အခု သီတင္းပတ္ ေႏွာင္းပိုင္း က စၿပီး အပစ္ရပ္ စတင္ၾကဖို႔ အေမရိကန္ နဲ႔ ႐ုရွား တို႔ က ကမကထ လုပ္ ၿပီး သေဘာတူမွု ရယူ ထား။ |
အစၥလာမ္မစ္ နိုင္ငံ IS အဖြဲ႕ရဲ့ ေနရာ ေတြကို ပစ္မွတ္ ထားတယ္ ဆိုၿပီး အလက္ပ္ပို ၿမိဳ႕ မွာ ေလေၾကာင္း တိုက္ခိုက္မွု ေတြ ဆက္လက္ လုပ္ေဆာင္ ေနတဲ့ ႐ုရွား ရဲ့ အျပဳအမူ အေပၚ မွာလည္း ဝန္ႀကီး ကယ္ရီ က ေမးခြန္း ထုတ္ ပါတယ္။
ဆီးရီးယား အစိုးရတပ္ နဲ႔ ဘာသာေရး အစြန္းေရာက္ မဟုတ္ၾကတဲ့ သူပုန္ အဖြဲ႕ ေတြ ၾကား အခု သီတင္းပတ္ ေႏွာင္းပိုင္း က စၿပီး အပစ္ရပ္ စတင္ၾကဖို႔ အေမရိကန္ နဲ႔ ႐ုရွား တို႔ က ကမကထ လုပ္ ၿပီး သေဘာတူမွု ရယူ ထားပါတယ္။
အဲဒီ့ အပစ္ရပ္ သေဘာတူမွု ကို ဆီးရီးယား အစိုးရ နဲ႔ HNC လို႔ ေခၚတဲ့ အဓိက သူပုန္ ညြန္႔ေပါင္း အဖြဲ႕ တို႔ လက္ခံ ထားၾက ပါတယ္။
အပစ္ရပ္ သေဘာတူမွု ေနာက္ပိုင္း ေပၚေပါက္ လာမယ့္ နိုင္ငံေရး ေဆြးေႏြးပြဲ ေတြ က်င္းပ နိုင္ဖို႔ ဆီးရီးယား နိုင္ငံ ထဲ ထားရွိထားတဲ့ သူတို႔ရဲ့ ေလတပ္ အေျခစိုက္ စခန္း ကို ျပင္ဆင္ ထားတယ္ ဆိုၿပီး ႐ုရွား က ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
............
အခု သီတင်းပတ် နှောင်းပိုင်း က စပြီး အပစ်ရပ် စတင်ကြဖို့ အမေရိကန် နဲ့ ရုရှား တို့ က ကမကထ လုပ် ပြီး သဘောတူမှု ရယူ ထား။
ဆီးရီးယား ထဲက တိုက်ပွဲ တွေ ကို အခု အချိန်မှာ ခပ်မြန်မြန် အဆုံးမသတ်နိုင်ဘူး ဆိုရင် နိုင်ငံပြိုကွဲ သွားမယ့် အန္တရာယ်ကို တားဆီးဖို့ ခက်လိမ့် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောလိုက် ပါတယ်။
အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ နေရာ တွေကို ပစ်မှတ် ထားတယ် ဆိုပြီး အလက်ပ်ပို မြို့ မှာ လေကြောင်း တိုက်ခိုက်မှု တွေ ဆက်လက် လုပ်ဆောင် နေတဲ့ ရုရှား ရဲ့ အပြုအမူ အပေါ် မှာလည်း ဝန်ကြီး ကယ်ရီ က မေးခွန်း ထုတ် ပါတယ်။
ဆီးရီးယား အစိုးရတပ် နဲ့ ဘာသာရေး အစွန်းရောက် မဟုတ်ကြတဲ့ သူပုန် အဖွဲ့ တွေ ကြား အခု သီတင်းပတ် နှောင်းပိုင်း က စပြီး အပစ်ရပ် စတင်ကြဖို့ အမေရိကန် နဲ့ ရုရှား တို့ က ကမကထ လုပ် ပြီး သဘောတူမှု ရယူ ထားပါတယ်။
အဲဒီ့ အပစ်ရပ် သဘောတူမှု ကို ဆီးရီးယား အစိုးရ နဲ့ HNC လို့ ခေါ်တဲ့ အဓိက သူပုန် ညွန့်ပေါင်း အဖွဲ့ တို့ လက်ခံ ထားကြ ပါတယ်။
အပစ်ရပ် သဘောတူမှု နောက်ပိုင်း ပေါ်ပေါက် လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ ကျင်းပ နိုင်ဖို့ ဆီးရီးယား နိုင်ငံ ထဲ ထားရှိထားတဲ့ သူတို့ရဲ့ လေတပ် အခြေစိုက် စခန်း ကို ပြင်ဆင် ထားတယ် ဆိုပြီး ရုရှား က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment