ေတာင္ကိုရီးယားနဲ႔ ကန္ စစ္ေရးေလ့က်င့္ခ်ိန္ ေျမာက္ပိုင္းစစ္ေရးျပင္
အေမရိကန္ျပည္ေထာင္စုနဲ႔ ေတာင္ကုိရီးယား ႏိုင္ငံတုိ႔ဟာ ႏွစ္စဥ္ ျပဳလုပ္ေနက် ပူးတြဲစစ္ေရးေလ့က်င့္မႈကုိ စေနေန႔မွာ စတင္လုိက္ပါၿပီ။ တကယ္လုိ႔ ဒီစစ္ေရးေလ့က်င့္မႈကေန တုိက္ခုိက္မႈအျဖစ္ ေျပာင္းလဲသြားခဲ့ရင္ ခ်က္ျခင္း လက္တုံ႔ျပန္မယ္လုိ႔ ေျမာက္ကုိရီးယားဘက္က ရက္အတန္ၾကာ ၿခိမ္းေျခာက္ ေျပာဆုိအၿပီးမွာ ဒီစစ္ေရးေလ့က်င့္မႈကုိ စတင္လုိက္တာ ျဖစ္ပါတယ္။ ေျမာက္ကုိရီးယားဘက္ကေတာ့ ဒီလုိ ၿခိမ္းေျခာက္ ေျပာဆုိမႈေတြ ႏွစ္စဥ္ ျပဳလုပ္ေနခဲ့တာပါ။
အေမရိကန္နဲ႔ ေတာင္ကုိရီးယားတုိ႔ရဲ႕ ဒီ ႏွစ္စဥ္ စစ္ေရးေလ့က်င့္မႈဟာ သီတင္းပတ္ ၈ ပတ္အထိ ၾကာေလ့ရွိၿပီး၊ စနစ္တက် စီစဥ္ၿပီးမွ ျပဳလုပ္ေလ့ရွိပါတယ္။ စေနေန႔က ျပဳလုပ္တဲ့ ေလ့က်င့္မႈေတြထဲမွာေတာ့ အေမရိကန္နဲ႔ ေတာင္ကိုရီးယား တပ္ဖြဲ႔ေတြဟာ ေတာင္ကိုရီးယား အေရွ႕ဘက္ကမ္းေျခကုိ တိုက္ခိုက္ေရးယာဥ္ေတြနဲ႔ ထိုးစစ္ဆင္တဲ့ ပံုစံ ေလ့က်င့္ခဲ့ၾကပါတယ္။
ေတာင္ကိုရီးယားတပ္ဖြဲ႔၀င္ ၃ သိန္းနဲ႔ အေမရိကန္တပ္ဖြဲ႔၀င္ အနည္းဆံုး ၁၇,၀၀၀ ေလာက္ပါ၀င္တဲ့ ဒီစစ္ေရးေလ့က်င္မႈဟာ ျပဳလုပ္ခဲ့သမွ်ထဲမွာ ပမာဏအႀကီးမားဆံုး စစ္ေရးေလ့က်င့္မႈျဖစ္တယ္လို႔ ေတာင္ကိုရီးယားရဲ႕ ကာကြယ္ေရး၀န္ႀကီးဌာနက ေျပာပါတယ္။
စစ္ေရးေလ့က်င့္မႈေတြ မစတင္ခင္ အေမရိကန္ဘက္က ထုတ္ျပန္တဲ့ေၾကညာခ်က္မွာေတာ့ Pohang ၿမိဳ႕အနီး ျပဳလုပ္တဲ့ ေလ့က်င့္မႈမွာ အေမရိကန္ မရိန္းတပ္ဖြဲ႔က ေလယာဥ္ ၅၅ စီးနဲ႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယား စစ္သေဘၤာ အစီး သံုးဆယ္တို႔ ပါ၀င္တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။
ေျမာက္ကုိရီးယားစစ္တပ္ကေတာ့ - ေတာင္ကိုရီးယားနဲ႔ အေမရိကန္တပ္ဖြဲ႔ေတြကို တိက်ျပင္းထန္တဲ့ ကိုရီးယားစတိုင္ blitzkrieg တိုက္ခိုက္မႈမ်ိဳးနဲ႔ လက္တုံ႔ျပန္ဖို႔ ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........................................
အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နိုင်ငံတို့ဟာ နှစ်စဉ် ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စနေနေ့မှာ စတင်လိုက်ပါပြီ။ တကယ်လို့ ဒီစစ်ရေးလေ့ကျင့်မှုကနေ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားခဲ့ရင် ချက်ခြင်း လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားဘက်က ရက်အတန်ကြာ ခြိမ်းခြောက် ပြောဆိုအပြီးမှာ ဒီစစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ ဒီလို ခြိမ်းခြောက် ပြောဆိုမှုတွေ နှစ်စဉ် ပြုလုပ်နေခဲ့တာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ဒီ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုဟာ သီတင်းပတ် ၈ ပတ်အထိ ကြာလေ့ရှိပြီး၊ စနစ်တကျ စီစဉ်ပြီးမှ ပြုလုပ်လေ့ရှိပါတယ်။ စနေနေ့က ပြုလုပ်တဲ့ လေ့ကျင့်မှုတွေထဲမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေဟာ တောင်ကိုရီးယား အရှေ့ဘက်ကမ်းခြေကို တိုက်ခိုက်ရေးယာဉ်တွေနဲ့ ထိုးစစ်ဆင်တဲ့ ပုံစံ လေ့ကျင့်ခဲ့ကြပါတယ်။
တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၃ သိန်းနဲ့ အမေရိကန်တပ်ဖွဲ့ဝင် အနည်းဆုံး ၁၇,၀၀၀ လောက်ပါ၀င်တဲ့ ဒီစစ်ရေးလေ့ကျင်မှုဟာ ပြုလုပ်ခဲ့သမျှထဲမှာ ပမာဏအကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို့ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေ မစတင်ခင် အမေရိကန်ဘက်က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ Pohang မြို့အနီး ပြုလုပ်တဲ့ လေ့ကျင့်မှုမှာ အမေရိကန် မရိန်းတပ်ဖွဲ့က လေယာဉ် ၅၅ စီးနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်သင်္ဘော အစီး သုံးဆယ်တို့ ပါ၀င်တယ်လို့ ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားစစ်တပ်ကတော့ - တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေကို တိကျပြင်းထန်တဲ့ ကိုရီးယားစတိုင် blitzkrieg တိုက်ခိုက်မှုမျိုးနဲ့ လက်တုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment