ခေလးေတြကိုယ္တိုင္ အရုပ္ေတြဖန္တီးႏုိင္မယ့္ 3D printer


Mattel ဟာဆုိရင္ေတာ့ ကေလးေတြကိုယ္တိုင္ ဒီဇိုင္းပံုေဖာ္ၿပီး ကစားခ်င္တဲ့ အရုပ္ေတြ ျပဳလုပ္ႏိုင္မယ့္ 3D printer တစ္ခုကို ထုတ္လုပ္လုိက္တယ္လို႔ သိရပါတယ္။

ThingMaker လုိ႔အမည္ေပးထားတဲ့ ဒီ printer ဟာဆိုရင္ေတာ့ ေဒၚလာ ၃၀၀ ေလာက္သာ က်သင့္မွာျဖစ္ၿပီး ကေလးေတြအေနနဲ႔ ကိုယ္လိုခ်င္တဲ့အရုပ္ပံုစံကို ျပဳလုပ္ၿပီး ဖန္တီးေဆာ့ကစားႏုိင္မွာျဖစ္ပါတယ္။



Mattel ဟာဆိုရင္ေတာ့ ဒီ printer မွာ တြဲဖက္ၿပီး အသံုးျပဳဖို႔အတြက္ Autodesk ဆုိတဲ့ software တစ္ခုကို အသံုးျပဳရမွာျဖစ္ပါတယ္။ ဒီေဆာ့ဖ္ဝဲနဲ႔ ကိုယ္လိုခ်င္တဲ့ အရုပ္ပံုစံကို ေရးဆြဲႏိုင္မွာျဖစ္ၿပီး ကင္းျမီွးေကာက္ပံုေတြ ၊ အရိုးျငမ္းပံုေတြ ၊ ဒိုင္နုိေဆာပံု ၊ စက္ရုပ္ပံုေတြကို ဖန္တီးႏုိင္မွာျဖစ္ပါတယ္။ 

ကုန္ၾကမ္းေတြအျဖစ္ေတာ့ ကာလာအလႊာေတြကို အသံုးျပဳရမွာ ျဖစ္ၿပီး အေရာင္ ၂၄ ေရာင္နဲ႔ ရရွိႏိုင္မွာျဖစ္ပါတယ္။ လက္စြပ္ေလးတစ္ခုျပဳလုပ္ဖုိ႔အတြက္ေတာ့ ဒီ ပရင္တာက နာရီဝက္ေလာက္သာ အခ်ိန္ယူရမွာျဖစ္ၿပီး ႀကီးမားတဲ့အရုပ္ေတြအတြက္ေတာ့ ေျခာက္နာရီကေန ရွစ္နာရီအထိ အခ်ိန္ယူရဖြယ္ရွိတယ္လုိ႔လည္း သိရပါတယ္။


( Paing A K )

#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com

Ref : Huffingtonpost

.............................................


Mattel ဟာဆိုရင်တော့ ကလေးတွေကိုယ်တိုင် ဒီဇိုင်းပုံဖော်ပြီး ကစားချင်တဲ့ အရုပ်တွေ ပြုလုပ်နိုင်မယ့် 3D printer တစ်ခုကို ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။

ThingMaker လို့အမည်ပေးထားတဲ့ ဒီ printer ဟာဆိုရင်တော့ ဒေါ်လာ ၃၀၀ လောက်သာ ကျသင့်မှာဖြစ်ပြီး ကလေးတွေအနေနဲ့ ကိုယ်လိုချင်တဲ့အရုပ်ပုံစံကို ပြုလုပ်ပြီး ဖန်တီးဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Mattel ဟာဆိုရင်တော့ ဒီ printer မှာ တွဲဖက်ပြီး အသုံးပြုဖို့အတွက် Autodesk ဆိုတဲ့ software တစ်ခုကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲနဲ့ ကိုယ်လိုချင်တဲ့ အရုပ်ပုံစံကို ရေးဆွဲနိုင်မှာဖြစ်ပြီး ကင်းမြီှးကောက်ပုံတွေ ၊ အရိုးငြမ်းပုံတွေ ၊ ဒိုင်နိုဆောပုံ ၊ စက်ရုပ်ပုံတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

ကုန်ကြမ်းတွေအဖြစ်တော့ ကာလာအလွှာတွေကို အသုံးပြုရမှာ ဖြစ်ပြီး အရောင် ၂၄ ရောင်နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ လက်စွပ်လေးတစ်ခုပြုလုပ်ဖို့အတွက်တော့ ဒီ ပရင်တာက နာရီဝက်လောက်သာ အချိန်ယူရမှာဖြစ်ပြီး ကြီးမားတဲ့အရုပ်တွေအတွက်တော့ ခြောက်နာရီကနေ ရှစ်နာရီအထိ အချိန်ယူရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref : Huffingtonpost
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment