နယူးေဒလီ ေဖေဖာ္ဝါရီ ၂ဝ
အိႏၵိယႏိုုင္ငံေျမာက္ပုိင္း ဟာယာနားျပည္နယ္ ႐ိုတာ့ခ္ခ႐ိုင္တြင္ အစိုးရအလုပ္အကိုင္ႏွင့္ ပညာေရး အခြင့္အလမ္းအတြက္ ဆႏၵထုတ္ေဖာ္သူမ်ားက လက္နက္တိုက္မွေသနတ္မ်ားကို ေဖေဖာ္ဝါရီ ၁၉ ရက္ ညပိုင္းကခိုးယူခဲ့ၿပီး ေဒသဆုိင္ရာဝန္ႀကီးတစ္ဦး၏ေနအိမ္ အပါအဝင္ အေဆာက္အအုံမ်ားအား မီးတင္႐ိႈ႕မႈမ်ား လုပ္ေဆာင္ခဲ့ျခင္းေၾကာင့္ ပဋိပကၡအႀကီးအက်ယ္ျဖစ္ပြားခဲ့ရာ လူသုံးဦးေသဆုံးၿပီး ၇ဝ ေက်ာ္ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက မီဒီယာသုိ႔ ယေန႔ ေျပာၾကားသည္။
အိႏၵိယတပ္မေတာ္သည္ အဆိုပါ ပဋိပကၡျဖစ္ပြားရာ ေဒသရွိျပည္သူမ်ားအား ေဘးလြတ္ရာအရပ္သို႔ ေျပာင္းေရႊ႕ေပးေရးအတြက္ ရဟတ္ယာဥ္မ်ားကိုအသုံးျပဳၿပီး ယင္း ပဋိပကၡေၾကာင့္ လမ္းမ်ားပိတ္ဆို႔မႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ ညမထြက္ရအမိန္႔ကိုပါ တစ္ပါတည္း ထုတ္ျပန္ေၾကညာလိုက္ေၾကာင္း သိရသည္။ အာဏာပိုင္မ်ားက ညမထြက္ ရအမိန္႕ထုတ္ျပန္ခဲ့ေသာ္လည္း ပဋိပကၡျဖစ္မႈမွာ အျခား ျပည္နယ္မ်ားသို႔ ပ်ံ႕ႏွံ႔သြားၿပီး ဘူဒါခယ္ဒါေက်းရြာတြင္ ရထားဘူတာတစ္ခု၊ ႐ိုတာ့ခ္ခ႐ိုင္တြင္ ဘတ္စ္ကားတစ္စီး၊ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ဓာတ္ဆီဆိုင္တစ္ဆိုင္တို႔ကုိ မီးတင္႐ိႈ႕ခဲ့ေၾကာင္း သိရသည္။
အိႏိၵယပိုင္ ေအာလ္အိႏိၵယေရဒီယိုအသံလႊင့္ဌာနမွ ေၾကညာခ်က္အရ ယင္းပဋိပကၡျဖစ္မႈေၾကာင့္ လူသုံးဦး ေသဆုံးၿပီး ေဒသတြင္းရထားခရီးစဥ္ ၄၅ဝ ခန္႔ကို အာဏာ ပိုင္မ်ားက ဖ်က္သိမ္းခဲ့ေၾကာင္းသိရသည္။ ယင္းျဖစ္စဥ္ ႏွင့္ပတ္သက္ၿပီး သတင္းစာရွင္းလင္းပဲြတစ္ရပ္ျပဳလုပ္ ရာတြင္ ဟာယာနားျပည္နယ္ရဲခ်ဳပ္ ဝိုင္ပီဆင့္ဂါးလ္က ျပည္နယ္အတြင္း အေျခအေနပုံမွန္ ျပန္ျဖစ္လာေရးအတြက္ မိမိတို႔အေနျဖင့္ အတတ္ႏိုင္ဆုံးႀကိဳးစားလ်က္ရွိပါေၾကာင္း၊ ေဒသအတြင္း တရားဥပေဒစိုးမိုးမႈျပန္လည္ ရရွိေရးအတြက္ ဗဟိုအစိုးရမွ စစ္ကူမ်ားေစလႊတ္ေပးရန္ မိမိတို႔ေတာင္းဆို ထားပါေၾကာင္း၊ ယင္းအခင္းျဖစ္မႈတြင္ လူသုံးဦးေသဆုံးၿပီး ရဲတပ္ဖဲြ႕ဝင္မ်ားအပါအဝင္ လူ ၇ဝ ေက်ာ္ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
တစ္ဆက္တည္းမွာပင္ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အဆင့္ျမင့္အရာရွိ အစည္းအေဝးတစ္ရပ္ကို ၿမိဳ႕ေတာ္ နယူးေဒလီတြင္ ယေန႔က်င္းပရာ အိႏိၵယျပည္ထဲေရး ဝန္ႀကီးရာဂ်နတ္ဆင့္က သဘာပတိအျဖစ္ တာဝန္ယူ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။ ပဋိပကၡျဖစ္ပြားရာ႐ိုတာ့ခ္ ေဒသတြင္ မိုဘိုင္းအင္တာနက္ ဆက္သြယ္ေရးစနစ္မ်ားအား ဆိုင္းငံ့ထားရန္ႏွင့္ စာသင္ေက်ာင္းမ်ားအား ပိတ္ပင္ထားရန္ တာဝန္ရွိသူမ်ားက အမိန္႔ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
,...............................................
နယူးဒေလီ ဖေဖော်ဝါရီ ၂ဝ
အိန္ဒိယနိုုင်ငံမြောက်ပိုင်း ဟာယာနားပြည်နယ် ရိုတာ့ခ်ခရိုင်တွင် အစိုးရအလုပ်အကိုင်နှင့် ပညာရေး အခွင့်အလမ်းအတွက် ဆန္ဒထုတ်ဖော်သူများက လက်နက်တိုက်မှသေနတ်များကို ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းကခိုးယူခဲ့ပြီး ဒေသဆိုင်ရာဝန်ကြီးတစ်ဦး၏နေအိမ် အပါအဝင် အဆောက်အအုံများအား မီးတင်ရှို့မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပဋိပက္ခအကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး ရဝ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက မီဒီယာသို့ ယနေ့ ပြောကြားသည်။
အိန္ဒိယတပ်မတော်သည် အဆိုပါ ပဋိပက္ခဖြစ်ပွားရာ ဒေသရှိပြည်သူများအား ဘေးလွတ်ရာအရပ်သို့ ပြောင်းရွှေ့ပေးရေးအတွက် ရဟတ်ယာဉ်များကိုအသုံးပြုပြီး ယင်း ပဋိပက္ခကြောင့် လမ်းများပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့်ကိုပါ တစ်ပါတည်း ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ အာဏာပိုင်များက ညမထွက် ရအမိန့်ထုတ်ပြန်ခဲ့သော်လည်း ပဋိပက္ခဖြစ်မှုမှာ အခြား ပြည်နယ်များသို့ ပျံ့နှံ့သွားပြီး ဘူဒါခယ်ဒါကျေးရွာတွင် ရထားဘူတာတစ်ခု၊ ရိုတာ့ခ်ခရိုင်တွင် ဘတ်စ်ကားတစ်စီး၊ မော်တော်ယာဉ်များနှင့် ဓာတ်ဆီဆိုင်တစ်ဆိုင်တို့ကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။
အိန္ဒိယပိုင် အောလ်အိန္ဒိယရေဒီယိုအသံလွှင့်ဌာနမှ ကြေညာချက်အရ ယင်းပဋိပက္ခဖြစ်မှုကြောင့် လူသုံးဦး သေဆုံးပြီး ဒေသတွင်းရထားခရီးစဉ် ၄၅ဝ ခန့်ကို အာဏာ ပိုင်များက ဖျက်သိမ်းခဲ့ကြောင်းသိရသည်။ ယင်းဖြစ်စဉ် နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ် ရာတွင် ဟာယာနားပြည်နယ်ရဲချုပ် ဝိုင်ပီဆင့်ဂါးလ်က ပြည်နယ်အတွင်း အခြေအနေပုံမှန် ပြန်ဖြစ်လာရေးအတွက် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားလျက်ရှိပါကြောင်း၊ ဒေသအတွင်း တရားဥပဒေစိုးမိုးမှုပြန်လည် ရရှိရေးအတွက် ဗဟိုအစိုးရမှ စစ်ကူများစေလွှတ်ပေးရန် မိမိတို့တောင်းဆို ထားပါကြောင်း၊ ယင်းအခင်းဖြစ်မှုတွင် လူသုံးဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူ ရဝ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆင့်မြင့်အရာရှိ အစည်းအဝေးတစ်ရပ်ကို မြို့တော် နယူးဒေလီတွင် ယနေ့ကျင်းပရာ အိန္ဒိယပြည်ထဲရေး ဝန်ကြီးရာဂျနတ်ဆင့်က သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပဋိပက္ခဖြစ်ပွားရာရိုတာ့ခ် ဒေသတွင် မိုဘိုင်းအင်တာနက် ဆက်သွယ်ရေးစနစ်များအား ဆိုင်းငံ့ထားရန်နှင့် စာသင်ကျောင်းများအား ပိတ်ပင်ထားရန် တာဝန်ရှိသူများက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Home
India
World News
အိႏၵိယႏိုင္ငံ ဟာယာနားျပည္နယ္တြင္ ပဋိပကၡျဖစ္ပြား၊ လူသုံးဦးေသဆုံးၿပီး ၇ဝ ေက်ာ္ထိခိုက္ဒဏ္ရာရ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment