ေတာင္တရုတ္ ပင္လယ္ျပင္ထဲက နယ္ေျမပို္င္ဆိုင္မႈ အျငင္းပြားေနတဲ့ကၽြန္း (Courtesy of Stratfor) |
အေမရိကန္ႏိုင္ငံႏိုင္ငံျခားေရး၀န္ႀကီး John Kerry နဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔အတြက္ တရုတ္ႏိုင္ငံျခားေရး၀န္ႀကီး Wang Yi အေမရိကန္ႏိုင္ငံကို မလာခင္ေလးမွာပဲ ၀ါရွင္တန္ အေျခစိုက္ မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရးအဖဲြ႔ CSIS က ဒီအစီရင္ခံစာကို ထုတ္ျပန္လိုက္တာပါ။
CSIS ရဲ႕ အာရွေဒသ ေရေၾကာင္းဆုိင္ရာ ပြင့္လင္းျမင္သာေရးဌာနက ၿဂိဳလ္တုကေနရိုက္ယူထားတဲ့ ပံုေတြကို ထုတ္ျပန္လိုက္ၿပီး အဲဒီထဲမွာေတာ့Spratly ကၽြန္းစုထဲမွာ ႐ွိတဲ့ Cuarteron ေက်ာက္တန္းေပၚမွာ အဆင္ျမင့္ ေရဒါစနစ္တခု၊ မီးျပတိုက္တခု၊ ရဟတ္ယာဥ္ဆင္းသက္ႏိုင္မယ့္ေနရာတခု၊ ေျမေအာက္ ကတုတ္က်င္းနဲ႔ တျခား ဆက္သြယ္ေရး ပစၥည္းကိရိယာေတြပါတဲ့ ပံုေတြကို ေတြ႔ရပါတယ္။
ဒီ ေရဒါစနစ္ဟာ ေတာင္တရုတ္ ပင္လယ္ျပင္ရဲ႕ ေျမာက္ဘက္မွာ ေျမျပင္နဲ႔ ေဝဟင္ အသြားအလာေတြအေပၚ ေစာင့္ၾကည့္ႏိုင္စြမ္း အမ်ားႀကီးပိုေကာင္းသြားမယ့္ စနစ္ျဖစ္တယ္လို႔အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္၊ Spratly ကၽြန္းစုေတြထဲက တျခားကၽြန္းငယ္ေတြေပၚမွာလဲ ေရဒါစနစ္ေတြ တည္ေဆာက္ေနပံုရတယ္လို႔ CSIS ကေျပာပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................
တောင်တရုတ် ပင်လယ်ပြင်ထဲက နယ်မြေပို်င်ဆိုင်မှု အငြင်းပွားနေတဲ့ကျွန်း (Courtesy of Stratfor)
တရုတ်ဟာဒေသကို ထိန်းချုပ်နို်င်စွမ်း ပိုမြင့်စေမယ့် လုပ်ရပ်အဖြစ် တရုတ်ဟာ တောင်တရုတ် ပင်လယ်ပြင်ထဲက နယ်မြေပို်င်ဆိုင်မှု အငြင်းပွား ကျွန်းတွေပေါ်မှာ ရေဒါစနစ်တခု ကို တပ်ဆင်နေတယ် သီးခြားလွတ်လပ်တဲ့ အမေရိကန် သုတေသနအဖွဲ့ တဖွဲ့က ပြောပါတယ်။
အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi အမေရိကန်နိုင်ငံကို မလာခင်လေးမှာပဲ ၀ါရှင်တန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ CSIS က ဒီအစီရင်ခံစာကို ထုတ်ပြန်လိုက်တာပါ။
CSIS ရဲ့ အာရှဒေသ ရေကြောင်းဆိုင်ရာ ပွင့်လင်းမြင်သာရေးဌာနက ဂြိုလ်တုကနေရိုက်ယူထားတဲ့ ပုံတွေကို ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာတော့Spratly ကျွန်းစုထဲမှာ ရှိတဲ့ Cuarteron ကျောက်တန်းပေါ်မှာ အဆင်မြင့် ရေဒါစနစ်တခု၊ မီးပြတိုက်တခု၊ ရဟတ်ယာဉ်ဆင်းသက်နိုင်မယ့်နေရာတခု၊ မြေအောက် ကတုတ်ကျင်းနဲ့ တခြား ဆက်သွယ်ရေး ပစ္စည်းကိရိယာတွေပါတဲ့ ပုံတွေကို တွေ့ရပါတယ်။
ဒီ ရေဒါစနစ်ဟာ တောင်တရုတ် ပင်လယ်ပြင်ရဲ့ မြောက်ဘက်မှာ မြေပြင်နဲ့ ဝေဟင် အသွားအလာတွေအပေါ် စောင့်ကြည့်နိုင်စွမ်း အများကြီးပိုကောင်းသွားမယ့် စနစ်ဖြစ်တယ်လို့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်၊ Spratly ကျွန်းစုတွေထဲက တခြားကျွန်းငယ်တွေပေါ်မှာလဲ ရေဒါစနစ်တွေ တည်ဆောက်နေပုံရတယ်လို့ CSIS ကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment