ပတ္တစ္ခါ သပြတ္သီးလုိ အနည္းငယ္ၾကမ္းတဲ့ ဘရပ္ရွ္တစ္ခုနဲ႔ အေရျပားကို ပြတ္တုိ္က္ေပးပါ။အေရျပားေပၚမွာရွိတဲ့ ဆဲလ္အေသေတြေၾကာင့္ မႈိတက္တဲ့ အသားအေရမ်ဳိး ပိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ သပြတ္အူ ဒါမွမဟုတ္ ဘရပ္ရွပ္ ေပၚမွာ ေရခ်ဳိးဆပ္ျပာ အနည္းငယ္ထည့္ျပီး စက္၀ုိင္းသ႑န္လွည့္ျပီး ပြတ္တုိက္ေပးလုိက္ရင္ အေရခြံလဲသလုိ ေသေနတဲ့ ဆဲလ္အေသေတြ ကြာက်သြားျပီး လန္းဆန္းတဲ့အေရျပားကုိ ရရွိႏုိင္ပါလိမ့္မယ္။
၆)ေရေသာက္ပါ။ အစိုထိန္းစက္တစ္လုံး ၀ယ္လုိက္ပါ။ အေရျပားမွာ ေရဓာတ္အျမဲရရွိေနဖုိ႔အတြက္ ေရကုိ ပုံမွန္ေသာက္ေပးဖုိ႔လုိပါတယ္။ျပီးေတာ့ အစုိထိန္းစက္ကလည္း ေျခာက္ေသြ႕တဲ့ေလေၾကာင့္ အေရျပားမႈိမတက္ေအာင္ အစုိဓာတ္ အျမဲထုတ္ေပးႏုိင္ပါတယ္။
Ref: cosmopolitan
...................................
အရေပြားမှိုတက်သလို အဖြူရောင်အမှုန်များက အသားရောင် မရွေးဘဲ လူတိုင်းမှာ ဖြစ်တတ်ပေမဲ့ ညိုတဲ့သူတွေမှာဆိုတော့ သိသာနေတတ််ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းရင်းက အရေပြားမှာ ရေဓာတ်လျော့နည်းခြင်းကြောင့် ဖြစ်ပါတယ်။ ဆောင်းတွင်းမှာ ခြောက်သွေ့တဲ့ လေကြောင့် အရေပြားပေါ်က အစိုဓာတ်လျော့နည်းပြီး အသားအရည် ပိုမို ခြောက်သွေ့လာတဲ့အတွက် မှိုတက်သလို အဖြူမှုန်သေးသေးလေးတွေ ဖြစ်လာတတ်ပါတယ်။ အရေပြားမှိုတက်ခြင်းကို ထိန်းသိမ်းနိုင်ဖို့အတွက် နည်းလမ်းလေတွေဖော်ပြပေးချင်ပါတယ်။
၁)လိုးရှင်းအစား အဆီပါတဲ့ ခရင်မ်တစ်ခုကို လိမ်းပါ။လိုးရှင်းမှာပါတဲ့ ပါ၀င်ပစ္စည်းတွေက ခရင်မ်ထဲမှာ ပါတဲ့ပါ၀င်ပစ္စည်းတွေထက် ပျော့တဲ့အတွက် လိုးရှင်းလိမ်းထားခဲ့ရင် ခဏပဲ အစိုဓာတ်ထိန်းပေးနိုင်ပြီး မကြာခဏ ပြန်လိမ်းပေးဖို့ လိုအပ်နေပါလိမ့်မယ်။
၂)ရေနွေးနဲ့ရေချိုးခြင်း၊ ဆပ်ပြာတုံးဖြင့် တိုက််ခြင်း ကိုရှောင်ပါ။ရေနွေးနဲ့ ရေချိုးတာက အကြောအခြင်တွေပြေလျော့စေတဲ့အတွက် လန်းဆန်းစေနိုင်ပေမဲ့ အရေပြားကထွက်တဲ့ သဘာဝ အဆီကို ကုန်ခမ်းစေတဲ့အတွက် အရေပြားခြောက်သွေ့မှု ပိုဖြစ်စေနိုင်ပါတယ်။
၃)အရေပြားကို အဆီတစ်မျိုး အမြဲလိမ်းပေးထားပါ။ရေချိုးပြီးတာနဲ့ အရေပြားအရမ်းမခြောက်ခင်မီမှာ အဆီတစ်မျိုးကို အရေပြားထဲ စိမ့်ဝင်အောင် ပွတ်ပြီးလိမ်းပေးပါ။ဒါက အဲ့ဒီ အဆီဓာတ်ကို မြန်မြန်နဲ့ အရေပြားအတွင်းပိုင်းထိ ရောက်အောင် စုပ်ယူစေနိုင်ပါတယ်။
၄) မကုတ်ပါနဲ့။ခြောက်သွေ့တဲ့အရေပြားက ယားယံစေပါတယ်။ ဒါပေမဲ့ ကုတ်လိုက်တဲ့အတွက် မှိုတက်သလို ပိုပြီးဖြစ်စေနို်င်ပါတယ်။ ဒါကြောင့် vaseline လို အစိုဓာတ်ထိ်န်း ခရင်မ်ဘူးငယ် တစ်ခုအမြဲဆောင်ထားပြီး အရေပြားယားယံလာတဲ့အခါ အနည်းငယ် လိမ်းပေးလို့ရပါတယ်။
၅)တစ်ပတ်တစ်ခါ သပွတ်သီးလို အနည်းငယ်ကြမ်းတဲ့ ဘရပ်ရှ်တစ်ခုနဲ့ အရေပြားကို ပွတ်တို်က်ပေးပါ။အရေပြားပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကြောင့် မှိုတက်တဲ့ အသားအရေမျိုး ပိုဖြစ်စေပါတယ်။ ဒါကြောင့် သပွတ်အူ ဒါမှမဟုတ် ဘရပ်ရှပ် ပေါ်မှာ ရေချိုးဆပ်ပြာ အနည်းငယ်ထည့်ပြီး စက်ဝိုင်းသဏ္ဍန်လှည့်ပြီး ပွတ်တိုက်ပေးလိုက်ရင် အရေခွံလဲသလို သေနေတဲ့ ဆဲလ်အသေတွေ ကွာကျသွားပြီး လန်းဆန်းတဲ့အရေပြားကို ရရှိနိုင်ပါလိမ့်မယ်။
၆)ရေသောက်ပါ။ အစိုထိန်းစက်တစ်လုံး ၀ယ်လိုက်ပါ။ အရေပြားမှာ ရေဓာတ်အမြဲရရှိနေဖို့အတွက် ရေကို ပုံမှန်သောက်ပေးဖို့လိုပါတယ်။ပြီးတော့ အစိုထိန်းစက်ကလည်း ခြောက်သွေ့တဲ့လေကြောင့် အရေပြားမှိုမတက်အောင် အစိုဓာတ် အမြဲထုတ်ပေးနိုင်ပါတယ်။
Ref: cosmopolitan
0 comments:
Post a Comment