ဖိလစ္ပိုင္ႏိုင္ငံတြင္ ျပန္ေပးဆြဲခံရသူ ႏိုင္ငံျခားသား အမ်ဳိးသားသံုးဦးႏွင့္ ဖိလစ္ပိုင္ ႏိုင္ငံသား အမ်ဳိးသမီး တစ္ဦးတို႕အားေတြ႕ရစဥ္ (ဆင္ဟြာ) |
၂၀၁၅ ခုႏွစ္ စက္တင္ဘာလကတည္းက ျပန္ေပးဆြဲခံထားရသူ ႏိုင္ငံျခားသား အမ်ဳိးသားသံုးဦးႏွင့္ ဖိလစ္ပိုင္ ႏိုင္ငံသား အမ်ဳိးသမီး တစ္ဦးတို႕က ၄င္းတို႕အား ျပန္ေပးဆြဲသူမ်ားျဖစ္သည့္ စစ္ေသြးၾကြမ်ား၏သတ္ျဖတ္ျခင္း မခံရေစရန္ ႏွင့္ ျပန္လည္လြတ္ေျမာက္ရန္ အတြက္ စစ္ေသြးၾကြမ်ားေတာင္းဆိုသည့္ ျပန္ေပးေငြ ျဖင့္ ျပန္လည္ ေရြးယူရန္ အသနားခံေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
အဆိုပါ အသနားခံ ေတာင္းဆိုေနသည့္ ဗြီဒီယိုအား မတ္လ ၁၀ ရက္က Facebook စာမ်က္ႏွာေပၚ၌ တင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ ယင္းဗီဒီယို၌ ကေနဒါႏိုင္ငံသား ႏွစ္ဦး၊ ေနာ္ေဝႏိုင္ငံသား တစ္ဦး ႏွင့္ ဖိလစ္ပိုင္ ႏိုင္ငံသား တစ္ဦးသည္ ေျမျပင္ေပၚ၌ ဒူးေထာက္လ်က္ အေနအထား ႏွင့္ ၄င္းတို႕၏ ေနာက္တြင္ လက္နက္ ကိုင္ေဆာင္ထားသည့္ ျပန္ေပးသမားမ်ားအား ေတြ႕ရေၾကာင္း သိရသည္။
ျပန္ေပးဆြဲခံထားရသူ ႏိုင္ငံျခားသား သံုးဦးသည္ ၄င္းတုိ႕ မည္သူျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ၿပီး၊ ၄င္းတို႕အား ျပန္ေပးသမားမ်ား လက္မွ ျပန္လည္ေရြးယူရန္ ၄င္းတို႕၏ မိသားစု၊ အစိုးရ ႏွင့္ ျပည္သူမ်ားထံ အသနားခံခဲ့ေၾကာင္း သိရသည္။
ျပန္ေပးသမားမ်ား အနက္ မ်က္ႏွာအား ဖံုးကြယ္ထားသူတစ္ဦးက ျပန္ေပးေငြအား ဧၿပီလ ၈ ရက္တြင္ အၿပီးေပးရန္ အဂၤလိပ္ ဘာသာစကားျဖင့္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ယခု ထုတ္ျပန္သည့္ ဗီြဒီယိုဖိုင္တြင္ ျပန္ေပးေငြ ပမာဏကို ေဖာ္ျပထားျခင္း မရွိေသာ္လည္း ယခင္ထုတ္ျပန္ ခဲ့သည့္ ဗီြဒီယိုဖိုင္၌ ပါဝင္သူ ျပန္ေပးသမားမ်ားသည္ Abu Sayyaf အၾကမ္းဖက္ အဖြဲ႕မွ ျဖစ္ၿပီး ႏိုင္ငံျခားသား တစ္ဦးစီအတြက္ ပီဆုိ ၁ ဘီလီယံ (အေမရိကန္ေဒၚလာ ၂၁.၄၆ မီလီယံ) ေတာင္းဆိုထားေၾကာင္း သိရသည္။
ျပန္ေပးဆြဲခံရသူ ေလးဦးသည္ ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ပိုင္း Samal ကၽြန္းေပၚရွိ အပန္းေျဖ ေနရာတစ္ခု၌ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလက ဖမ္းဆီး ခံခဲ့ရေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
...........................................
ဖိလစ်ပိုင်နိုင်ငံတွင် ပြန်ပေးဆွဲခံရသူ နိုင်ငံခြားသား အမျိုးသားသုံးဦးနှင့် ဖိလစ်ပိုင် နိုင်ငံသား အမျိုးသမီး တစ်ဦးတို့အားတွေ့ရစဉ် (ဆင်ဟွာ)
မနီလာ၊ မတ် ၁၁ ရက် (ဆင်ဟွာ)
၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက ပြန်ပေးဆွဲခံထားရသူ နိုင်ငံခြားသား အမျိုးသားသုံးဦးနှင့် ဖိလစ်ပိုင် နိုင်ငံသား အမျိုးသမီး တစ်ဦးတို့က ၄င်းတို့အား ပြန်ပေးဆွဲသူများဖြစ်သည့် စစ်သွေးကြွများ၏သတ်ဖြတ်ခြင်း မခံရစေရန် နှင့် ပြန်လည်လွတ်မြောက်ရန် အတွက် စစ်သွေးကြွများတောင်းဆိုသည့် ပြန်ပေးငွေ ဖြင့် ပြန်လည် ရွေးယူရန် အသနားခံတောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အသနားခံ တောင်းဆိုနေသည့် ဗွီဒီယိုအား မတ်လ ၁၀ ရက်က Facebook စာမျက်နှာပေါ်၌ တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းဗီဒီယို၌ ကနေဒါနိုင်ငံသား နှစ်ဦး၊ နော်ဝေနိုင်ငံသား တစ်ဦး နှင့် ဖိလစ်ပိုင် နိုင်ငံသား တစ်ဦးသည် မြေပြင်ပေါ်၌ ဒူးထောက်လျက် အနေအထား နှင့် ၄င်းတို့၏ နောက်တွင် လက်နက် ကိုင်ဆောင်ထားသည့် ပြန်ပေးသမားများအား တွေ့ရကြောင်း သိရသည်။
ပြန်ပေးဆွဲခံထားရသူ နိုင်ငံခြားသား သုံးဦးသည် ၄င်းတို့ မည်သူဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး၊ ၄င်းတို့အား ပြန်ပေးသမားများ လက်မှ ပြန်လည်ရွေးယူရန် ၄င်းတို့၏ မိသားစု၊ အစိုးရ နှင့် ပြည်သူများထံ အသနားခံခဲ့ကြောင်း သိရသည်။
ပြန်ပေးသမားများ အနက် မျက်နှာအား ဖုံးကွယ်ထားသူတစ်ဦးက ပြန်ပေးငွေအား ဧပြီလ ၈ ရက်တွင် အပြီးပေးရန် အင်္ဂလိပ် ဘာသာစကားဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
ယခု ထုတ်ပြန်သည့် ဗွီဒီယိုဖိုင်တွင် ပြန်ပေးငွေ ပမာဏကို ဖော်ပြထားခြင်း မရှိသော်လည်း ယခင်ထုတ်ပြန် ခဲ့သည့် ဗွီဒီယိုဖိုင်၌ ပါဝင်သူ ပြန်ပေးသမားများသည် Abu Sayyaf အကြမ်းဖက် အဖွဲ့မှ ဖြစ်ပြီး နိုင်ငံခြားသား တစ်ဦးစီအတွက် ပီဆို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁.၄၆ မီလီယံ) တောင်းဆိုထားကြောင်း သိရသည်။
ပြန်ပေးဆွဲခံရသူ လေးဦးသည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Samal ကျွန်းပေါ်ရှိ အပန်းဖြေ နေရာတစ်ခု၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment