ပူတင့္ လက္ေထာက္ေဟာင္း ေသဆုံးမွု၊ ရိုက္ႏွက္ခံရလို႔ ျဖစ္

မစ္ေခးလ္ လက္ဇင္ရဲ့ အေလာင္းကို Dupont Circle ေဟာ္တယ္က အခန္းထဲမွာ ေတြ႕ခဲ့ၾကရ။
႐ုရွား သမၼတ ဗလာဒီမီယာ ပူတင္ရဲ့ လက္ေထာက္ေဟာင္း ျဖစ္သူ Mikhail Lesin ဆိုသူဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာက အေမရိကန္ ျပည္ေထာင္စု၊ ဝါရွင္တန္ ဒီစီမွာ ေသဆုံး ေနတာကို ေတြ႕ရွိ ခဲ့ရၿပီးေနာက္ သူ ေသဆုံးရတာဟာ ေခါင္းမွာ အရိုက္ခံရတဲ့ ဒဏ္ရာေၾကာင့္ ျဖစ္တယ္လို႔ ေသမွုေသခင္း စစ္ေဆးသူေတြက ေျပာလိုက္ပါတယ္။

မစ္ေခးလ္ လက္ဇင္ရဲ့ အေလာင္းမွာ အဲဒီ ေခါင္းဒဏ္ရာ အျပင္ လည္ကုပ္၊ ရင္ဘတ္၊ ေျခနဲ႔ လက္ေတြမွာလည္း ရိုက္ႏွက္ ခံထားရတဲ့ ဒဏ္ရာေတြကို ေတြ႕ရတယ္လို႔ ဝါရွင္တန္ ဒီစီရဲ့ ေဆးဘက္ စစ္ေဆးေရးမွူးက ေျပာပါတယ္။

မစ္ေခးလ္ လက္ဇင္ဟာ ႐ုရွားရဲ့ ျပန္ၾကားေရး ဝန္ႀကီးေဟာင္း ျဖစ္သလို ၾသဇာႀကီးတဲ့ ဂက္ဇ္ပရြမ္ မီဒီယာ အုပ္စုရဲ့ အႀကီးအကဲလည္း ျဖစ္ခဲ့ဖူးပါတယ္။

သူ ေသဆုံးၿပီးေနာက္ သူ႔မွာ ႏွလုံးေရာဂါ ရွိေၾကာင္း သူ႔မိသားစုေတြက ေျပာတယ္လို႔ ႐ုရွား သတင္းမီဒီယာက ေဖာ္ၿပ ခဲ့ပါတယ္။

မစၥတာ လက္ဇင္ဟာ ႐ုရွားမွာ ၾသဇာ အရွိဆုံးေတြထဲက တစ္ဦးအျဖစ္ အခ်ိန္ အတန္ၾကာ မွတ္ယူခံခဲ့ရတာပါ။

သူ ဝါရွင္တန္မွာ ဘာေၾကာင့္ ေရာက္ေနသလဲ ဆိုတာကို မရွင္းလင္းေပမယ့္ သူ႔မိသားစုဝင္ တခ်ိဳ႕ကေတာ့ အေမရိကန္မွာ ေနထိုင္သူေတြ ျဖစ္ပါတယ္။

မစၥတာ လက္ဇင္ဟာ ၂၀၀၄ ကေန ၂၀၀၉ အထိ သမၼတ လက္ေထာက္အျဖစ္ လုပ္ကိုင္ ခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese

...........................................


မစ်ခေးလ် လက်ဇင်ရဲ့ အလောင်းကို Dupont Circle ဟော်တယ်က အခန်းထဲမှာ တွေ့ခဲ့ကြရ။
ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ လက်ထောက်ဟောင်း ဖြစ်သူ Mikhail Lesin ဆိုသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာက အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှာ သေဆုံး နေတာကို တွေ့ရှိ ခဲ့ရပြီးနောက် သူ သေဆုံးရတာဟာ ခေါင်းမှာ အရိုက်ခံရတဲ့ ဒဏ်ရာကြောင့် ဖြစ်တယ်လို့ သေမှုသေခင်း စစ်ဆေးသူတွေက ပြောလိုက်ပါတယ်။

မစ်ခေးလ် လက်ဇင်ရဲ့ အလောင်းမှာ အဲဒီ ခေါင်းဒဏ်ရာ အပြင် လည်ကုပ်၊ ရင်ဘတ်၊ ခြေနဲ့ လက်တွေမှာလည်း ရိုက်နှက် ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်လို့ ဝါရှင်တန် ဒီစီရဲ့ ဆေးဘက် စစ်ဆေးရေးမှူးက ပြောပါတယ်။

မစ်ခေးလ် လက်ဇင်ဟာ ရုရှားရဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဖြစ်သလို သြဇာကြီးတဲ့ ဂက်ဇ်ပရွမ် မီဒီယာ အုပ်စုရဲ့ အကြီးအကဲလည်း ဖြစ်ခဲ့ဖူးပါတယ်။

သူ သေဆုံးပြီးနောက် သူ့မှာ နှလုံးရောဂါ ရှိကြောင်း သူ့မိသားစုတွေက ပြောတယ်လို့ ရုရှား သတင်းမီဒီယာက ဖော်ပြ ခဲ့ပါတယ်။

မစ္စတာ လက်ဇင်ဟာ ရုရှားမှာ သြဇာ အရှိဆုံးတွေထဲက တစ်ဦးအဖြစ် အချိန် အတန်ကြာ မှတ်ယူခံခဲ့ရတာပါ။

သူ ဝါရှင်တန်မှာ ဘာကြောင့် ရောက်နေသလဲ ဆိုတာကို မရှင်းလင်းပေမယ့် သူ့မိသားစုဝင် တချို့ကတော့ အမေရိကန်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

မစ္စတာ လက်ဇင်ဟာ ၂၀၀၄ ကနေ ၂၀၀၉ အထိ သမ္မတ လက်ထောက်အဖြစ် လုပ်ကိုင် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment