မီခ်ီဂန္ ေဖေဖာ္ဝါရီ ၂၂
ကယ္လ္မာဇူစီရင္စု၌ လူေျခာက္ဦးအား စေနေန႔က ေသနတ္ျဖင့္ အေသပစ္သတ္ခဲ့မႈတြင္ ျပစ္မႈက်ဴးလြန္သည္ဟု သံသယရွိသူ မီခ်ီဂန္မွ အမ်ဳိးသား တစ္ဦးအား တနဂၤေႏြေန႔က ဖမ္းဆီးထားေၾကာင္း သိရသည္။ အဆုိုပါ အမ်ဳိးသားသည္ Uber ကားပစၥည္းဝန္ေဆာင္မႈ ကုမၸဏီမွ ယာဥ္ေမာင္းတစ္ဦးျဖစ္ၿပီး အခင္းျဖစ္ပြားသည့္ညက လာေရာက္ အားေပးသူမ်ားအား ေမာင္းထုတ္ခဲ့သည္ဟု ရဲဌာန၏စုံစမ္းစစ္ေဆး မႈမ်ားက ေဖာ္ျပသည္။
တရားစြဲဆုိသူမ်ားက ဂ်က္ဆန္ဒယ္လ္တန္ (၄၅ ႏွစ္) သည္ ဒက္ထ႐ြိဳက္ အေနာက္ပုိင္းမွ မိုင္ေပါင္း ၁၅ဝ (၂၄ဝ ကီလိုမီတာ) အကြာ၊ ကယ္လ္မာဇူရွိ ခရက္ကာဘာရယ္စားေသာက္ဆုိင္၊ ကား အေရာင္းဆုိင္ႏွင့္ တုိက္ခန္းအျပင္ဘက္ ကားပါကင္တြင္ ႀကိဳတင္ႀကံစည္ ထားျခင္းမရွိဘဲ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည္ဟု ဆုိသည္။
ေသနတ္ပစ္ခတ္မႈအတြင္း ဆယ္ေက်ာ္သက္အရြယ္ မိန္းကေလး တစ္ဦးဒဏ္ရာရရွိခဲ့ၿပီး မိန္းကေလးမွာ အသက္ဆုံး႐ႈံးရဖြယ္ရွိေၾကာင္း သိရသည္။ စေနေန႔ညက ငါးနာရီၾကာျဖစ္ပြားသည့္ အဆုိပါပစ္ခတ္မႈ အတြင္း အယ္လ္တန္သည္ Uber ကုမၸဏီအတြက္ လုပ္ေဆာင္ခဲ့ျခင္း ဟုတ္မဟုတ္ကုိ အာဏာပုိင္မ်ားက အတည္ျပဳေျပာဆုိျခင္းမရွိေသးေပ။
လူဦးေရ ၇၅ဝဝဝ ေနထုိင္သည့္ ကယ္လ္မာဇူေဒသသည္ ေသနတ္ ကုိင္ေဆာင္မႈမ်ားကုိ တင္းက်ပ္ေနခ်ိန္တြင္ ယင္းကဲ့သုိ႔ေသာ အစုလိုက္ အၿပံဳလိုက္ ေသနတ္ပစ္ခတ္မႈ ေနာက္ဆုံးျဖစ္ပြားခဲ့သည့္ေနရာျဖစ္ သည္။
(႐ိုက္တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
...................
မီချီဂန် ဖေဖော်ဝါရီ ၂၂
ကယ်လ်မာဇူစီရင်စု၌ လူခြောက်ဦးအား စနေနေ့က သေနတ်ဖြင့် အသေပစ်သတ်ခဲ့မှုတွင် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ မီချီဂန်မှ အမျိုးသား တစ်ဦးအား တနင်္ဂနွေနေ့က ဖမ်းဆီးထားကြောင်း သိရသည်။ အဆိုုပါ အမျိုးသားသည် Uber ကားပစ္စည်းဝန်ဆောင်မှု ကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားသည့်ညက လာရောက် အားပေးသူများအား မောင်းထုတ်ခဲ့သည်ဟု ရဲဌာန၏စုံစမ်းစစ်ဆေး မှုများက ဖော်ပြသည်။
တရားစွဲဆိုသူများက ဂျက်ဆန်ဒယ်လ်တန် (၄၅ နှစ်) သည် ဒက်ထရွိုက် အနောက်ပိုင်းမှ မိုင်ပေါင်း ၁၅ဝ (၂၄ဝ ကီလိုမီတာ) အကွာ၊ ကယ်လ်မာဇူရှိ ခရက်ကာဘာရယ်စားသောက်ဆိုင်၊ ကား အရောင်းဆိုင်နှင့် တိုက်ခန်းအပြင်ဘက် ကားပါကင်တွင် ကြိုတင်ကြံစည် ထားခြင်းမရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
သေနတ်ပစ်ခတ်မှုအတွင်း ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦးဒဏ်ရာရရှိခဲ့ပြီး မိန်းကလေးမှာ အသက်ဆုံးရှုံးရဖွယ်ရှိကြောင်း သိရသည်။ စနေနေ့ညက ငါးနာရီကြာဖြစ်ပွားသည့် အဆိုပါပစ်ခတ်မှု အတွင်း အယ်လ်တန်သည် Uber ကုမ္ပဏီအတွက် လုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ်ကို အာဏာပိုင်များက အတည်ပြုပြောဆိုခြင်းမရှိသေးပေ။
လူဦးရေ ရ၅ဝဝဝ နေထိုင်သည့် ကယ်လ်မာဇူဒေသသည် သေနတ် ကိုင်ဆောင်မှုများကို တင်းကျပ်နေချိန်တွင် ယင်းကဲ့သို့သော အစုလိုက် အပြုံလိုက် သေနတ်ပစ်ခတ်မှု နောက်ဆုံးဖြစ်ပွားခဲ့သည့်နေရာဖြစ် သည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment