ဆိတ္အူကေန ျပဳလုပ္ထားတဲ့ ႏွစ္ေပါင္း ၂၀၀ ေက်ာ္သက္တမ္းရွိ ကြန္ဒံုးကို ေလလံ တင္ေရာင္းခ်


လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀ ခန္႔က ျပဳလုပ္ခဲ့တဲ့ ကြန္ဒံုးတစ္ခုကို စတာလင္ေပါင္ ၄၆၀ နဲ႔ ေလလံ တင္ ေရာင္းခ်ခဲ့ၿပီး ထိုကြန္ဒံုးကို ဘာနဲ႔ ျပဳလုပ္ထားလဲဆိုတာ သိရတဲ့ ေနာက္မွာ လူတစ္ခ်ိဳ႕ မ်က္ခံုးလႈပ္ခဲ့ရပါတယ္။

Prophylactic လို႔ေခၚတဲ့ ထိုကြန္ဒံုးကို ၁၈ (သို႔) ၁၉ ရာစုခန္႔က ဆိတ္အူ နဲ႔ ျပဳလုပ္ထားခဲ့တာပဲ ျဖစ္ပါတယ္။ ထို သက္တမ္းရင့္ ကြန္ဒံုးမ်ိဳးကို ရွာေဖြမယ္ဆိုရင္ေတာ့ ျပတိုက္ေတြမွာသာ အနည္းငယ္ရွိေနႏိုင္ပါေသးတယ္။

အမွန္ကေတာ့ ဆိတ္အူနဲ႔ ျပဳလုပ္ထားလို႔ ဒီကြန္ဒံုးဟာ သိပ္ေတာ့မထူးဆန္းပါဘူး။ လြန္ခဲ့တဲ့ ရာစုႏွစ္အနည္းငယ္တုန္းက အသံုးျပဳခဲ့တဲ့ ကြန္ဒံုးေတြတိုင္းဟာ သိုး ၊ ၀က္ ၊ ႏြား နဲ႔ ဆိတ္ ေတြ ရဲ ႔အူေတြကို အေျခခံၿပီး ထုတ္လုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။


အဲဒီအခ်ိန္တုန္းကလည္း ကြန္ဒံုးေတြဟာ ေစ်းအရမ္းႀကီးၿပီး ကြန္ဒံုးတစ္ခု ျဖစ္လာဖို႔ အခ်ိန္ မ်ားစြာ လိုအပ္တဲ့ အတြက္ ခ်မ္းသာတဲ့ ပုဂၢိဳလ္ေတြပဲ အသံုးျပဳႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ရာဘာန႔ဲ ျပဳလုပ္တဲ့ ကြန္ဒံုးေတြကေတာ့ ၁၉ ရာစု အေႏွာင္းပိုင္းမွာမွ ထြက္ေပၚလာခဲ့တာ ျဖစ္ၿပီး ဆိတ္ အူက ျပဳလုပ္တဲ့ ကြန္ဒံုးေတြကို အသံုးျပဳျခင္း ရပ္နားခဲ့ၾကပါတယ္။

ထို ေလလံတင္ေရာင္းခ်ခဲ့တဲ့ ကြန္ဒံုးဟာ ၁၉ စင္တီမီတာ ရွည္လ်ားၿပီး ျပင္သစ္ႏိုင္ငံမွာ ရွာေဖြေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။ ယေန႔ေခတ္ မွာ အသံုးျပဳေနတ့ဲ ရာဘာကြန္ဒံုးေတြရဲ႕ ပ်မ္းမွ် အရွည္ကေတာ့ ၁၈ စင္တီမီတာ ရွိပါတယ္။

ထိုေရွးေဟာင္း ကြန္ဒံုး ေလလံတင္ေရာင္းခ်ပြဲမွာေတာ့ ျပတိုက္မ်ားစြာ ရဲ ႔ စိတ္၀င္စားမႈကို ရရွိခဲ့ၿပီး ေစ်းအမ်ားဆံုး ေပး၀ယ္ယူသြားသူကေတာ့ ေဟာ္လန္ ႏိုင္ငံ ၊ အန္စတာဒမ္ၿမိဳ႕ က အမည္မေဖာ္လိုသူ တစ္ဦးျဖစ္တယ္လို႔လည္း သိရပါတယ္။

( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror

......................................

ဆိတ်အူကနေ ပြုလုပ်ထားတဲ့ နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ ကွန်ဒုံးကို လေလံ တင်ရောင်းချ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ခန့်က ပြုလုပ်ခဲ့တဲ့ ကွန်ဒုံးတစ်ခုကို စတာလင်ပေါင် ၄၆၀ နဲ့ လေလံ တင် ရောင်းချခဲ့ပြီး ထိုကွန်ဒုံးကို ဘာနဲ့ ပြုလုပ်ထားလဲဆိုတာ သိရတဲ့ နောက်မှာ လူတစ်ချို့ မျက်ခုံးလှုပ်ခဲ့ရပါတယ်။

Prophylactic လို့ခေါ်တဲ့ ထိုကွန်ဒုံးကို ၁၈ (သို့) ၁၉ ရာစုခန့်က ဆိတ်အူ နဲ့ ပြုလုပ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ထို သက်တမ်းရင့် ကွန်ဒုံးမျိုးကို ရှာဖွေမယ်ဆိုရင်တော့ ပြတိုက်တွေမှာသာ အနည်းငယ်ရှိနေနိုင်ပါသေးတယ်။

အမှန်ကတော့ ဆိတ်အူနဲ့ ပြုလုပ်ထားလို့ ဒီကွန်ဒုံးဟာ သိပ်တော့မထူးဆန်းပါဘူး။ လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်တုန်းက အသုံးပြုခဲ့တဲ့ ကွန်ဒုံးတွေတိုင်းဟာ သိုး ၊ ၀က် ၊ နွား နဲ့ ဆိတ် တွေ ရဲ ့အူတွေကို အခြေခံပြီး ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကလည်း ကွန်ဒုံးတွေဟာ စျေးအရမ်းကြီးပြီး ကွန်ဒုံးတစ်ခု ဖြစ်လာဖို့ အချိန် များစွာ လိုအပ်တဲ့ အတွက် ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေပဲ အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရာဘာနဲ့ ပြုလုပ်တဲ့ ကွန်ဒုံးတွေကတော့ ၁၉ ရာစု အနှောင်းပိုင်းမှာမှ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ဆိတ် အူက ပြုလုပ်တဲ့ ကွန်ဒုံးတွေကို အသုံးပြုခြင်း ရပ်နားခဲ့ကြပါတယ်။

ထို လေလံတင်ရောင်းချခဲ့တဲ့ ကွန်ဒုံးဟာ ၁၉ စင်တီမီတာ ရှည်လျားပြီး ပြင်သစ်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ် မှာ အသုံးပြုနေတဲ့ ရာဘာကွန်ဒုံးတွေရဲ့ ပျမ်းမျှ အရှည်ကတော့ ၁၈ စင်တီမီတာ ရှိပါတယ်။

ထိုရှေးဟောင်း ကွန်ဒုံး လေလံတင်ရောင်းချပွဲမှာတော့ ပြတိုက်များစွာ ရဲ ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး စျေးအများဆုံး ပေးဝယ်ယူသွားသူကတော့ ဟော်လန် နိုင်ငံ ၊ အန်စတာဒမ်မြို့ က အမည်မဖော်လိုသူ တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment