သက္ႀကီးရြယ္အို အႏိုင္က်င့္ ခံရမႈမ်ား
ျပည္ပႏိုင္ငံကေန ၾသစေၾတးလ်ႏိုင္ငံကို လာေရာက္ အေျခခ်တဲ့ သက္ႀကီး ရြယ္အိုေတြ အႏိုင္က်င့္ ခံရတဲ့ ျပႆနာကို ေျဖရွင္းေပးဖို႔ သက္ႀကီး ရြယ္အိုေတြကို အကူအညီေပးေနတဲ့ လူေတြက အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။
ၾသစေၾတးလ်ႏိုင္ငံက လူျဖဴအသိုင္းအဝိုင္းမွာ သက္ႀကီး ရြယ္အိုေတြက မိသားစုနဲ႔ အတူတူ ေနထိုင္ေလ့ မရွိသလို အကူအညီကို ဘယ္ကေန ေတာင္းရမလဲ ဆိုတာကိုလည္း သိရွိၾကပါတယ္။
ဒါေပမဲ့ အဂၤလိပ္ စကားမေျပာတဲ့ သက္ႀကီးရြယ္အိုေတြဟာ အကူအညီ ဘယ္နားမွာ ေတာင္းလို႔ ရမလဲ ဆိုတာကို မသိၾကသလို မိသားစုဝင္ေတြရဲ့ အႏိုင္က်င့္မႈကို မတိုင္ၾကားလိုၾကဘူးလို႔လည္း သိရပါတယ္။
မဲလ္ဘုန္းၿမိဳ႕မွာ သက္ႀကီးရြယ္အိုမ်ား အႏိုင္က်င့္မႈ ပေပ်ာက္ေရး ညီလာခံကို ဒီကေန႔ စတင္ေနတာ ျဖစ္ပါတယ္။
အာရွတိုက္နဲ႔ တျခားေဒသက လူေတြဟာ မိအို ဖအိုေတြ၊ သားသမီး၊ ေျမး၊ ျမစ္နဲ႔ အတူ ေနထိုင္ေလ့ရွိၿပီး မိသားစုေတြကပဲ သက္ႀကီး ရြယ္အိုေတြကို အႏိုင္က်င့္ၾကတာလို႔ ဆိုပါတယ္။
သက္ႀကီး ရြယ္အိုေတြဟာ ေနအိမ္မွာ လစ္လ်ဴရွဳခံေနရၿပီး စိတ္ပိုင္းဆိုင္ရာ၊ ခႏၶကိုယ္ ဆိုင္ရာ အႏိုင္က်င့္မႈေတြအျပင္ ေငြေရးေၾကးေရးအရ အႏိုင္က်င့္ခံေနရတယ္လို႔လည္း သိရပါတယ္။
တခ်ဳိ႕ မိသားစုဝင္ေတြကေတာ့ သက္ႀကီး ရြယ္အိုေတြကို လူအိုရုံ ပို႔ဖို႔သင့္ေပမယ့္ မိအို ဖအိုကို လူအိုရုံပို႔တယ္လို႔ အသိုင္းအဝိုင္းအတြင္းမွာ ေဝဖန္ခံရမွာ စိုးရိမ္လို႔ အိမ္မွာပဲ ထားၿပီး တခါတရံ စိတ္မရွည္လို႔ အႏိုင္က်င့္တဲ့အထိ ျဖစ္သြားတာလို႔လည္း သိရပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
..........
ပြည်ပနိုင်ငံကနေ သြစတြေးလျနိုင်ငံကို လာရောက် အခြေချတဲ့ သက်ကြီး ရွယ်အိုတွေ အနိုင်ကျင့် ခံရတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ သက်ကြီး ရွယ်အိုတွေကို အကူအညီပေးနေတဲ့ လူတွေက အစိုးရကို တောင်းဆိုလိုက်ပါတယ်။
သြစတြေးလျနိုင်ငံက လူဖြူအသိုင်းအဝိုင်းမှာ သက်ကြီး ရွယ်အိုတွေက မိသားစုနဲ့ အတူတူ နေထိုင်လေ့ မရှိသလို အကူအညီကို ဘယ်ကနေ တောင်းရမလဲ ဆိုတာကိုလည်း သိရှိကြပါတယ်။
ဒါပေမဲ့ အင်္ဂလိပ် စကားမပြောတဲ့ သက်ကြီးရွယ်အိုတွေဟာ အကူအညီ ဘယ်နားမှာ တောင်းလို့ ရမလဲ ဆိုတာကို မသိကြသလို မိသားစုဝင်တွေရဲ့ အနိုင်ကျင့်မှုကို မတိုင်ကြားလိုကြဘူးလို့လည်း သိရပါတယ်။
မဲလ်ဘုန်းမြို့မှာ သက်ကြီးရွယ်အိုများ အနိုင်ကျင့်မှု ပပျောက်ရေး ညီလာခံကို ဒီကနေ့ စတင်နေတာ ဖြစ်ပါတယ်။
အာရှတိုက်နဲ့ တခြားဒေသက လူတွေဟာ မိအို ဖအိုတွေ၊ သားသမီး၊ မြေး၊ မြစ်နဲ့ အတူ နေထိုင်လေ့ရှိပြီး မိသားစုတွေကပဲ သက်ကြီး ရွယ်အိုတွေကို အနိုင်ကျင့်ကြတာလို့ ဆိုပါတယ်။
သက်ကြီး ရွယ်အိုတွေဟာ နေအိမ်မှာ လစ်လျူရှုခံနေရပြီး စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓကိုယ် ဆိုင်ရာ အနိုင်ကျင့်မှုတွေအပြင် ငွေရေးကြေးရေးအရ အနိုင်ကျင့်ခံနေရတယ်လို့လည်း သိရပါတယ်။
တချို့ မိသားစုဝင်တွေကတော့ သက်ကြီး ရွယ်အိုတွေကို လူအိုရုံ ပို့ဖို့သင့်ပေမယ့် မိအို ဖအိုကို လူအိုရုံပို့တယ်လို့ အသိုင်းအဝိုင်းအတွင်းမှာ ဝေဖန်ခံရမှာ စိုးရိမ်လို့ အိမ်မှာပဲ ထားပြီး တခါတရံ စိတ်မရှည်လို့ အနိုင်ကျင့်တဲ့အထိ ဖြစ်သွားတာလို့လည်း သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment