ဒါကာ ၊ ၂၃-၂-၂၀၁၆
ဘဂၤလားေဒ့ရွ္ ႏုိင္ငံ ေျမာက္ပုိင္း ပန္ခ်ာဂါ့သ္ ခ႐ုိင္ရွိ ဟိႏၵဴ ဘုရားေက်ာင္း တစ္ခု၌ ဟိႏၵဴ ဘာသာေရး ေခါင္းေဆာင္ တစ္ဦးကုိ ISIS အၾကမ္းဖက္ အဖြဲ႕က ေခါင္းျဖတ္ ကြပ္မ်က္ခဲ့ေၾကာင္း ၄င္းအဖြဲ႕၏ ထုတ္ျပန္ခ်က္ အရ သိရသည္။
ပစၥတုိမ်ားႏွင့္ ဓားမ်ား ကိုင္ေဆာင္ ထားသည့္ ISIS အၾကမ္းဖက္ အဖြဲ႕ဝင္ ႏွစ္ဦးသည္ ေဖေဖာ္ဝါရီ ၂၁ ရက္က ဘုရားေက်ာင္း အတြင္းသို႔ ဝင္ေရာက္ၿပီး ဘာသာေရး ေခါင္းေဆာင္ကို တုိက္ခိုက္ ခဲ့ျခင္း ျဖစ္ေၾကာင္း ႏွင့္ တုိက္ခိုက္မႈ အတြင္း ၄င္းကို ကယ္ဆယ္ရန္ ႀကိဳးပမ္းခဲ့ေသာ ဘုရားဝတ္ျပဳ ေနသူ ႏွစ္ဦးလည္း ဒဏ္ရာရရွိ ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားသည္။
ISIS အၾကမ္းဖက္ အဖြဲ႕က ယင္း တုိက္ခုိက္မႈမွာ ၄င္းတုိ႔ လက္ခ်က္ ျဖစ္ေၾကာင္း ထုတ္ျပန္ ထားသည္။
အဆုိပါ ေခါင္းျဖတ္ ကြပ္မ်က္မႈသည္ ISIS အၾကမ္းဖက္ အဖြဲ႕အေနျဖင့္ ႏုိင္ငံအတြင္း မည္သည့္ အၾကမ္းဖက္မႈမွ် လုပ္ေဆာင္ျခင္း မရွိႏုိင္ဟု ဘဂၤလားေဒ့ရွ္ အစုိးရက အခုိင္အမာ ေျပာၾကားေနစဥ္ ထြက္ေပၚ လာျခင္း ျဖစ္သည္။
ISIS အၾကမ္းဖက္ အဖြဲ႕သည္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တုိဘာလ ကလည္း ဒါကာၿမိဳ႕ရွိ ရွီးယိုက္ ဘာသာေရး အေဆာက္အအုံ တစ္ခုကုိ ပစ္မွတ္ထား၍ လက္ပစ္ဗုံးျဖင့္ ပစ္ခတ္ တုိက္ခိုက္ခဲ့ရာ တစ္ဦး ေသဆုံးၿပီး ၈ဝ ဦး
ဒဏ္ရာရရွိ ခဲ့ေၾကာင္း သိရသည္။
PyiChitThar
http://www.pyichitthar.com
...............
ဒါကာ ၊ ၂၃-၂-၂၀၁၆
ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြောက်ပိုင်း ပန်ချာဂါ့သ် ခရိုင်ရှိ ဟိန္ဒူ ဘုရားကျောင်း တစ်ခု၌ ဟိန္ဒူ ဘာသာရေး ခေါင်းဆောင် တစ်ဦးကို ISIS အကြမ်းဖက် အဖွဲ့က ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း ၄င်းအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
ပစ္စတိုများနှင့် ဓားများ ကိုင်ဆောင် ထားသည့် ISIS အကြမ်းဖက် အဖွဲ့ဝင် နှစ်ဦးသည် ဖေဖော်ဝါရီ ၂၁ ရက်က ဘုရားကျောင်း အတွင်းသို့ ဝင်ရောက်ပြီး ဘာသာရေး ခေါင်းဆောင်ကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း နှင့် တိုက်ခိုက်မှု အတွင်း ၄င်းကို ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော ဘုရားဝတ်ပြု နေသူ နှစ်ဦးလည်း ဒဏ်ရာရရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ISIS အကြမ်းဖက် အဖွဲ့က ယင်း တိုက်ခိုက်မှုမှာ ၄င်းတို့ လက်ချက် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
အဆိုပါ ခေါင်းဖြတ် ကွပ်မျက်မှုသည် ISIS အကြမ်းဖက် အဖွဲ့အနေဖြင့် နိုင်ငံအတွင်း မည်သည့် အကြမ်းဖက်မှုမျှ လုပ်ဆောင်ခြင်း မရှိနိုင်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရက အခိုင်အမာ ပြောကြားနေစဉ် ထွက်ပေါ် လာခြင်း ဖြစ်သည်။
ISIS အကြမ်းဖက် အဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ကလည်း ဒါကာမြို့ရှိ ရှီးယိုက် ဘာသာရေး အဆောက်အအုံ တစ်ခုကို ပစ်မှတ်ထား၍ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးပြီး ၈ဝ ဦး
ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
0 comments:
Post a Comment