အေမရိကန္သည္ ၄င္း၏ B-2 ဗံုးက်ဲ ေလယာဥ္မ်ားအား အာရွ-ပစိဖိတ္ေဒသသို႕ ျဖန္႔က်က္ ေစလႊတ္


အေမရိကန္ႏိုင္ငံ မွ B-2 ဗံုးက်ဲေလယာဥ္ တစ္စီးအား ေတြ႕ရစဥ္ (ဓာတ္ပံု-အင္တာနက္)
    ဝါရွင္တန္၊ မတ္ ၁၀ ရက္ (ဆင္ဟြာ)

    အေမရိကန္ ကာကြယ္ေရး ဦးစီးဌာနက အေမရိကန္ စစ္တပ္သည္ B-2 ဗံုးက်ဲေလယာဥ္ သံုးစီးအား ေလ့က်င့္ေရး မစ္ရွင္ တစ္ခု ျပဳလုပ္ရန္ အာရွ-ပစိဖိတ္ ေဒသသုိ႕မတ္လ ၈ ရက္က ျဖန္႔က်က္ ေစလႊတ္ခဲ့ေၾကာင္း မတ္လ ၉ ရက္ေန႕တြင္ ေၾကညာခဲ့သည္။

ကာကြယ္ေရးဦးစီးဌာနမွ ထုတ္ျပန္ခ်က္တစ္ခု၌ B-2 ဗံုးက်ဲ ေလယာဥ္မ်ားသည္ ၄င္း၏ မိတ္ဖက္ ေလတပ္မ်ား ႏွင့္ ပူးေပါင္း ဆက္သြယ္၍ စစ္ေရး ေလ့က်င့္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

ထုတ္ျပန္ခ်က္၌ ဗံုးက်ဲေလယာဥ္မ်ားသည္ ေလ့က်င့္မႈမ်ား၏ မည္သည့္ ေနရာတြင္ ပါဝင္ေၾကာင္း ႏွင့္ အခ်ိန္မည္မွ် ၾကာျမင့္မည္ ျဖစ္ေၾကာင္းကို ေဖာ္ျပထားျခင္း မရွိေၾကာင္း သိရသည္။

ေျမာက္ကိုရီယားႏိုင္ငံ (DPRK) က မၾကာေသးမီက ျပဳလုပ္ခဲ့သည့္ ႏ်ဴကလီးယား စမ္းသပ္မႈႏွင့္ တာေဝးဒံုးပ်ံ ပစ္လႊတ္မႈေၾကာင့္ ကိုရီးယားကၽြန္းဆြယ္ ၌ တင္းမာမႈမ်ား ႀကီးထြားလာသည့္ ၾကားထဲမွ အေမရိကန္ႏိုင္ငံသည္ စစ္ေရးလႈပ္ရွားမႈမ်ားကို ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ တရုတ္ႏိုင္ငံႏွင့္ ရုရွားႏိုင္ငံတို႕က ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ရန္ ေျပာၾကားထားေၾကာင္း သိရသည္။

ကုလသမဂၢ လံုျခံဳေရး ေကာင္စီသည္ မတ္လ ၂ ရက္တြင္ ေျမာက္ကိုရီးယားႏိုင္ငံ (DPRK) အေပၚ ျပင္းထန္ သည့္ ပိတ္ဆုိ႕မႈ အသစ္မ်ားကို ခ်မွတ္ခဲ့ေၾကာင္း သိရသည္။ ယင္းပိတ္ဆို႕မႈမ်ားတြင္ ေျမာက္ကိုရီးယားႏိုင္ငံ (DPRK) သုိ႕ ပို႔ေဆာင္မည့္ (သုိ႕) ေျမာက္ကိုရီးယားႏိုင္ငံ (DPRK) မွ ပို႕ေဆာင္မည့္ ကုန္ပစၥည္းမ်ားကို ပိတ္ဆို႕တားဆီးသြားျခင္း၊ ေျမာက္ကိုရီးယားႏိုင္ငံ (DPRK) မွ ေက်ာက္မီးေသြးႏွင့္ တြင္းထြက္ ပစၥည္းတင္ပို႕မႈမ်ားကို ပိတ္ဆို႔ တားဆီးျခင္းတို႕ပါဝင္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
.............

အမေရိကန်နိုင်ငံ မှ B-2 ဗုံးကျဲလေယာဉ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဝါရှင်တန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

    အမေရိကန် ကာကွယ်ရေး ဦးစီးဌာနက အမေရိကန် စစ်တပ်သည် B-2 ဗုံးကျဲလေယာဉ် သုံးစီးအား လေ့ကျင့်ရေး မစ်ရှင် တစ်ခု ပြုလုပ်ရန် အာရှ-ပစိဖိတ် ဒေသသို့မတ်လ ၈ ရက်က ဖြန့်ကျက် စေလွှတ်ခဲ့ကြောင်း မတ်လ ၉ ရက်နေ့တွင် ကြေညာခဲ့သည်။

ကာကွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်တစ်ခု၌ B-2 ဗုံးကျဲ လေယာဉ်များသည် ၄င်း၏ မိတ်ဖက် လေတပ်များ နှင့် ပူးပေါင်း ဆက်သွယ်၍ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်၌ ဗုံးကျဲလေယာဉ်များသည် လေ့ကျင့်မှုများ၏ မည်သည့် နေရာတွင် ပါဝင်ကြောင်း နှင့် အချိန်မည်မျှ ကြာမြင့်မည် ဖြစ်ကြောင်းကို ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

မြောက်ကိုရီယားနိုင်ငံ (DPRK) က မကြာသေးမီက ပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှုနှင့် တာဝေးဒုံးပျံ ပစ်လွှတ်မှုကြောင့် ကိုရီးယားကျွန်းဆွယ် ၌ တင်းမာမှုများ ကြီးထွားလာသည့် ကြားထဲမှ အမေရိကန်နိုင်ငံသည် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် ပြောကြားထားကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မတ်လ ၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ (DPRK) အပေါ် ပြင်းထန် သည့် ပိတ်ဆို့မှု အသစ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းပိတ်ဆို့မှုများတွင် မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ ပို့ဆောင်မည့် (သို့) မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ ပို့ဆောင်မည့် ကုန်ပစ္စည်းများကို ပိတ်ဆို့တားဆီးသွားခြင်း၊ မြောက်ကိုရီးယားနိုင်ငံ (DPRK) မှ ကျောက်မီးသွေးနှင့် တွင်းထွက် ပစ္စည်းတင်ပို့မှုများကို ပိတ်ဆို့ တားဆီးခြင်းတို့ပါဝင်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment