ကိုရီးယားနဲ႔ ကန္တို႔ ျပာက်တဲ့အထိ ႏ်ဴ႕ကို စမ္းသပ္မယ္

ႏ်ဴကလီးယား စက္ရုံက သိပၸံပညာရွင္ေတြနဲ႔ ေတြ႔ဆုံတဲ့ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong-un (Credit: AFP) 
ေျမာက္ကိုရီးယား ​ႏိုင္ငံေခါင္းေဆာင္ ​Kim ​Jong-un ​က ​ႏ်ဴကလီးယား ​လက္နက္ ​စမ္းသပ္မႈေတြ ​ဆက္လုပ္ဖို႔ ​ညႊန္ၾကားလိုက္ၿပီး ​ေတာင္ကိုရီးယားနဲ႔ ​အေမရိကန္ႏိုင္ငံ ​ျပာက်ေအာင္ ​လုပ္ႏိုင္တယ္ဆိုၿပီး ​ၿခိမ္းေျခာက္လိုက္ပါတယ္။

တနလၤာေန႔တုန္းက ​အေမရိကန္နဲ႔ ​ေတာင္ကိုရီးယားတို႔ ​စစ္ေရးေလ့က်င့္လာတဲ့ ​ေန႔ကစၿပီး ​ေျမာက္ကိုရီးယား ​ေခါင္းေဆာင္ဟာ ​ႏ်ဴကလီးယား ​စြမ္းရည္ ​ဘယ္ေလာက္ ​ရွိလာၿပီလဲ ​ဆိုတာကို ​ေတာက္ေလွ်ာက္ ​ေျပာဆိုေနပါတယ္။

ဒုံးက်ည္ ​ထိပ္ဖူးမွာ ​တပ္ဆင္ႏိုင္မယ့္ ​ႏ်ဴကလီးယားေတြကို ​တီထြင္ႏိုင္ၿပီလို႔ ​ေျပာဆိုသလို ​တာတိုပစ္ ​ဒုံးက်ည္ေတြကိုလည္း ​ပင္လယ္ထဲ ​ပစ္ခတ္ခဲ့ပါတယ္။

ႏ်ဴကလီးယား ​လက္နက္ကို ​ဆက္လက္ ​စမ္းသပ္မႈေတြလုပ္ဖို႔ ​ညြန္ၾကားလိုက္သလို ​သတင္းတစ္ခုမွာေတာ့ ​အေမရိကန္နဲ႔ ​ေတာင္ကိုရီးယားကို ​ျပာက်သြားေအာင္ ​လုပ္ပစ္မယ္လို႔ေတာင္ ​ၿခိမ္းေျခာက္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ ​ဇန္နဝါရီလတုန္းကပဲ ​ေျမာက္ကိုရီးယားက ​ႏ်ဴကလီးယား ​စမ္းသပ္မႈ ​လုပ္ၿပီးတဲ့ေနာက္ ​ႏိုင္ငံတကာရဲ့ ​ေဝဖန္မႈကို ​ခံရၿပီး ​ကုလသမဂၢကလည္း ​ဒဏ္ခတ္ပိတ္ဆို႔မႈ ​တိုးခ်ဲ႔ ​ခ်မွတ္လိုက္ပါတယ္။

ေျမာက္ကိုရီးယားအေပၚ ​ကုလသမဂၢက ​ဒဏ္ခတ္ပိတ္ဆို႔မႈ ​အသစ္ကို ​ခ်မွတ္ၿပီးတဲ့ေနာက္ ​တရုတ္က ​ေျမာက္ကိုရီးယား ​သေဘၤာေတြကို ​ဝင္ခြင့္ ​ပိတ္ပင္လိုက္ပါတယ္။

အရင္တုန္းက ​ေျမာက္ကိုရီးယား ​ႏိုင္ငံအေပၚ ​ခ်မွတ္တဲ့ ​ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ​တရုတ္က ​လိုက္နာေလ့မရွိေပမယ့္ ​ဒီတခ်ီမွာေတာ့ ​ေပးဝင္မွာ ​မဟုတ္ဘူးလို႔ ​တရုတ္အစိုးရက ​ေျပာလိုက္ပါတယ္။

ကုလသမဂၢရဲ့ ​ဒဏ္ခတ္ပိတ္ဆို႔မႈကို ​ပထမဆုံး ​အေကာင္အထည္ ​ေဖာ္တဲ့ ​ႏိုင္ငံကေတာ့ ​ဖိလစ္ပိုင္ႏိုင္ငံျဖစ္ပါတယ္။

ဖိလစ္ပိုင္ ​ႏိုင္ငံထဲ ​ဝင္ေရာက္တဲ့ ​ေျမာက္ကိုရီးယား ​သေဘၤာကို ​ဖိလစ္ပိုက္က ​ေက်ာက္ခ်ခိုင္းခဲ့ၿပီး ​စစ္ေဆးမႈေတြ ​လုပ္ခဲ့သလို ​ကုလသမဂၢေတြ ​စစ္ေဆးႏိုင္ေအာင္လည္း ​လုပ္ေဆာင္ေပးခဲ့ပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese

................................................


နျူကလီးယား စက်ရုံက သိပ္ပံပညာရှင်တွေနဲ့ တွေ့ဆုံတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-un (Credit: AFP)
မြောက်ကိုရီးယား ​နိုင်ငံခေါင်းဆောင် ​Kim ​Jong-un ​က ​နျူကလီးယား ​လက်နက် ​စမ်းသပ်မှုတွေ ​ဆက်လုပ်ဖို့ ​ညွှန်ကြားလိုက်ပြီး ​တောင်ကိုရီးယားနဲ့ ​အမေရိကန်နိုင်ငံ ​ပြာကျအောင် ​လုပ်နိုင်တယ်ဆိုပြီး ​ခြိမ်းခြောက်လိုက်ပါတယ်။

တနင်္လာနေ့တုန်းက ​အမေရိကန်နဲ့ ​တောင်ကိုရီးယားတို့ ​စစ်ရေးလေ့ကျင့်လာတဲ့ ​နေ့ကစပြီး ​မြောက်ကိုရီးယား ​ခေါင်းဆောင်ဟာ ​နျူကလီးယား ​စွမ်းရည် ​ဘယ်လောက် ​ရှိလာပြီလဲ ​ဆိုတာကို ​တောက်လျှောက် ​ပြောဆိုနေပါတယ်။

ဒုံးကျည် ​ထိပ်ဖူးမှာ ​တပ်ဆင်နိုင်မယ့် ​နျူကလီးယားတွေကို ​တီထွင်နိုင်ပြီလို့ ​ပြောဆိုသလို ​တာတိုပစ် ​ဒုံးကျည်တွေကိုလည်း ​ပင်လယ်ထဲ ​ပစ်ခတ်ခဲ့ပါတယ်။

နျူကလီးယား ​လက်နက်ကို ​ဆက်လက် ​စမ်းသပ်မှုတွေလုပ်ဖို့ ​ညွန်ကြားလိုက်သလို ​သတင်းတစ်ခုမှာတော့ ​အမေရိကန်နဲ့ ​တောင်ကိုရီးယားကို ​ပြာကျသွားအောင် ​လုပ်ပစ်မယ်လို့တောင် ​ခြိမ်းခြောက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ​ဇန်နဝါရီလတုန်းကပဲ ​မြောက်ကိုရီးယားက ​နျူကလီးယား ​စမ်းသပ်မှု ​လုပ်ပြီးတဲ့နောက် ​နိုင်ငံတကာရဲ့ ​ဝေဖန်မှုကို ​ခံရပြီး ​ကုလသမဂ္ဂကလည်း ​ဒဏ်ခတ်ပိတ်ဆို့မှု ​တိုးချဲ့ ​ချမှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားအပေါ် ​ကုလသမဂ္ဂက ​ဒဏ်ခတ်ပိတ်ဆို့မှု ​အသစ်ကို ​ချမှတ်ပြီးတဲ့နောက် ​တရုတ်က ​မြောက်ကိုရီးယား ​သင်္ဘောတွေကို ​ဝင်ခွင့် ​ပိတ်ပင်လိုက်ပါတယ်။

အရင်တုန်းက ​မြောက်ကိုရီးယား ​နိုင်ငံအပေါ် ​ချမှတ်တဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​တရုတ်က ​လိုက်နာလေ့မရှိပေမယ့် ​ဒီတချီမှာတော့ ​ပေးဝင်မှာ ​မဟုတ်ဘူးလို့ ​တရုတ်အစိုးရက ​ပြောလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုကို ​ပထမဆုံး ​အကောင်အထည် ​ဖော်တဲ့ ​နိုင်ငံကတော့ ​ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။

ဖိလစ်ပိုင် ​နိုင်ငံထဲ ​ဝင်ရောက်တဲ့ ​မြောက်ကိုရီးယား ​သင်္ဘောကို ​ဖိလစ်ပိုက်က ​ကျောက်ချခိုင်းခဲ့ပြီး ​စစ်ဆေးမှုတွေ ​လုပ်ခဲ့သလို ​ကုလသမဂ္ဂတွေ ​စစ်ဆေးနိုင်အောင်လည်း ​လုပ်ဆောင်ပေးခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment