ကင္ဆာဆဲလ္သတ္နိုင္သည့္ေဆး ၾသစေၾတးလ်သုေတသီမ်ား ထုတ္လုပ္ႏိုင္ေၾကာင္းေၾကညာ


ကင္ဆာေရာဂါသည္မ်ား စိတ္သက္သာ ရေစနိုင္သည့္ သတင္းေကာင္း တပုဒ္ ထြက္ေပးခဲ့သည္။ ၾသစေၾတးလ်သုေတသီမ်ားက ကင္ဆာေ၀ဒနာသည္ အမ်ားစုအတြက္ ေရာဂါသက္သာမႈ တိုးပြားလာေစႏိုင္ျပီး အခ်ဳိ႕ေနရာမ်ားတြင္ လံုး၀ေပ်ာက္ကင္းေစႏိုင္ေသာ အံ့ဖြယ္ေဆးတမ်ဳိးေတြ႕ရိွခဲ့သည္။

ယင္းေဆးသည္ ကင္ဆာဆဲလ္မ်ား ရွင္သန္မႈကို အားေပးေသာ ပရိုတိန္းတမ်ဳိးကို အဓိကပစ္မွတ္ထား၍ ေဖာ္စပ္ထားသည္။

မဲလ္ဘုန္းအေျခစိုက္ ေဆးသုေတသနလုပ္ငန္းက ေလးနွစ္တာကာလအတြင္း လူနာ ၁၁၆ ဦးကို စမ္းသပ္ခဲ့သည္။ Venetoclax ေဆးသည္ ကင္ဆာေသြးဆဲလ္မ်ားကို သိသိသာသာေလွ်ာ့ခ်ႏိုင္ေၾကာင္း ရိႈင္းရယ္မဲလ္ဘုန္းေဆးရံုနွင့္ ပီတာမက္ေကာလမ္ကင္ဆာစင္တာရိွ သုေတသီမ်ားက ေျပာၾကားခဲ့သည္။

နာတာရွည္ေသြးကင္ဆာေရာဂါခံစားေနရေသာလူနာမ်ား ပါ၀င္သည့္ ၇၉ ရာခိုင္နႈန္းရိွ လူနာမ်ားကို ယင္းေဆးျဖင့္ အေျခအေနေကာင္းလာေစ ရန္ ကုသမႈေပးနိုင္ခဲ့သည္။ ယင္းရလဒ္သည္ ကင္ဆာေရာဂါနွင့္ပတ္သက္၍ သမိုင္း၀င္သတင္းေကာင္းတရပ္ျဖစ္သည္ဟု ယူဆနိုင္သည္။

လက္ေတြ႕ကုသ၍ ေပ်ာက္ကင္းသြားသူ၊ သက္သာသြားသူမ်ား လည္းရိွေၾကာင္း ျပီးခဲ့ေသာ ၾကာသပေတးေန႔ထုတ္ News England Journal of Medicine တြင္ ေဖာ္ျပထားသည္။

ထြဋ္၀င္းထြဋ္
Ref:Reuters
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..........................


ကင်ဆာရောဂါသည်များ စိတ်သက်သာ ရစေနိုင်သည့် သတင်းကောင်း တပုဒ် ထွက်ပေးခဲ့သည်။ သြစတြေးလျသုတေသီများက ကင်ဆာဝေဒနာသည် အများစုအတွက် ရောဂါသက်သာမှု တိုးပွားလာစေနိုင်ပြီး အချို့နေရာများတွင် လုံးဝပျောက်ကင်းစေနိုင်သော အံ့ဖွယ်ဆေးတမျိုးတွေ့ရှိခဲ့သည်။

ယင်းဆေးသည် ကင်ဆာဆဲလ်များ ရှင်သန်မှုကို အားပေးသော ပရိုတိန်းတမျိုးကို အဓိကပစ်မှတ်ထား၍ ဖော်စပ်ထားသည်။

မဲလ်ဘုန်းအခြေစိုက် ဆေးသုတေသနလုပ်ငန်းက လေးနှစ်တာကာလအတွင်း လူနာ ၁၁၆ ဦးကို စမ်းသပ်ခဲ့သည်။ Venetoclax ဆေးသည် ကင်ဆာသွေးဆဲလ်များကို သိသိသာသာလျှော့ချနိုင်ကြောင်း ရှိုင်းရယ်မဲလ်ဘုန်းဆေးရုံနှင့် ပီတာမက်ကောလမ်ကင်ဆာစင်တာရှိ သုတေသီများက ပြောကြားခဲ့သည်။

နာတာရှည်သွေးကင်ဆာရောဂါခံစားနေရသောလူနာများ ပါ၀င်သည့် ရ၉ ရာခိုင်နှုန်းရှိ လူနာများကို ယင်းဆေးဖြင့် အခြေအနေကောင်းလာစေ ရန် ကုသမှုပေးနိုင်ခဲ့သည်။ ယင်းရလဒ်သည် ကင်ဆာရောဂါနှင့်ပတ်သက်၍ သမိုင်းဝင်သတင်းကောင်းတရပ်ဖြစ်သည်ဟု ယူဆနိုင်သည်။

လက်တွေ့ကုသ၍ ပျောက်ကင်းသွားသူ၊ သက်သာသွားသူများ လည်းရှိကြောင်း ပြီးခဲ့သော ကြာသပတေးနေ့ထုတ် News England Journal of Medicine တွင် ဖော်ပြထားသည်။

ထွဋ်ဝင်းထွဋ်
Ref:Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment