ကလ့ဲစားေခ်တတ္တဲ့ မိန္းမ

အိမ္ေထာင္သက္ ၃၇ ေက်ာ္ၾကာျပီးမွ Jake ဆုိတဲ့ ေယာက္်ားျဖစ္သူက သူ႔ရဲ႕ အတြင္းေရးမႉး မိန္းကေလးနဲ႕လက္ထပ္ႏုိင္ဖို႔အတြက္ ဇနီးျဖစ္သူ Edith  ကို တရားရုံးမွာ ကြာရွင္းခြင့္ ေတာင္းခဲ့ပါတယ္။ ဇနီးျဖစ္သူက လက္မခံႏုိ္င္ေပမဲ့ Jake မွာ ပုိေကာင္းတဲ့ ေရွ႕ေနေတြ ရွိတဲ့အတြက္ ကြာရွင္းေပးခဲ့ရပါတယ္။
ဒါ့အျပင္ သူတုိ႔ ဇနီးေမာင္ႏွံေနခဲ့တဲ့ ေဒၚလာ သန္းေပါင္းမ်ားစြာတန္တဲ့ အိမ္ၾကီးမွာ ဇနီးအသစ္စက္စက္ အတြင္းေရးမႉးမေလးက ေနခ်င္ပါတယ္လုိ႔ ပူဆာတဲ့အတြက္ ဇနီးေဟာင္းျဖစ္သူကို အိမ္ၾကီးေပၚက ဆင္းေပးဖုိ႔ သုံးရက္ပဲ အခ်ိန္ေပးခဲ့ပါတယ္။
Edith က ပထမေန႔မွာ သူပို္င္ ပစၥည္းေတြကို ထုတ္ပုိးျပီး ဒုတိယေန႕မွာေတာ့ ပစၥည္းေတြကို သယ္သြားခဲ့ပါတယ္။ တတိယေန႔မွာေတာ့ ဒီအိမ္ၾကီးေပၚက မသြားခင္မွာ ပုဇြန္နဲ႔ ငါးဆားနယ္ဥေတြ အမ်ားၾကီး ဝယ္လာျပီး ခ်က္စားပါတယ္။ စားျပီးသြားတဲ့ အခါမွာေတာ့ အိမ္ၾကီးရဲ႕ တစ္ခန္းဝင္ တစ္ခန္းထြက္ျပီး  ခန္းဆီးလုိက္ကာတပ္တဲ့  တုတ္ေခ်ာင္းေတြရဲ႕ အတြင္းထဲမွာ ပုဇြန္ေခါင္းေတြနဲ႕ ငါးစားနယ္ဥေတြကို လုိက္ထည့္ခဲ့ပါတယ္။ျပီးေနာက္မွာေတာ့ မီးဖုိေခ်ာင္ကို သန္႔ရွင္းေရးလုပ္ျပီး ထြက္လာခဲ့ပါတယ္။
 ေနာက္တစ္ေန႔မွာ သူေဌးၾကီးတို႔ ဇနီးေမာင္ႏွံအသစ္ ေရာက္ရွိလာျပီး ေပ်ာ္ရႊင္ေနၾကပါတယ္။ ဒါေပမဲ့ မၾကာပါဘူး။ တစ္ရက္ ႏွစ္ရက္ အၾကာမွာပဲ အိမ္ၾကီးထဲက အပုပ္နံံ႔ေတြထြက္လာပါတယ္။ အနံ႔ေတြေပ်ာက္သြားေအာင္ အေမႊးနံ႔ေတြ ဖ်န္း၊ၾကြက္လို အေကာင္တစ္ေကာင္ေကာင္ ေသေနတာေၾကာင့္ အနံ႔ထြက္တယ္ထင္လုိ႔ ရွာေပမဲ့လည္း ဘာမွ မေတြ႔ၾကပါဘူး။ တအိမ္လုံးမွာလည္း ေနလို႔မရေအာင္ အနံ႔ဆုိးေတြ ထြက္ေနပါတယ္။
တစ္အိမ္လုံးကုိ ေကာ္ေဇာ အေကာင္းစားေတြလဲ၊ ေလဝင္ေလထြက္ေပါက္ေတြကုိ သန္႔ရွင္းေရးလုပ္ရွာေဖြေပမဲ့ ဘယ္လိုမွ  အစရွာမရခဲ့ပါဘူး။အနံံဆုိးေတြက ပိုျပီး ျပင္းထန္လာတဲ့အတြက္ အလုပ္သမားေတြကို လည္း ေခၚလို႔မရေတာ့သလုိ ဧည့္သည္ေတြလည္း မလာေတာ့တဲ့အတြက္ အိမ္ကုိေရာင္းပစ္ဖို႔ ၾကိဳးစားေသာ္လည္း အိမ္အက်ဳိးေဆာင္ကလည္း ေရာက္မလာခဲ့ပါဘူး။
အဲ့ဒီအခ်ိ္န္မွာ ဇနီးေဟာင္းျဖစ္သူ Edith ေရာက္လာျပီး  ဒီအိမ္ၾကီးကုိ ကာလေပါက္ေစ်းရဲ႕ ၁၀ ပုံ ၁ ပုံစာပဲ တြက္ျပီး  ေရာင္းမယ္ဆုိရင္ ဝယ္မယ့္အေၾကာင္းေျပာတဲ့အတြက္ သူေဌးၾကီးလင္မယားက ဒီေန႔ပဲ စာခ်ဳပ္ခ်ဳပ္ျပီး ဝယ္မယ္ဆုိရင္ ေရာင္းမယ္ဆုိျပီးေျပာခဲ့ပါတယ္။ သူ႕ရဲ႕ အေကာင္းဆုံး ကလဲ့စားေခ်ေရး အစီအစဥ္ ေအာင္ျမင္ျပီဆုိျပီး ေပ်ာ္ရႊင္သြားသူမွာေတာ့ ေဒၚလာသန္းခ်ီတန္တဲ့အိမ္ကုိ ၁၀ ဆေလာက္ေစ်းႏွိမ္ျပီး ဝယ္လုိက္ႏုိင္တဲ့ ဇနီးေဟာင္း Edith ပဲ ျဖစ္ပါတယ္။
Ref:reldigezt 
http://www.trend.com.mm/2016/03/11/relationships-9060
.................................................
ခင်သူဇာ
အိမ်ထောင်သက် ၃၇ ကျော်ကြာပြီးမှ Jake ဆိုတဲ့ ယောက်ျားဖြစ်သူက သူ့ရဲ့ အတွင်းရေးမှူး မိန်းကလေးနဲ့လက်ထပ်နိုင်ဖို့အတွက် ဇနီးဖြစ်သူ Edith  ကို တရားရုံးမှာ ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ ဇနီးဖြစ်သူက လက်မခံနို်င်ပေမဲ့ Jake မှာ ပိုကောင်းတဲ့ ရှေ့နေတွေ ရှိတဲ့အတွက် ကွာရှင်းပေးခဲ့ရပါတယ်။
ဒါ့အပြင် သူတို့ ဇနီးမောင်နှံနေခဲ့တဲ့ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ အိမ်ကြီးမှာ ဇနီးအသစ်စက်စက် အတွင်းရေးမှူးမလေးက နေချင်ပါတယ်လို့ ပူဆာတဲ့အတွက် ဇနီးဟောင်းဖြစ်သူကို အိမ်ကြီးပေါ်က ဆင်းပေးဖို့ သုံးရက်ပဲ အချိန်ပေးခဲ့ပါတယ်။
Edith က ပထမနေ့မှာ သူပို်င် ပစ္စည်းတွေကို ထုတ်ပိုးပြီး ဒုတိယနေ့မှာတော့ ပစ္စည်းတွေကို သယ်သွားခဲ့ပါတယ်။ တတိယနေ့မှာတော့ ဒီအိမ်ကြီးပေါ်က မသွားခင်မှာ ပုဇွန်နဲ့ ငါးဆားနယ်ဥတွေ အများကြီး ဝယ်လာပြီး ချက်စားပါတယ်။ စားပြီးသွားတဲ့ အခါမှာတော့ အိမ်ကြီးရဲ့ တစ်ခန်းဝင် တစ်ခန်းထွက်ပြီး  ခန်းဆီးလိုက်ကာတပ်တဲ့  တုတ်ချောင်းတွေရဲ့ အတွင်းထဲမှာ ပုဇွန်ခေါင်းတွေနဲ့ ငါးစားနယ်ဥတွေကို လိုက်ထည့်ခဲ့ပါတယ်။ပြီးနောက်မှာတော့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီး ထွက်လာခဲ့ပါတယ်။
 နောက်တစ်နေ့မှာ သူဌေးကြီးတို့ ဇနီးမောင်နှံအသစ် ရောက်ရှိလာပြီး ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ တစ်ရက် နှစ်ရက် အကြာမှာပဲ အိမ်ကြီးထဲက အပုပ်နံံ့တွေထွက်လာပါတယ်။ အနံ့တွေပျောက်သွားအောင် အမွှေးနံ့တွေ ဖျန်း၊ကြွက်လို အကောင်တစ်ကောင်ကောင် သေနေတာကြောင့် အနံ့ထွက်တယ်ထင်လို့ ရှာပေမဲ့လည်း ဘာမှ မတွေ့ကြပါဘူး။ တအိမ်လုံးမှာလည်း နေလို့မရအောင် အနံ့ဆိုးတွေ ထွက်နေပါတယ်။
တစ်အိမ်လုံးကို ကော်ဇော အကောင်းစားတွေလဲ၊ လေဝင်လေထွက်ပေါက်တွေကို သန့်ရှင်းရေးလုပ်ရှာဖွေပေမဲ့ ဘယ်လိုမှ  အစရှာမရခဲ့ပါဘူး။အနံံဆိုးတွေက ပိုပြီး ပြင်းထန်လာတဲ့အတွက် အလုပ်သမားတွေကို လည်း ခေါ်လို့မရတော့သလို ဧည့်သည်တွေလည်း မလာတော့တဲ့အတွက် အိမ်ကိုရောင်းပစ်ဖို့ ကြိုးစားသော်လည်း အိမ်အကျိုးဆောင်ကလည်း ရောက်မလာခဲ့ပါဘူး။
အဲ့ဒီအချိ်န်မှာ ဇနီးဟောင်းဖြစ်သူ Edith ရောက်လာပြီး  ဒီအိမ်ကြီးကို ကာလပေါက်စျေးရဲ့ ၁၀ ပုံ ၁ ပုံစာပဲ တွက်ပြီး  ရောင်းမယ်ဆိုရင် ဝယ်မယ့်အကြောင်းပြောတဲ့အတွက် သူဌေးကြီးလင်မယားက ဒီနေ့ပဲ စာချုပ်ချုပ်ပြီး ဝယ်မယ်ဆိုရင် ရောင်းမယ်ဆိုပြီးပြောခဲ့ပါတယ်။ သူ့ရဲ့ အကောင်းဆုံး ကလဲ့စားချေရေး အစီအစဉ် အောင်မြင်ပြီဆိုပြီး ပျော်ရွှင်သွားသူမှာတော့ ဒေါ်လာသန်းချီတန်တဲ့အိမ်ကို ၁၀ ဆလောက်စျေးနှိမ်ပြီး ဝယ်လိုက်နိုင်တဲ့ ဇနီးဟောင်း Edith ပဲ ဖြစ်ပါတယ်။
Ref:reldigezt 
http://www.trend.com.mm/2016/03/11/relationships-9060
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment