ဆီးရီးယားမွာ IS ေခါင္းေဆာင္ေသဆံုးမႈသတင္း အတည္ျပဳဖို႔ ကန္ႀကိဳးပမ္း


အေမရိကန္ျပည္ေထာင္စုဟာ ၿပီးခဲ့တဲ့အပတ္က ဆီးရီးယားမွာ ျပဳလုပ္ခဲ့တဲ့ ေလေၾကာင္း တိုက္ခိုက္မႈအတြင္း IS အဖြဲ႔ရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ တဦးကို ေခ်မႈန္းႏိုင္ခဲ့ျခင္း ရွိ မရွိ ဆံုးျဖတ္ႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔က al-Shaddadi ၿမိဳ႕အနီးမွာ Abu Omar al-Shishani ဒါမွမဟုတ္ Omar the Chechen လို႔ လူသိမ်ားတဲ့ Tarkhan Batirashvili ကို ပစ္မွတ္ထားၿပီး စုေပါင္းတိုက္ခိုက္မႈေတြ လုပ္ခဲ့တယ္လို႕ ပင္တဂြန္ စစ္ဌာနခ်ဳပ္က ေျပာခြင့္ရပုဂၢိဳလ္ Peter Cook က ေျပာပါတယ္။

အဲဒီေဒသမွာ အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳေပးထားတဲ့ ဆီးရီးယား ဒီမိုကရက္တစ္ အင္အားစု တပ္ဖြဲ႔ေတြရဲ႕ IS အဖြဲ႔ကို ဆန္႔က်င္တိုက္ခိုက္မႈေတြ ေအာင္ျမင္ခဲ့တာေၾကာင့္ IS အဖြဲ႔ရဲ႕ တပ္မႉးျဖစ္သူဟာ အဲဒီေဒသမွာ ရွိေနလိမ့္မယ္လို႔ ယံုၾကည္ရတဲ့အေၾကာင္း မေန႔က အေစာပိုင္းက အမည္မေဖာ္ျပလိုတဲ့ အရာရွိတစ္ဦးက ဗြီအိုေအကို ေျပာသြားပါတယ္။

အဲဒီ တပ္မႈးဟာ အဲဒီေဒသမွာ ရွိတဲ့ IS တပ္ဖြဲ႕ေတြရဲ႕ အင္အားကို သိရွိဖို႔နဲ႔ သူတို႔ကို စိတ္ဓာတ္ျမႇင့္တင္ေပးဖို႔အေတြက္ ေရာက္ရွိေနတာျဖစ္ႏိုင္တယ္လို႔ အဲဒီအရာရွိက ေျပာပါတယ္။ အဲဒီေလေၾကာင္း တိုက္ခိုက္မႈအတြင္းမွာ IS တိုက္ခိုက္ေရးသမား ၁၂ ဦးေလာက္အထိ ေသဆံုးသြားတယ္လို႔လည္း သူက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........


အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့အပတ်က ဆီးရီးယားမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း IS အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးကို ချေမှုန်းနိုင်ခဲ့ခြင်း ရှိ မရှိ ဆုံးဖြတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က al-Shaddadi မြို့အနီးမှာ Abu Omar al-Shishani ဒါမှမဟုတ် Omar the Chechen လို့ လူသိများတဲ့ Tarkhan Batirashvili ကို ပစ်မှတ်ထားပြီး စုပေါင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောခွင့်ရပုဂ္ဂိုလ် Peter Cook က ပြောပါတယ်။

အဲဒီဒေသမှာ အမေရိကန် ကျောထောက်နောက်ခံပြုပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် အင်အားစု တပ်ဖွဲ့တွေရဲ့ IS အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်မှုတွေ အောင်မြင်ခဲ့တာကြောင့် IS အဖွဲ့ရဲ့ တပ်မှူးဖြစ်သူဟာ အဲဒီဒေသမှာ ရှိနေလိမ့်မယ်လို့ ယုံကြည်ရတဲ့အကြောင်း မနေ့က အစောပိုင်းက အမည်မဖော်ပြလိုတဲ့ အရာရှိတစ်ဦးက ဗွီအိုအေကို ပြောသွားပါတယ်။

အဲဒီ တပ်မှုးဟာ အဲဒီဒေသမှာ ရှိတဲ့ IS တပ်ဖွဲ့တွေရဲ့ အင်အားကို သိရှိဖို့နဲ့ သူတို့ကို စိတ်ဓာတ်မြှင့်တင်ပေးဖို့အတွေက် ရောက်ရှိနေတာဖြစ်နိုင်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။ အဲဒီလေကြောင်း တိုက်ခိုက်မှုအတွင်းမှာ IS တိုက်ခိုက်ရေးသမား ၁၂ ဦးလောက်အထိ သေဆုံးသွားတယ်လို့လည်း သူက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment