အိႏိၵယႏိုင္ငံတြင္ အမ်ဳိးသမီးငယ္ တစ္ဦးအား အိမ္နီးခ်င္းမွ အဓမၼ ျပဳက်င့္ၿပီး မီးရိႈ႕သတ္ရန္ ႀကိဳးစား

အဓမၼ ျပဳက်င့္ခံရသည့္ အမ်ိဳးသမီးငယ္ အိမ္အနီး တြင္ ရဲမ်ားအား ေတြ႔ရစဥ္ (ဓာတ္ပံု-အင္တာနက္)
    နယူးေဒလီ၊ မတ္ ၉ ရက္ (ဆင္ဟြာ)

    အိႏိၵယႏိုင္ငံ ရဲတပ္ဖြဲ႕က အသက္ ၁၅ ႏွစ္အရြယ္ အမ်ဳိးသမီးငယ္ တစ္ဦးအား ၄င္း၏ ေနအိမ္၌ အိမ္နီးခ်င္းတစ္ဦး က အဓမၼ ျပဳက်င့္ၿပီး မီးရိႈ႕သတ္ရန္ ႀကိဳးစားခဲ့ေၾကာင္း မတ္လ ၈ ရက္က ေျပာၾကားခဲ့သည္။

ယင္းထိတ္လန္႕ဖြယ္ အျဖစ္အပ်က္သည္ အိႏိၵယႏိုင္ငံ၏ ၿမိဳ႕ေတာ္ နယူးေဒလီရွိ ဆင္ေျခဖံုးၿမိဳ႕တစ္ခု ျဖစ္သည့္ Noida ၿမိဳ႕တြင္ မတ္လ ၇ ရက္ အေစာပိုင္းတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။အဆိုပါ မိန္းကေလးသည္ ခႏၶာကိုယ္အႏွံ႕အျပား ၌ မီးေလာင္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ၄င္း၏ အေျခအေနမွာ စိုးရိမ္ဖြယ္ ျဖစ္ေၾကာင္း Noida ၿမိဳ႕မွ ရဲတပ္ဖြဲ႕ဝင္ တစ္ဦးက ဆင္ဟြာသို႔ ေျပာၾကားခဲ့သည္။

ရဲတပ္ဖြဲ႕သည္ အသက္ ၂၀ အရြယ္ သံသယရွိသူ အမ်ဳိးသားတစ္ဦး အား အဓမၼျပဳက်င့္မႈ ႏွင့္ မီးရိႈ႕သတ္ရန္ ႀကိဳးစားမႈတို႕ျဖင့္ ဖမ္းဆီးထားေၾကာင္း သိရသည္။

အဆိုပါ အမ်ဳိးသားအား အဓမၼက်င့္မႈ၊ လူသတ္ရန္ ႀကိဳးစားမႈ၊ ကုိယ္ထိလက္ေရာက္ က်ဳးလြန္မႈ အစရိွသည့္ ျပစ္မႈ မ်ားစြာ ျဖင့္ စြဲခ်က္ တင္ထားေၾကာင္း၊ မိန္းကေလးငယ္သည္ ၄င္းေနာက္မွ လေပါင္းမ်ားစြာ ေနာက္ေယာင္ခံ လိုက္ေနသည့္ အမ်ဳိးသားတစ္ဦးက ၄င္းအား အဓမၼ ျပဳက်င့္ခဲ့ၿပီး မီးရိႈ႕သတ္ရန္ ႀကိဳးစားခဲ့သည္ဟု ရဲမ်ားေရွ႕တြင္ ထြက္ဆိုခဲ့ေၾကာင္း ရဲအရာရွိတစ္ဦး ကေျပာၾကားခဲ့သည္။
၂၀၀၂ ခုႏွစ္ ဒီဇင္ဘာလတြင္ ျဖစ္ပြားခဲ့သည့္ ေဆးေက်ာင္းသူ တစ္ဦးအား အုပ္စုလိုက္ အဓမၼက်င့္မႈသည္ အိႏိၵယႏိုင္ငံရွိ အမ်ဳိးသမီးအေပၚ ျပစ္မႈက်ဳးလြန္မႈမ်ားအား မီးေမာင္းထုိးျပသ သကဲ့သုိ႕ျဖစ္ခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com

.................................


အဓမ္မ ပြုကျင့်ခံရသည့် အမျိုးသမီးငယ် အိမ်အနီး တွင် ရဲများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    နယူးဒေလီ၊ မတ် ၉ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား ၄င်း၏ နေအိမ်၌ အိမ်နီးချင်းတစ်ဦး က အဓမ္မ ပြုကျင့်ပြီး မီးရှို့သတ်ရန် ကြိုးစားခဲ့ကြောင်း မတ်လ ၈ ရက်က ပြောကြားခဲ့သည်။

ယင်းထိတ်လန့်ဖွယ် အဖြစ်အပျက်သည် အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီရှိ ဆင်ခြေဖုံးမြို့တစ်ခု ဖြစ်သည့် Noida မြို့တွင် မတ်လ ရ ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါ မိန်းကလေးသည် ခန္ဓာကိုယ်အနှံ့အပြား ၌ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၄င်း၏ အခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်ကြောင်း Noida မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် အသက် ၂၀ အရွယ် သံသယရှိသူ အမျိုးသားတစ်ဦး အား အဓမ္မပြုကျင့်မှု နှင့် မီးရှို့သတ်ရန် ကြိုးစားမှုတို့ဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား အဓမ္မကျင့်မှု၊ လူသတ်ရန် ကြိုးစားမှု၊ ကိုယ်ထိလက်ရောက် ကျုးလွန်မှု အစရှိသည့် ပြစ်မှု များစွာ ဖြင့် စွဲချက် တင်ထားကြောင်း၊ မိန်းကလေးငယ်သည် ၄င်းနောက်မှ လပေါင်းများစွာ နောက်ယောင်ခံ လိုက်နေသည့် အမျိုးသားတစ်ဦးက ၄င်းအား အဓမ္မ ပြုကျင့်ခဲ့ပြီး မီးရှို့သတ်ရန် ကြိုးစားခဲ့သည်ဟု ရဲများရှေ့တွင် ထွက်ဆိုခဲ့ကြောင်း ရဲအရာရှိတစ်ဦး ကပြောကြားခဲ့သည်။
၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ဆေးကျောင်းသူ တစ်ဦးအား အုပ်စုလိုက် အဓမ္မကျင့်မှုသည် အိန္ဒိယနိုင်ငံရှိ အမျိုးသမီးအပေါ် ပြစ်မှုကျုးလွန်မှုများအား မီးမောင်းထိုးပြသ သကဲ့သို့ဖြစ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment