လူပ်ဳိအေလာင္းႏွင့္လက္ထပ္ရန္ သတို႔သမီးအေလာင္းခိုးယူမႈတ႐ုတ္ျပည္မွာ ျဖစ္ပြားေန
တရုတ္ျပည္တြင္ ေသဆံုးသူအမ်ဳိးသမီးမ်ား၏ အေလာင္းမ်ားကို သခၤ်ဳိင္းဂူမ်ားမွခိုးယူကာ ေထာင္ႏွင့္ေသာင္းႏွင့္ခ်ီေသာေငြေၾကးျဖင့္ 'သတို႔သမီးအေလာင္း' အျဖစ္ေရာင္းစားမႈမ်ားရိွေနေၾကာင္း သတင္းတပုဒ္တြင္ ေဖာ္ျပထားသည္။ တ႐ုတ္ျပည္တြင္လက္မထပ္ရဘဲ ေသဆံုးသြားသူ ေယာက်္ားမ်ားမွာ ကံမေကာင္းဟု ယူဆေသာ ေရွးေဟာင္းအယူအဆတရပ္ရိွခဲ့သည္။ ယင္းအယူအဆ ျပန္လည္ထြက္ ေပၚလာခဲ့ျပီး မိသားစုမ်ားက ယင္းကဲ့သို႔ ေသဆံုးသြားေသာ လူပို်ၾကီးမ်ားအတြက္ အမ်ဳိးသမီးအေလာင္းမ်ားကို ၀ယ္ယူကာ အေလာင္းအ႐ိုးစုမ်ားကို သြပ္ႀကိဳးမ်ားႏွင့္ ခ်ည္ေႏွာင္ၿပီး သတို႔သမီး၀တ္စံု၀တ္ေပး၍ လူပ်ဳိႀကီးအေလာင္းႏွင့္ ယွဥ္တဲြျမႇပ္ႏွံမႈ ျပဳလုပ္လ်က္ရိွသည္။
ယင္းကဲ့သို႔ အမ်ဳိးသမီးအေလာင္းမ်ား ခိုးယူခံရၿပီး ''မျမင္ရေသာ တေစၧအိမ္ေထာင္ေရး''အတြက္ အသံုးခ်မႈမ်ား ရိွေန၍ ေသဆံုးသူ အမ်ဳိးသမီးမ်ား၏ က်န္ရစ္သူမ်ားကို ေပ်ာက္ဆံုးေနေသာ အေလာင္းရွာေဖြေရး လုပ္ကိုင္ေနၾကရသည္။ တရုတ္ျပည္ေတာင္ပိုင္း က်ာန္ရီွ ျပည္နယ္၏ ေဟာင္ေတာင္စီရင္စုတြင္ ယင္းကဲ့သို႔ အမ်ဳိးသမီးအေလာင္းေပ်ာက္ဆံုးမႈမွာ အနည္းဆံုး ၃၆ ေလာင္းခန္႔ရိွေၾကာင္း ယင္းေဒသ၏ ရဲတပ္ဖဲြ႕အႀကီး အကဲ လင္႐ႈက ေျပာျပသည္။
''ကြ်န္ေတာ့္ အေမရဲ့အေလာင္းကို ရွာေနတာ ကြ်န္ေတာ္ ယြမ္ ၅၀,၀၀၀ ေက်ာ္ကုန္ေနျပီ၊ ဒီလိုအေလာင္းအခိုးခံရ တာ ကၽြန္ေတာ္ႏွလံုးသားကို ဆဲြညႇစ္လိုက္သလိုပါပဲ''ဟု မိခင္အေလာင္းအခိုးခံရေသာ ေကာ့ကိ်စိန္ဆိုသူက ေျပာျပသည္။
သို႔ေသာ္လည္း က်ာန္ရီွျပည္နယ္ႏွင့္ ေျမာက္ပိုင္း ေဟနန္ျပည္နယ္မ်ားတြင္ ေငြေၾကးခ်မ္းသာၾကြယ္၀လာၾက ေသာ ေက်းလက္ျပည္သူအခ်ဳိ႕က ယင္းကဲ့သို႔ အမ်ဳိးသမီးအေလာင္းမ်ားကို ေငြေပး၀ယ္ၿပီး ယင္းအစဥ္အလာေဟာင္းကို က်င့္သံုးေနၾကျခင္းျဖစ္သည္။ ပူပူေႏြးေႏြး ေသဆံုးသူ အမ်ဳိးသမီးအေလာင္းမ်ားကို ေပါင္ စတာလင္ ၁၁,၀၀၀ အထိ ေပး၀ယ္ေနသူမ်ား ရိွသည္။ ယင္းကိစၥႏွင့္ပတ္သက္၍ ၂၀၁၁ ခုနွစ္က ဇနီးသည္ကို သတ္ျဖတ္ျပီး အေလာင္းကို ေရာင္းစားရန္ ႀကိဳးစားခဲ့သည့္လူတေယာက္ကို ဖမ္းဆီးခဲ့ရသည့္ ျဖစ္ရပ္ရိွခဲ့သည္။ ပုပ္သိုးေဆြးျမည့္ေနေသာ အေလာင္းကိုပင္ ေပါင္စတာလင္ ၅၀၀ ႏွင့္ေရာင္းခ်မႈမ်ားရိွေနသည္။ တရုတ္ႏိုင္ငံဥပေဒအရ ယင္းကဲ့သို႔ အေလာင္းခိုးယူမႈ သို႔မဟုတ္ ဖ်က္ဆီးမႈျပဳလုပ္ပါက ေထာင္ဒဏ္သံုးနွစ္အထိ ခ်မွတ္ႏိုင္သည္။
ေတဇ၀င္း
Ref;Xinhua
https://www.facebook.com/NewsWatchJournal
.................................................................
တရုတ်ပြည်တွင် သေဆုံးသူအမျိုးသမီးများ၏ အလောင်းများကို သင်္ချိုင်းဂူများမှခိုးယူကာ ထောင်နှင့်သောင်းနှင့်ချီသောငွေကြေးဖြင့် 'သတို့သမီးအလောင်း' အဖြစ်ရောင်းစားမှုများရှိနေကြောင်း သတင်းတပုဒ်တွင် ဖော်ပြထားသည်။ တရုတ်ပြည်တွင်လက်မထပ်ရဘဲ သေဆုံးသွားသူ ယောကျ်ားများမှာ ကံမကောင်းဟု ယူဆသော ရှေးဟောင်းအယူအဆတရပ်ရှိခဲ့သည်။ ယင်းအယူအဆ ပြန်လည်ထွက် ပေါ်လာခဲ့ပြီး မိသားစုများက ယင်းကဲ့သို့ သေဆုံးသွားသော လူပိုျကြီးများအတွက် အမျိုးသမီးအလောင်းများကို ၀ယ်ယူကာ အလောင်းအရိုးစုများကို သွပ်ကြိုးများနှင့် ချည်နှောင်ပြီး သတို့သမီးဝတ်စုံဝတ်ပေး၍ လူပျိုကြီးအလောင်းနှင့် ယှဉ်တွဲမြှပ်နှံမှု ပြုလုပ်လျက်ရှိသည်။
ယင်းကဲ့သို့ အမျိုးသမီးအလောင်းများ ခိုးယူခံရပြီး ''မမြင်ရသော တစ္ဆေအိမ်ထောင်ရေး''အတွက် အသုံးချမှုများ ရှိနေ၍ သေဆုံးသူ အမျိုးသမီးများ၏ ကျန်ရစ်သူများကို ပျောက်ဆုံးနေသော အလောင်းရှာဖွေရေး လုပ်ကိုင်နေကြရသည်။ တရုတ်ပြည်တောင်ပိုင်း ကျာန်ရှီ ပြည်နယ်၏ ဟောင်တောင်စီရင်စုတွင် ယင်းကဲ့သို့ အမျိုးသမီးအလောင်းပျောက်ဆုံးမှုမှာ အနည်းဆုံး ၃၆ လောင်းခန့်ရှိကြောင်း ယင်းဒေသ၏ ရဲတပ်ဖွဲ့အကြီး အကဲ လင်ရှုက ပြောပြသည်။
''ကျွန်တော့် အမေရဲ့အလောင်းကို ရှာနေတာ ကျွန်တော် ယွမ် ၅၀,၀၀၀ ကျော်ကုန်နေပြီ၊ ဒီလိုအလောင်းအခိုးခံရ တာ ကျွန်တော်နှလုံးသားကို ဆွဲညှစ်လိုက်သလိုပါပဲ''ဟု မိခင်အလောင်းအခိုးခံရသော ကော့ကျိစိန်ဆိုသူက ပြောပြသည်။
သို့သော်လည်း ကျာန်ရှီပြည်နယ်နှင့် မြောက်ပိုင်း ဟေနန်ပြည်နယ်များတွင် ငွေကြေးချမ်းသာကြွယ်ဝလာကြ သော ကျေးလက်ပြည်သူအချို့က ယင်းကဲ့သို့ အမျိုးသမီးအလောင်းများကို ငွေပေးဝယ်ပြီး ယင်းအစဉ်အလာဟောင်းကို ကျင့်သုံးနေကြခြင်းဖြစ်သည်။ ပူပူနွေးနွေး သေဆုံးသူ အမျိုးသမီးအလောင်းများကို ပေါင် စတာလင် ၁၁,၀၀၀ အထိ ပေးဝယ်နေသူများ ရှိသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်က ဇနီးသည်ကို သတ်ဖြတ်ပြီး အလောင်းကို ရောင်းစားရန် ကြိုးစားခဲ့သည့်လူတယောက်ကို ဖမ်းဆီးခဲ့ရသည့် ဖြစ်ရပ်ရှိခဲ့သည်။ ပုပ်သိုးဆွေးမြည့်နေသော အလောင်းကိုပင် ပေါင်စတာလင် ၅၀၀ နှင့်ရောင်းချမှုများရှိနေသည်။ တရုတ်နိုင်ငံဥပဒေအရ ယင်းကဲ့သို့ အလောင်းခိုးယူမှု သို့မဟုတ် ဖျက်ဆီးမှုပြုလုပ်ပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည်။
တေဇဝင်း
Ref;Xinhua
https://www.facebook.com/NewsWatchJournal
0 comments:
Post a Comment