အိန္ဒိယ နိင်ငံ တမီနာဒူးပြည်နယ်ပေါ်သို့  ဥက္ကာပျံ ကြွေကျ တဦးသေဆုံး သုံးဦးဒဏ်ရာရ
ဖေဖော်ဝါရီလ ၉ ရက် ၂၀၁၆။
...........
ဖေဖော်ဝါရီလ ၉ ရက် ၂၀၁၆။
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူး ပြည်မှာရှိတဲ့ စက်မှုတက္ကသိုလ်ကျောင်းဝင်း တခုအတွင်းသို့ 7-2-2016 ည ၁၂ နာရီအချိန်မှာ ဥက္ကာပျံကြွေကျခဲ့မှု ဖြစ်ရပ်ကြောင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ယခုလို ့ ကောင်ကင်းကနေ ဥက္ကာပျံ ကြွေကျလို ့ လူသေဆုံးရာတာဟာ သမိုင်းမှာ ပထဆုံးဖြစ်ပါတယ်။
တမီနာဒူးပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ယခုဖြစ်ရပ်ကို အတည်ပြုခဲ့ပြီး ဖြစ်ပွားခဲ့သည့် နေရာတွင် သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ ့တွေက စုံးစမ်း စစ်ဆေးနေကြကြောင်း ပြောကြားခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့နေရာမှာ ကိုးပေခန် ့နက်တဲ ့ တွင်းဖြစ်သွားခဲ့ပါတယ်။ အနီးမှာ လမ်းလျှောက်နေသူ သုံးဦးလည်း ပေါက်ကွဲစတွေထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
၅-၂-၂၀၁၆ ရက်နေ ့က အမေရိကန် အမျိုးသား အာကာသ လေ့ လာစောင့်ကြည့်ရေး ဌာနက ထုတ်ပြန်ချက်ကတော့ ၂၀၁၆ အတွင်း မှာ အာကာသတွင်းမှာ ကမ္ဘာနဲ ့ အနီးဆုံးကို ရောက်လာနေတဲ့ ဥက္ကာပျံတွေ ဂြိုလ်သိမ်ဂြိုလ်မွှားပေါင်း (၈၇၉)လုံး ရှိနေတာကိုတွေ ့ရပြီး အများစုဟာ ပင်လယ်ပြင်အတွင်းကို ကြွေကျလာနိုင်တယ်လို ့ ထုတ်ပြန် ထားပါတယ်။
သမိုင်း မှတ်တမ်းအရ ၂၀၁၃ ခုနှစ်က ရုရှ နိုင်ငံပေါ် ကို ဥက္ကာပျံကြွေကျခဲ့လို ့ အဆောက်အဦး ၃၀၀၀ လောက် ပျက်စီးခဲ့ပြီး လူတထောင်လောက်ဒဏ်ရာရခဲ့တယ်လို ့ အဆိုပါအဖွဲ ့ရဲ ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တမီနာဒူးပြည်နယ် က အုပ်ချုပ်ရေး မှူးတဦးဖြစ်တဲ့ ဂျရာလာသီ ဟာ ကတော့ ယခုသေဆုံးရသူရဲ ့ မိသားစုအတွက် ဒေါ်လာ ၁၄၇၃ ဒေါ်လာနဲ ့ညီမျှတဲ့ ရူပီ ငွေတစ်သိန်းပေးအပ်ခဲ့ပြီး ဒဏ်ရသူတွေအတွက် ရူပီငွေ နှစ်သောင်းငါးထောင် အကူညီပေးခဲ့ကြောင်း သိရပါတယ်။
indiarealtime/2016/02/08/
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
0 comments:
Post a Comment