ၾသစေၾတးလ်နဲ႔ ကေမၻာဒီးယားႏုိင္ငံအၾကားက အျငင္းပြားဖြယ္ အေမရိကန္ေဒၚလာ ၄၁ သန္းတန္ သေဘာတူညီခ်က္နဲ႔ ကေမၻာဒီးယားႏုိင္ငံမွာ ေျပာင္းေရႊ႕ေနထုိင္ခဲ့ၾကတဲ့ ဒုကၡသည္ ၅ ဦးထဲက အနဲဆုံး ၃ ဦးဟာ သူတုိ႔ မိခင္ႏုိင္ငံေတြကုိ ျပန္သြားၾကၿပီ ျဖစ္ပါတယ္။
အီရန္ႏုိင္ငံက ဇနီးေမာင္ႏွံ ၂ ေယာက္ဟာလည္း ကေမၻာဒီးယားႏုိင္ငံမွာ လအနဲငယ္ ေနထုိင္ၿပီးေနာက္ အဂၤါေန႔က သူတုိ႔တုိင္းျပည္ကုိ ျပန္သြားၾကၿပီလုိ႔ ကေမၻာဒီးယားအစုိးရ အရာရွိေတြက ေျပာပါတယ္။ ဒါဟာ ကေမၻာဒီးယားႏုိင္ငံမွာ ေရႊ႕ေျပာင္းေနထုိင္တဲ့ ရုိဟင္ဂ်ာ ဒုကၡသည္တဦး ျမန္မာႏုိ္င္ငံကုိိ ၂၀၁၅ ခု၊ ဇြန္လက ျပန္သြားအၿပီး ၉ လေလာက္အၾကာမွာ အခုလုိ ဒုကၡသည္တခ်ဳိ႕ ေနရပ္ကုိ ထပ္ျပန္ၾကတာ ျဖစ္ပါတယ္။
ၾသစေၾတးလ်ႏုိင္ငံမွာ ခုိလႈံခြင့္လာေလွ်ာက္ၾကတဲ့ ဒုကၡသည္ေတြကုိ ၾသစေၾတးလ်အစုိးရရဲ႕ ေငြေၾကး အေထာက္အပ့ံနဲ႔ ကေမၻာဒီးယားႏုိင္ငံကုိ ေရာက္လာၾကတာ ျဖစ္ပါတယ္။ ဒါေပမဲ့့ ဒုကၡသည္ အမ်ားစုကုိေတာ့ ေတာင္ပစိဖိတ္သမုဒၵယာထဲက Nauru ကၽြန္းမွာ ထိန္းသိမ္းထားပါတယ္။ Nauru ကၽြန္းက ဒုကၡသည္ေတြအတြက္ ဖြင့္ထားတဲ့ ထိန္းသိမ္းေရးစခန္းက အေျခအေနေတြဟာ က်န္းမာေရးနဲ႔ ညီညြတ္ျခင္းမရွိဘူးလုိ႔ လူ႔အခြင့္အေရး အဖြဲ႔အစည္းေတြက ေထာက္ျပ ေျပာဆုိေနၾကတာပါ။ အဲဒီကၽြန္းမွာ ၾသစေၾတးလ်က ဒုကၡသည္ေပါင္း ၆၀၀ ေလာက္ကုိ ထိန္းသိမ္းထားတာ ျဖစ္ပါတယ္။
အခုေနာက္ဆုံး ကေမၻာဒီးယားကေန ျပန္သြားၾကတဲ့ အီရန္ ဇနီးေမာင္ႏွံက သူတုိ႔တုိင္းျပည္ကုိ သတိရလြန္းတဲ့အတြက္ ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႔က ျပန္သြားျခင္းျဖစ္ေၾကာင္း ကေမၻာဒီးယားျပည္ထဲေရး၀န္ႀကီးဌာန ေျပာခြင့္ရ Kem Sarin က ဗီြအုိေအ ခမာအသံလႊင့္ဌာနကုိ ေျပာပါတယ္။
ၾသစေၾတးလ်-ကေမၻာဒီးယား သေဘာတူညီခ်က္နဲ႔ ေျပာင္းေရြ႕ေနထုိင္တဲ့ ဒုကၡသည္ စုစုေပါင္း ၅ ဦးရွိတဲ့အထဲက ၃ ဦး ျပန္သြားၿပီျဖစ္တဲ့အတြက္ ရုိဟင္ဂ်ာတဦးနဲ႔ အီရန္ႏုိင္ငံသားတဦး၊ ေပါင္း ၂ ဦးပဲ ကေမၻာဒီးယားႏုိင္ငံမွာ က်န္ပါေတာ့တယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............
သြစတြေးလျနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြားက အငြင်းပွားဖွယ် အမေရိကန်ဒေါ်လာ ၄၁ သန်းတန် သဘောတူညီချက်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ ဒုက္ခသည် ၅ ဦးထဲက အနဲဆုံး ၃ ဦးဟာ သူတို့ မိခင်နိုင်ငံတွေကို ပြန်သွားကြပြီ ဖြစ်ပါတယ်။
အီရန်နိုင်ငံက ဇနီးမောင်နှံ ၂ ယောက်ဟာလည်း ကမ္ဘောဒီးယားနိုင်ငံမှာ လအနဲငယ် နေထိုင်ပြီးနောက် အင်္ဂါနေ့က သူတို့တိုင်းပြည်ကို ပြန်သွားကြပြီလို့ ကမ္ဘောဒီးယားအစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦး မြန်မာနို်င်ငံကိုိ ၂၀၁၅ ခု၊ ဇွန်လက ပြန်သွားအပြီး ၉ လလောက်အကြာမှာ အခုလို ဒုက္ခသည်တချို့ နေရပ်ကို ထပ်ပြန်ကြတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်လာလျှောက်ကြတဲ့ ဒုက္ခသည်တွေကို သြစတြေးလျအစိုးရရဲ့ ငွေကြေး အထောက်အပ့ံနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ရောက်လာကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့့ ဒုက္ခသည် အများစုကိုတော့ တောင်ပစိဖိတ်သမုဒ္ဒယာထဲက Nauru ကျွန်းမှာ ထိန်းသိမ်းထားပါတယ်။ Nauru ကျွန်းက ဒုက္ခသည်တွေအတွက် ဖွင့်ထားတဲ့ ထိန်းသိမ်းရေးစခန်းက အခြေအနေတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေကြတာပါ။ အဲဒီကျွန်းမှာ သြစတြေးလျက ဒုက္ခသည်ပေါင်း ၆၀၀ လောက်ကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
အခုနောက်ဆုံး ကမ္ဘောဒီးယားကနေ ပြန်သွားကြတဲ့ အီရန် ဇနီးမောင်နှံက သူတို့တိုင်းပြည်ကို သတိရလွန်းတဲ့အတွက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်သွားခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Kem Sarin က ဗွီအိုအေ ခမာအသံလွှင့်ဌာနကို ပြောပါတယ်။
သြစတြေးလျ-ကမ္ဘောဒီးယား သဘောတူညီချက်နဲ့ ပြောင်းရွေ့နေထိုင်တဲ့ ဒုက္ခသည် စုစုပေါင်း ၅ ဦးရှိတဲ့အထဲက ၃ ဦး ပြန်သွားပြီဖြစ်တဲ့အတွက် ရိုဟင်ဂျာတဦးနဲ့ အီရန်နိုင်ငံသားတဦး၊ ပေါင်း ၂ ဦးပဲ ကမ္ဘောဒီးယားနိုင်ငံမှာ ကျန်ပါတော့တယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment