ABC Radio Australia
...............
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un (Credit: AFP)
မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံးကျည်နှစ်ခုကို အရှေ့ဘက် ကမ်းရိုးတမ်းဒေသက ပယ်လယ်ထဲ ပစ်ချခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
မြောက်ကိုရီးယား နိုင်ငံမှာ တာတိုပစ် ဒုံးကျည်တွေ အများအပြား ရှိနေပြီး တာဝေးပစ် ဒုံးကျည်နဲ့ ကမ္ဘာ့တိုက်ကြီးတွေခြားပြီး ပစ်ခတ်နိုင်မယ့် intercontinental ဒုံးကျည်တွေကိုပါ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
အရင်လတုန်းကပဲ အဝေးပစ် ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့လို့ ကမ္ဘာက မြောက်ကိုရီးယားကို ရှုတ်ချပြီး ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ထပ်မံ ချမှတ်ခဲ့ပါတယ်။
အရင်တပတ်တုန်းကလည်း ရော့ကက် ၆ ခုကို ပစ်လွတ်ခဲ့တယ်လို့ သိရပါတယ်။
ရန်သူကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားဖို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un က ညွှန်ကြားပြီးတဲ့နောက် အခုလို ဒုံးကျည်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။
ဒါ့အပြင် ဒုံးကျည်ထိပ်ဖူးမှာ တပ်ဆင်နိုင်မယ့် နျူကလီးယား လက်နက် အငယ်တွေကိုလည်း တီထွင်နိုင်ပြီလို့ ဗုဒ္ဓဟူးနေ့တုန်းက ကြေညာခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့် ရပုဂ္ဂိုလ်က မြောက်ကိုရီးယား ခေါင်းဆောင်အနေနဲ့ ဒီလို စစ်လက်နက်ကို တီထွင်နိုင်ဖို့ထက် ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီး ပြည်သူဘဝ တိုးတက်အောင် လုပ်ဆောင်ဖို့ သင့်တယ်လို့ ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment