ေသဆုံးသူ ၆ ဦးအတြက္ အမွတ္ရပြဲကို တနဂၤေႏြေန႔က ျပဳလုပ္ခဲ့ၾက။ |
၄၅ ႏွစ္အရြယ္ Jason Brian Dalton အေနနဲ႔ လူသတ္မွု စြဲခ်က္ေတြနဲ႔ တရားရင္ဆိုင္ ရမယ္လို႔ ျပည္နယ္ အမွုစြဲ ေရွ႕ေနေတြက ေျပာပါတယ္။
ခလာမက္ဇူး ၿမိဳ႕က ေနရာ သုံးေနရာမွာ သူနဲ႔ မသိကၽြမ္းတဲ့ သူေတြကို ပစ္ခတ္ ခဲ့ၿပီးေနာက္ မစၥတာ ေဒၚလ္တန္ကို ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။
မစၥတာ ေဒၚလ္တန္ဟာ အူဘာ အငွားကား ေမာင္းသူ ျဖစ္ၿပီး အဲဒီ ပစ္ခတ္မွု တစ္ခုနဲ႔တစ္ခု ၾကားမွာ ခရီးသည္ေတြ တင္ၿပီး ပို႔ေဆာင္ ေပးခဲ့ေသးတယ္လို႔ သတင္းေတြက ဆိုပါတယ္။
သူ႔ရဲ့ ေနာက္ေၾကာင္း ရာဇဝင္ကို အူဘာ ကုမၸဏီက စစ္ေဆးၿပီးမွ ခန္႔ခဲ့တာလို႔ ေျပာသလို၊ ရဲတပ္ဖြဲ႕ကလည္း သူ႔မွာ ရာဇဝတ္မွု က်ဴးလြန္ဖူးတဲ့ မွတ္တမ္း မရွိဘူးလို႔ ဆိုပါတယ္။
အခုလို သူနဲ႔ လုံးဝ မသိတဲ့ လူေတြကို ပစ္ခတ္ ခဲ့ရတဲ့ အေၾကာင္းကို မေဖာ္ထုတ္ နိုင္ဘူးလို႔ ျပည္သူ႔ လုံျခဳံေရး အႀကီးအကဲ Jeffrey Hadley က စီအန္အန္ သတင္းဌာနကို ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
................
သေဆုံးသူ ၆ ဦးအတွက် အမှတ်ရပွဲကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြ။
အမေရိကန် ပြည်ထောင်စု၊ မစ်ချီဂန် ပြည်နယ်၊ ခလာမက်ဇူး မြို့မှာ ပြီးခဲ့တဲ့ စနေနေ့က တက္ကစီ ဒရိုင်ဘာ တစ်ယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး ခဲ့ရပြီးနောက် အဲဒီလို ပစ်ခတ်ရတဲ့ အကြောင်းရင်းကို မစ်ချီဂန် ပြည်နယ် အရာရှိတွေ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
၄၅ နှစ်အရွယ် Jason Brian Dalton အနေနဲ့ လူသတ်မှု စွဲချက်တွေနဲ့ တရားရင်ဆိုင် ရမယ်လို့ ပြည်နယ် အမှုစွဲ ရှေ့နေတွေက ပြောပါတယ်။
ခလာမက်ဇူး မြို့က နေရာ သုံးနေရာမှာ သူနဲ့ မသိကျွမ်းတဲ့ သူတွေကို ပစ်ခတ် ခဲ့ပြီးနောက် မစ္စတာ ဒေါ်လ်တန်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဒေါ်လ်တန်ဟာ အူဘာ အငှားကား မောင်းသူ ဖြစ်ပြီး အဲဒီ ပစ်ခတ်မှု တစ်ခုနဲ့တစ်ခု ကြားမှာ ခရီးသည်တွေ တင်ပြီး ပို့ဆောင် ပေးခဲ့သေးတယ်လို့ သတင်းတွေက ဆိုပါတယ်။
သူ့ရဲ့ နောက်ကြောင်း ရာဇဝင်ကို အူဘာ ကုမ္ပဏီက စစ်ဆေးပြီးမှ ခန့်ခဲ့တာလို့ ပြောသလို၊ ရဲတပ်ဖွဲ့ကလည်း သူ့မှာ ရာဇဝတ်မှု ကျူးလွန်ဖူးတဲ့ မှတ်တမ်း မရှိဘူးလို့ ဆိုပါတယ်။
အခုလို သူနဲ့ လုံးဝ မသိတဲ့ လူတွေကို ပစ်ခတ် ခဲ့ရတဲ့ အကြောင်းကို မဖော်ထုတ် နိုင်ဘူးလို့ ပြည်သူ့ လုံခြုံရေး အကြီးအကဲ Jeffrey Hadley က စီအန်အန် သတင်းဌာနကို ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment