ၾကယ္ငါးပြင့္ ဇိမ္ခံ ဟိုတယ္ကဲ့သို႔ အက်ဥ္းေထာင္ မကၠဆီကုိ အာဏာပိုင္ မ်ားေတြ႕ရိွ

မၾကာေသးမီက ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့သည့္ ဟိုပိုခ်ီကုိ အက်ဥ္းေထာင္ အား မကၠဆီကို အာဏာပိုင္ မ်ားက စစ္ ေဆးရာ ဇိမ္ခံ ဟိုတယ္ အလား ေတြ႕ရသည္ ဟု ဆုိသည္။

အဆုိပါ ေထာင္တြင္း အၾကမ္းဖက္ မႈျဖစ္စဥ္အတြင္း အက်ဥ္းသား ၄၉ ဦး ေသဆံုးခဲ့ရာ သက္ဆုိင္ရာ ေထာင္မွဴးႏွင့္ အေစာင့္ မ်ားကို ဖမ္းဆီး စစ္ေဆးေနသည္ ဟု သိရ သည္။

အဆုိပါ ေထာင္ ကို သက္ဆုိင္ရာက အေသးစိတ္ စစ္ေဆးရာတြင္ ၾကယ္ ၅ ပြင့္ အဆင့္ ဟုိတယ္အလား ဇိမ္ခံပစၥည္း မ်ား ျပည့္ႏွက္ေနေၾကာင္းေတြ႕ရသည္ဟု ေဒသခံ ဘီဘီစီ သတင္းေထာက္ ကဆုိသည္။

ေရေႏြးေငြ႕ေပါင္းခံခန္းမ်ား၊ အရက္ ဘားမ်ား၊ စားေသာက္ဖြယ္ စံုလင္လွသည့္ ေၾကာင္အိမ္မ်ား၊ အလွငါးေမြး ကန္မ်ား၊ ေရခဲေသတၱာ မ်ားႏွင့္ ေကဘယ္႐ုပ္သံဖမ္း စက္မ်ားေတြ႕ရသည္ဟု ဆိုသည္။

အဆုိပါ ဇိမ္ခံပစၥည္းမ်ားကို မူးယစ္ ရာဇာမ်ားႏွင့္ ရာဇဝတ္မႈ အခါေပးေခါင္း ေဆာင္ႀကီးမ်ား သံုးစဲြၾကသည္ ဟု ဆုိသည္။

စားေသာက္ကုန္ ထားရိွသည့္ စင္ ၂၈ဝ ႏွင့္ ဟင္းသီးဟင္းရြက္စင္ မ်ားကို ေတြ႕ရရာ အက်ဥ္းသားမ်ားကို စီးပြားျဖစ္ေရာင္းခ် ရန္ျဖစ္သည္ ဟု ယူဆရသည္။ အာဏာပိုင္ မ်ား၏ သတင္းထုတ္ျပန္ခ်က္အရ အႀကီး စား စက္ယႏၲရားမ်ား အပါအဝင္ ဇိမ္ခံ ပရိေဘာဂမ်ားႏွင့္ အျခား ပစၥည္းမ်ားကို လည္း အက်ဥ္းေထာင္အတြင္း ေတာင္ပုံ ရာပံု ေတြ႕ရသည္ဟု သိရသည္။

ၿပီးခဲ့သည့္ ၾကာသပေတးေန႔က ေထာင္တြင္း အၾကမ္းဖက္မႈ ျဖစ္ပြားခဲ့ရာ ဇီတာမူးယစ္ဂိုဏ္းႏွင့္ ၄င္း၏ဂိုဏ္းခဲြၾကား အေခ်အတင္ျဖစ္ ခဲ့ရာမွ အဓိက႐ုဏ္း ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ႏွစ္ဖက္ တုိက္ခိုက္မႈမ်ား အတြင္း တူအလက္ ၆ဝ၊ မီးဖိုေခ်ာင္သံုး ဓား ၈၆ ေခ်ာင္းႏွင့္ မုတ္ဆိတ္ ရိတ္ဓား ၁၂ဝ ခန္႔တုိ႔ျဖင့္ သံုးစဲြတုိက္ခုိက္ခဲ့သည္ဟု လီယြန္ ႏူဗိုၿမိဳ႕ေတာ္ဝန္ ေဂ်မီ႐ိုဒရီဂြတ္ကဆုိသည္။

မကၠဆီကို အစိုးရအေနျဖင့္ ျဖစ္စဥ္ကို အထူး အေလးထား စံုစမ္းစစ္ေဆးရန္ ယမန္ေန႔က ကုလသမဂၢမွ တုိက္တြန္းခဲ့ၿပီး ျဖစ္ ပ်က္သမွ် ကိုေသဆံုး သူမ်ား၏ မိသား စုမ်ားအား အသိေပးရန္ ႏိႈးေဆာ္ခဲ့သည္။

မြန္ထရီၿမိဳ႕ အာဏာပိုင္ မ်ားကတာဝန္ရိွ သူမ်ားကို ျပင္းထန္စြာ အေရးယူသြား မည္ျဖစ္ၿပီး ေသဆံုး သူမ်ား၏ မိသားစုဝင္ မ်ား ကုိ ေတာင္းပန္မည္ ဟုဆုိသည္။ ေဒသခံ အထူးသတင္းေထာက္ ဝမ္မင္ဒီးက ေထာင္တြင္း လူေနမႈ အေျခအေန ကြာျခားမႈက အၾကမ္း ဖက္မႈကို ဦးတည္ေစေၾကာင္း ေျပာသည္။

TTBT
Popular Myanmar
................
 ကြယ်ငါးပွင့် ဇိမ်ခံ ဟိုတယ်ကဲ့သို့ အကျဉ်းထောင် မက္ကဆီကို အာဏာပိုင် များတွေ့ရှိ



မကြာသေးမီက ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် ဟိုပိုချီကို အကျဉ်းထောင် အား မက္ကဆီကို အာဏာပိုင် များက စစ် ဆေးရာ ဇိမ်ခံ ဟိုတယ် အလား တွေ့ရသည် ဟု ဆိုသည်။

အဆိုပါ ထောင်တွင်း အကြမ်းဖက် မှုဖြစ်စဉ်အတွင်း အကျဉ်းသား ၄၉ ဦး သေဆုံးခဲ့ရာ သက်ဆိုင်ရာ ထောင်မှူးနှင့် အစောင့် များကို ဖမ်းဆီး စစ်ဆေးနေသည် ဟု သိရ သည်။

အဆိုပါ ထောင် ကို သက်ဆိုင်ရာက အသေးစိတ် စစ်ဆေးရာတွင် ကြယ် ၅ ပွင့် အဆင့် ဟိုတယ်အလား ဇိမ်ခံပစ္စည်း များ ပြည့်နှက်နေကြောင်းတွေ့ရသည်ဟု ဒေသခံ ဘီဘီစီ သတင်းထောက် ကဆိုသည်။

ရေနွေးငွေ့ပေါင်းခံခန်းများ၊ အရက် ဘားများ၊ စားသောက်ဖွယ် စုံလင်လှသည့် ကြောင်အိမ်များ၊ အလှငါးမွေး ကန်များ၊ ရေခဲသေတ္တာ များနှင့် ကေဘယ်ရုပ်သံဖမ်း စက်များတွေ့ရသည်ဟု ဆိုသည်။

အဆိုပါ ဇိမ်ခံပစ္စည်းများကို မူးယစ် ရာဇာများနှင့် ရာဇဝတ်မှု အခါပေးခေါင်း ဆောင်ကြီးများ သုံးစွဲကြသည် ဟု ဆိုသည်။

စားသောက်ကုန် ထားရှိသည့် စင် ၂၈ဝ နှင့် ဟင်းသီးဟင်းရွက်စင် များကို တွေ့ရရာ အကျဉ်းသားများကို စီးပွားဖြစ်ရောင်းချ ရန်ဖြစ်သည် ဟု ယူဆရသည်။ အာဏာပိုင် များ၏ သတင်းထုတ်ပြန်ချက်အရ အကြီး စား စက်ယန္တရားများ အပါအဝင် ဇိမ်ခံ ပရိဘောဂများနှင့် အခြား ပစ္စည်းများကို လည်း အကျဉ်းထောင်အတွင်း တောင်ပုံ ရာပုံ တွေ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ထောင်တွင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ဇီတာမူးယစ်ဂိုဏ်းနှင့် ၄င်း၏ဂိုဏ်းခွဲကြား အချေအတင်ဖြစ် ခဲ့ရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် တိုက်ခိုက်မှုများ အတွင်း တူအလက် ၆ဝ၊ မီးဖိုချောင်သုံး ဓား ၈၆ ချောင်းနှင့် မုတ်ဆိတ် ရိတ်ဓား ၁၂ဝ ခန့်တို့ဖြင့် သုံးစွဲတိုက်ခိုက်ခဲ့သည်ဟု လီယွန် နူဗိုမြို့တော်ဝန် ဂျေမီရိုဒရီဂွတ်ကဆိုသည်။

မက္ကဆီကို အစိုးရအနေဖြင့် ဖြစ်စဉ်ကို အထူး အလေးထား စုံစမ်းစစ်ဆေးရန် ယမန်နေ့က ကုလသမဂ္ဂမှ တိုက်တွန်းခဲ့ပြီး ဖြစ် ပျက်သမျှ ကိုသေဆုံး သူများ၏ မိသား စုများအား အသိပေးရန် နှိုးဆော်ခဲ့သည်။

မွန်ထရီမြို့ အာဏာပိုင် များကတာဝန်ရှိ သူများကို ပြင်းထန်စွာ အရေးယူသွား မည်ဖြစ်ပြီး သေဆုံး သူများ၏ မိသားစုဝင် များ ကို တောင်းပန်မည် ဟုဆိုသည်။ ဒေသခံ အထူးသတင်းထောက် ဝမ်မင်ဒီးက ထောင်တွင်း လူနေမှု အခြေအနေ ကွာခြားမှုက အကြမ်း ဖက်မှုကို ဦးတည်စေကြောင်း ပြောသည်။

TTBT
Popular Myanmar
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment