တူရကီတပ်ဖွဲ့က ကာ့ဒ်လူမျိုး ၁၅၀ ခန့်ကို အရှင်လတ်လတ် မီးရှို့
ဝါရှင်တန် ၊ ၂၃-၂-၂၀၁၆
PyiChitThar
............
၀ါရှင်တန် ၊ ၂၃-၂-၂၀၁၆
တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဆာနက်ခ် ပြည်နယ် စီကာခရိုင်မှ ကာ့ဒ်လူမျိုး ၁၅ဝ ခန့်ကို တူရကီ တပ်ဖွဲ့ဝင်များက အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရှို့ခံရသူ အားလုံးမှာ ကာ့ဒ် မျိုးနွယ်စုဝင်များ ဖြစ်ကြပြီး ယင်း မီးရှို့ခံရသူ တချို့မှာ ဦးခေါင်း အဖြတ်ခံခဲ့ ရခြင်း ဖြစ်ကြောင်း သေဆုံးသူမ ျားသည် ခန္ဓာကိုယ် တစ်ကိုယ်လုံး လောင်ကျွမ်း သွားသောကြောင့် အလောင်းများကို ခွဲစိတ် စစ်ဆေးရန် မလုပ်ဆောင် နိုင်တော့ကြောင်း မျက်မြင် သက်သေ တစ်ဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြား ထားသည်။
ကာ့ဒ် ပြည်သူ့စစ် အဖွဲ့သည် နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက် နေသည်ဟု တူရကီ အစိုးရက အခိုင်အမာ ပြောကြားထားပြီး ဆီးရီးယားနိုင်ငံ အတွင်းရှိ ကာ့ဒ်တပ်ဖွဲ့ ၏ စခန်းများကို လွန်ခဲ့သောလမှ စတင်ကာ တိုက်ခိုက်မှုများ အကြိမ်ကြိမ် လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
0 comments:
Post a Comment