ဟားမတ္စ္ စစ္ေသြးၾကြအုပ္စုက ၄င္း၏ အႀကီးတန္း အဖြဲ႕ဝင္ တစ္ဦးအား ကြပ္မ်က္ အျပစ္ေပး

8 February 2016

အစၥလာမ္မစ္ ဟားမတ္စ္ စစ္ေသြးၾကြအုပ္စု၏ တပ္ဖြဲ႔ဝင္မ်ားအား ေတြ႕ရစဥ္ (ဓာတ္ပံု-internet)
    ဂါဇာ ၊ ေဖေဖာ္ဝါရီ ၈ ရက္ (ဆင္ဟြာ)

    အစၥလာမ္မစ္ ဟားမတ္စ္ စစ္ေသြးၾကြ အုပ္စု၏ လက္ေအာက္ရွိ Al-Qassam တပ္မဟာ က ဂါဇာရွိ ၄င္းတို႕၏ တပ္သားမ်ားထဲမွ တစ္ဦးျဖစ္သူ Rushdi Ishteiwi အား အက်င့္ စာရိတၱ ႏွင့္ စစ္စည္းကမ္း ခ်ဳိးဖ်က္မႈ တို႕ေၾကာင့္ ကြပ္မ်က္ အျပစ္ေပးခဲ့ေၾကာင္း ေဖေဖာ္ဝါရီ ၇ ရက္က ေျပာၾကားခဲ့သည္။

စစ္ေသြးၾကြ အုပ္စု ၏ တရား စီရင္ေရး အဖြဲ႕က Rushdi Ishteiwi အား အက်င့္ စာရိတၱ၊ အျပဳအမူ ႏွင့္ စစ္စည္းကမ္းမ်ားအား ခ်ဳိးေဖာက္က်ဳးလြန္ခဲ့ ေၾကာင္း ေတြ႕ရွိၿပီးေနာက္ ကြပ္မ်က္ခဲ့ေၾကာင္းသိရသည္။

ဟားမတ္စ္ အုပ္စုက ထိုသူက်ဳးလြန္ခဲ့သည့္ အေၾကာင္းအရာ အေသးစိတ္ကို ထုတ္ေဖာ္ ေျပာၾကားျခင္း မရွိ ေသာ္လည္း ကာယကံရွင္က ၄င္း၏ အျပစ္မ်ားကို ဝန္ခံခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

Ishteiwi သည္ ဟားမတ္စ္ စစ္ေသြးၾကြ အုပ္စု ၌ အႀကီးတန္း စစ္ေသြးၾကြ တစ္ဦးျဖစ္ၿပီး ၄င္းအား ၂၀၁၄ ခုႏွစ္ ေႏြရာသီတြင္ ဂါဇာ ကမ္းေျမာင္ ေဒသ၌ ျပဳလုပ္ခဲ့သည့္ အစၥေရး ၏ ရက္ ၅၀ ၾကာ စစ္ဆင္ေရး အၿပီးတြင္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com

.................................................

ဟားမတ်စ် စစ်သွေးကြွအုပ်စုက ၄င်း၏ အကြီးတန်း အဖွဲ့ဝင် တစ်ဦးအား ကွပ်မျက် အပြစ်ပေး
8 February 2016
အစ္စလာမ်မစ် ဟားမတ်စ် စစ်သွေးကြွအုပ်စု၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-internet)
    ဂါဇာ ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

    အစ္စလာမ်မစ် ဟားမတ်စ် စစ်သွေးကြွ အုပ်စု၏ လက်အောက်ရှိ Al-Qassam တပ်မဟာ က ဂါဇာရှိ ၄င်းတို့၏ တပ်သားများထဲမှ တစ်ဦးဖြစ်သူ Rushdi Ishteiwi အား အကျင့် စာရိတ္တ နှင့် စစ်စည်းကမ်း ချိုးဖျက်မှု တို့ကြောင့် ကွပ်မျက် အပြစ်ပေးခဲ့ကြောင်း ဖေဖော်ဝါရီ ရ ရက်က ပြောကြားခဲ့သည်။

စစ်သွေးကြွ အုပ်စု ၏ တရား စီရင်ရေး အဖွဲ့က Rushdi Ishteiwi အား အကျင့် စာရိတ္တ၊ အပြုအမူ နှင့် စစ်စည်းကမ်းများအား ချိုးဖောက်ကျုးလွန်ခဲ့ ကြောင်း တွေ့ရှိပြီးနောက် ကွပ်မျက်ခဲ့ကြောင်းသိရသည်။

ဟားမတ်စ် အုပ်စုက ထိုသူကျုးလွန်ခဲ့သည့် အကြောင်းအရာ အသေးစိတ်ကို ထုတ်ဖော် ပြောကြားခြင်း မရှိ သော်လည်း ကာယကံရှင်က ၄င်း၏ အပြစ်များကို ဝန်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။

Ishteiwi သည် ဟားမတ်စ် စစ်သွေးကြွ အုပ်စု ၌ အကြီးတန်း စစ်သွေးကြွ တစ်ဦးဖြစ်ပြီး ၄င်းအား ၂၀၁၄ ခုနှစ် နွေရာသီတွင် ဂါဇာ ကမ်းမြောင် ဒေသ၌ ပြုလုပ်ခဲ့သည့် အစ္စရေး ၏ ရက် ၅၀ ကြာ စစ်ဆင်ရေး အပြီးတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment