မကၠဆီကုိကမ္းေျခတြင္ အမ်ိဳးအမည္မသိ သတၱ၀ါႀကီးတစ္ေကာင္ လာေရာက္ေသာင္တင္
မကၠဆီကုိစီးတီး ၊ ၁၃-၃-၂၀၁၆
ကြၽမ္းက်င္ပညာရွင္ မ်ားက အမ်ဳိးအမည္ အတည္ျပဳ ေပးႏုိင္ျခင္း မရွိေသာ ေၾကာက္မက္ဖြယ္ အသြင္သဏၭာန္ ရွိသည့္ ေရေန သတၱဝါႀကီး တစ္ေကာင္သည္ မကၠဆီကိုႏုိင္ငံ ရွိ ႏုိင္ငံျခား ခရီးသြား ဧည့္သည္မ်ား လည္ပတ္ေလ့ ရွိေသာ ကမ္းေျခတစ္ခုသို႔ လာေရာက္ ေသာင္တင္လ်က္ ရွိေၾကာင္း သိရသည္။
အရွည္ ၄ မီတာ(၁၃ ေပ) ရွိသည့္ ေျခေလးေခ်ာင္းပါ အဆိုပါ သတၱဝါႀကီးကို မကၠဆီကုိႏုိင္ငံ အေနာက္ေတာင္ပိုင္း ဂူရီ႐ိုျပည္နယ္ အကာပူလ္ကိုၿမိဳ႕ ရွိ ဘြန္ဖီလ္ ကမ္းေျခတြင္ ေသာင္ျပင္ လမ္းေလွ်ာက္သူ မ်ားက ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။
ယင္း သတၱဝါႀကီးသည္ ေသဆံုးၿပီး သည္မွာ မၾကာေသး ေသာ္လည္း ခႏၶာကိုယ္မွာ လ်င္ျမန္စြာ ပ်က္စီးေနၿပီ ျဖစ္ေၾကာင္း၊ သို႔ေသာ္ အဆိုပါ သတၱဝါႀကီးမွ ဆိုးဝါးေသာ အနံ႔မ်ားကို မရရွိေၾကာင္း ျပည္သူ႔ လံုၿခံဳေရးႏွင့္ မီးသတ္ တပ္ဖဲြ႕မွ တာဝန္ရွိသူ တစ္ဦးျဖစ္သည့္ ႐ိုဆာကိုမာခ်ဳိ က ေျပာၾကားသည္။
ထို႔ေနာက္ ကမ္းေျခသို႔ လာေရာက္သူ မ်ားသည္ အဆိုပါ သတၱဝါႀကီး၏ ဓာတ္ပံုကို လူမႈကြန္ရက္ေပၚသို႔ တင္ခဲ့ရာ တစ္ဆင့္ ျပန္လည္ ျဖန္႔ေဝသူ ေထာင္ေပါင္းမ်ားစြာ ရွိခဲ့ၿပီး အခ်ဳိ႕က ၄င္း သတၱ၀ါသည္ ျပည္ႀကီးငါး အႀကီးစား သို႔မဟုတ္ ေဝလငါး ျဖစ္ႏုိင္ဖြယ္ ရွိသည္ဟု မွတ္ခ်က္ျပဳ စကားမ်ား ေျပာၾကား ခဲ့ေၾကာင္း သိရသည္။
PyiChitThar
http://www.pyichitthar.com
.............................................
မက္ကဆီကိုစီးတီး ၊ ၁၃-၃-၂၀၁၆
ကျွမ်းကျင်ပညာရှင် များက အမျိုးအမည် အတည်ပြု ပေးနိုင်ခြင်း မရှိသော ကြောက်မက်ဖွယ် အသွင်သဏ္ဌာန် ရှိသည့် ရေနေ သတ္တဝါကြီး တစ်ကောင်သည် မက္ကဆီကိုနိုင်ငံ ရှိ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လည်ပတ်လေ့ ရှိသော ကမ်းခြေတစ်ခုသို့ လာရောက် သောင်တင်လျက် ရှိကြောင်း သိရသည်။
အရှည် ၄ မီတာ(၁၃ ပေ) ရှိသည့် ခြေလေးချောင်းပါ အဆိုပါ သတ္တဝါကြီးကို မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်း ဂူရီရိုပြည်နယ် အကာပူလ်ကိုမြို့ ရှိ ဘွန်ဖီလ် ကမ်းခြေတွင် သောင်ပြင် လမ်းလျှောက်သူ များက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်း သတ္တဝါကြီးသည် သေဆုံးပြီး သည်မှာ မကြာသေး သော်လည်း ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပျက်စီးနေပြီ ဖြစ်ကြောင်း၊ သို့သော် အဆိုပါ သတ္တဝါကြီးမှ ဆိုးဝါးသော အနံ့များကို မရရှိကြောင်း ပြည်သူ့ လုံခြုံရေးနှင့် မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရိုဆာကိုမာချို က ပြောကြားသည်။
ထို့နောက် ကမ်းခြေသို့ လာရောက်သူ များသည် အဆိုပါ သတ္တဝါကြီး၏ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်သို့ တင်ခဲ့ရာ တစ်ဆင့် ပြန်လည် ဖြန့်ဝေသူ ထောင်ပေါင်းများစွာ ရှိခဲ့ပြီး အချို့က ၄င်း သတ္တဝါသည် ပြည်ကြီးငါး အကြီးစား သို့မဟုတ် ဝေလငါး ဖြစ်နိုင်ဖွယ် ရှိသည်ဟု မှတ်ချက်ပြု စကားများ ပြောကြား ခဲ့ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
0 comments:
Post a Comment