ဘဂၤလား ပင္လယ္ေအာ္၌ ကုန္တင္ ေလယာဥ္ ပ်က္က်မႈေၾကာင့္ ရုရွား ေလယာဥ္မွဴး ေသဆံုး


ဘဂၤလားေဒ့ရွ္ ႏိုင္ငံ Cox’s Bazar ေဒသ ကမ္းရိုးတန္းအလြန္တြင္ ပ်ံသန္းေနေသာ ကုန္တင္ ေလယာဥ္ တစ္စင္း အား ေတြ႔ရစဥ္ (ဓာတ္ပံု-အင္တာနက္)
    ဒါကာ၊ မတ္ ၉ ရက္ (ဆင္ဟြာ)

    ဘဂၤလားေဒ့ရွ္ ႏိုင္ငံ၏ အေရွ႕ေတာင္ပိုင္း Cox’s Bazar ေဒသ ကမ္းရိုးတန္းအလြန္ရွိ ဘဂၤလား ပင္လယ္ေအာ္ ၌ မတ္လ ၉ ရက္ နံနက္ပိုင္းက ကုန္တင္ ေလယာဥ္တစ္စီး ပ်က္က်ခဲ့ရာ ရုရွားလူမ်ဳိး ေလယာဥ္မွဴး တစ္ဦး ေသဆံုးၿပီး ၂ ဦး ေပ်ာက္ဆံုးေနဆဲ ျဖစ္ေၾကာင္း ေဒသခံ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

Cox’s Bazar ေလဆိပ္၏ မန္ေနဂ်ာျဖစ္သူ Sadhan Kumar Mohanta က ေလယာဥ္ ပ်က္က်မႈ၌ ရုရွားလူမ်ဳိး ေလယာဥ္မွဴး တစ္ဦး ေသဆံုးကာ အျခားေလယာဥ္မွဴး တစ္ဦးမွာ ျပင္းထန္စြာ ဒဏ္ရာ ရရွိခဲ့ေၾကာင္း ဆင္ဟြာသုိ႕ ေျပာၾကားခဲ့သည္။

၄င္းက ေလယာဥ္ ဝန္ထမ္း ႏွစ္ဦး ေပ်ာက္ဆံုးေနကာ ကယ္ဆယ္ေရးႏွင့္ ရွာေဖြေရး လုပ္ငန္းမ်ားကို ဆက္လက္ လုပ္ေဆာင္လ်က္ ရွိေၾကာင္း ေျပာၾကားခဲ့သည္။

ယင္းကုန္တင္ေလယာဥ္သည္ Cox’s ေလဆိပ္မွ ေဒသစံေတာ္ခ်ိန္ နံနက္ ၉း၀၅ နာရီ၌ ထြက္ခြာခဲ့ၿပီး မိနစ္ပိုင္း အၾကာ၌ ပင္လယ္ထဲသုိ႕ ပ်က္က်ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ကုန္တင္ ေလယာဥ္သည္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံတြင္ မွတ္ပံုတင္ထားသည့္ ရုရွားပိုင္ True ေလေၾကာင္း ပို႕ေဆာင္ေရးမွ ျဖစ္ၿပီး Cox’s Bazar ေဒသမွ Jessore ေဒသသုိ႕ ပုဇြန္ဥမ်ား တင္ပို႕ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ေလယာဥ္ ပ်က္က်ရျခင္း အေၾကာင္းအရင္း အေသးစိတ္ကို သိရွိေသးျခင္း မရွိေၾကာင္းသိရသည္။

 (Xinhua)
http://www.xinhuamyanmar.com

....................................



ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar ဒေသ ကမ်းရိုးတန်းအလွန်တွင် ပျံသန်းနေသော ကုန်တင် လေယာဉ် တစ်စင်း အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဒါကာ၊ မတ် ၉ ရက် (ဆင်ဟွာ)

    ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရှေ့တောင်ပိုင်း Cox’s Bazar ဒေသ ကမ်းရိုးတန်းအလွန်ရှိ ဘင်္ဂလား ပင်လယ်အော် ၌ မတ်လ ၉ ရက် နံနက်ပိုင်းက ကုန်တင် လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ ရုရှားလူမျိုး လေယာဉ်မှူး တစ်ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Cox’s Bazar လေဆိပ်၏ မန်နေဂျာဖြစ်သူ Sadhan Kumar Mohanta က လေယာဉ် ပျက်ကျမှု၌ ရုရှားလူမျိုး လေယာဉ်မှူး တစ်ဦး သေဆုံးကာ အခြားလေယာဉ်မှူး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၄င်းက လေယာဉ် ဝန်ထမ်း နှစ်ဦး ပျောက်ဆုံးနေကာ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းကုန်တင်လေယာဉ်သည် Cox’s လေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၉းဝ၅ နာရီ၌ ထွက်ခွာခဲ့ပြီး မိနစ်ပိုင်း အကြာ၌ ပင်လယ်ထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကုန်တင် လေယာဉ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မှတ်ပုံတင်ထားသည့် ရုရှားပိုင် True လေကြောင်း ပို့ဆောင်ရေးမှ ဖြစ်ပြီး Cox’s Bazar ဒေသမှ Jessore ဒေသသို့ ပုဇွန်ဥများ တင်ပို့ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

လေယာဉ် ပျက်ကျရခြင်း အကြောင်းအရင်း အသေးစိတ်ကို သိရှိသေးခြင်း မရှိကြောင်းသိရသည်။

 (Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment