"တရုတ်နှစ်ကူးပုံပြင်年的故事”
ရှင်းနရန်ခွိုက်လော့
...............................................
"တရုတ်နှစ်ကူးပုံပြင်年的故事”
တရုတ်ပြည်မှာရှေးကျတဲ့ချွန်းကျယ်ဆိုတဲ့ပွဲတော်တစ်ခုရှိတယ်။ဒီပွဲဆင်နွဲတာကို(ကော့နရန်)လို့ခေါ်ပါတယ်။
ရှေးရှေးအခါကတောနက်ထဲမှာ(နရန်)ဆိုတဲ့ရက်စက်ကြမ်းတမ်းတဲ့ဘီလူးတစ်ကောင်ရှိတယ်။သူကလူသားကြိုက်တယ်။မိုးနတ်သိကြားကသူကိုပြစ်ဒဏ်ခက်တဲ့အနေနဲ့ဒီဘီလူး(နရန်)ကို၃၆၅ရက်၁ကြိမ်သာတောထဲကထွက်ခွင့်ပေးပါတယ်။ဒီလိုနဲ့နှစ်တိုင်းဆောင်းအကုန်နွေအကူးကာလမှာ(နရန်)ဟာလူတွေကိုရန်ရှာဖို့ထွက်လာပါတော့တယ်။လူတွေဟာ(နရန်)ကိုကြောက်လန့်တဲ့အတွက်သူလာမယ့်ကာလရောက်ရင်အစားစာတွေစုဆောင်းထား
ကြတယ်။တရုတ်ရိုးရာနှစ်ကုန်ခါနီးနောက်ဆုံးရက်(ချူရှိ)ဆိုရင်အီမ်တိုင်းတံခါးပိတ်ပီး(နရန်)ကိုစောင့်ကြတယ်။တရုတ်နှစ်ဆန်းတစ်ရက်(ချူးရီး)ကျမှ(နရန်)ဟာပြန်သွားပါတယ်။ဒီတော့မှလူတွေဟာတံခါးဖွင့်ပြီးအိမ်နီးချင်းဆွေမျိူးတွေအပြန်အလှန်ဂုဏ်ပြုကြတယ်။(နရန်)ရဲ့အစားမခံရလို့ပါ။
နောက်တော့လူတွေဟာ(နရန်)ရဲ့အားနည်းချက်ကိုတွေ့သွားပါတော့တယ်။တစ်ကြိမ်မှာ(နရန်)ဟာရွာတစ်ရွာမှာကလေးတွေဗျောက်အိုးဖောက်နေတာနဲ့ကြုံပါတယ်။သူဟာဗျောက်ဆူညံသံကြောင့်လန့်ပြေးပါတော့တယ်။နောက်တစ်ရွာရောက်တော့အိမ်တစ်မှာအဝတ်နီနီတွေလှန်းထားတာတွေ့ပါတယ်။သူဟာနီမြန်းတဲ့အရောင်ကိုလဲကြောက်လန့်ပီးထွက်ပြေးပါတယ်။နောက်တစ်ခါရွာရောက်ပြန်တော့လူတွေမီးပုံပုံနေတာတွေ့ပါတယ်။(နရန်)ဟာစူးရှတဲ့မီးရောင်ကိုလဲမခံနိုင်ပဲရှောင်ခဲ့ရပြန်တယ်။လူတွေဟာဒီကောင်မောင်ထုတ်တဲ့နည်းလမ်းရသွားခဲ့ပါတယ်။
လူတွေဟာနောက်တစ်နှစ်နှစ်ကုန်နောက်ဆုံးရက်မှာအိမ်တိုင်းရဲ့တံခါးမကြီးတွေမှာစာနီတွေကပ်ပါတယ်။မီးပုံးနီတွေချိတ်ဆွဲပြီးအိုးစည်ဗုံမောင်းဗျေက်အိုးတွေဖောက်ကြပါတယ်။ညအခါ(နရန်)ထွက်လာတော့အိမ်တိုင်းအိမ်တိုင်ထိန်လင်းပီးနေရာတိုင်းဗျေက်သံဆူညံနေတာတွေ့ရတော့တောနက်ထဲပြန်ပြေးဝင်သွားပါတယ်။ယနေ့ထိနောက်ထပ်မထွက်လာရဲတော့ပါဘူး။နောက်ရက်မနက်ကျလူတွေဟာသိမ်းထားတဲ့စာကောင်းသောက်ဖွယ်ထုတ်လာပြီးတည်ခင်းဂုဏ်ပြုစားသောက်ကြပါတယ်။အဲဒါကိုပွဲတော်တစ်ရက်အနေနဲ့ပျော်ပျော်ရွှင်ရွှင်ဆင်နွဲကြပါတယ်။(ကော့နရန်)သို(့ချွှန်းကျယ်)နွေဦးပွဲတော်လို့ခေါ်ပါတယ်။
တံခါးမှာနှစ်သစ်မင်ဂလာစာနီကပ်ခြင်း၊မီးပုံးနီချိတ်ခြင်း၊ဗျောက်ဖောက်ခြင်းတွေဟာတရုတ်နှစ်ကူးရဲ့အလေ့အထ ဖြစ်သွားပါပြီ။
မိတ်ဆွေများအားလုံးတရုတ်နှစ်သစ်မင်ဂလာကာလမှာပျော်ရွှင်ကြပါစေ။
ရှင်းနရန်ခွိုက်လော့
ပရလောကမှ ရှားပါးမှတ်တမ်းများ
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment