ကမၻာ့သတင္း
ပရပ္စ္တီဗီ
နယူးေယာက္၊ ေဖေဖာ္၀ါရီ - ၉ ။ ။ နယူးေယာက္ၿမိဳ႕ေတာ္၀န္ေဟာင္း မိုက္ကယ္ ဘလြန္းဘာ့က အေမရိကန္သမၼတအျဖစ္ ယွဥ္ၿပိဳင္အေရြးခံရန္ စဥ္းစားေနေၾကာင္း ေျပာၾကားခဲ့ရာ ၂၀၁၆ သမၼတေရြးေကာက္ပြဲကို သိသိသာသာ ပံုစံေျပာင္းသြားေစမည့္ လႈပ္ရွားမႈတစ္ခုအျဖစ္ ယူဆေနၾကသည္။
ျပင္းထန္ေျဗာင္းဆန္ေနၿပီးသား ၿပိဳင္ပြဲထဲတြင္ ၀င္ေရာက္အေရြးခံမည့္ အလားအလာႏွင့္ ပတ္သက္၍ ေမးျမန္းသည့္အခါတြင္ ျဖစ္ႏိုင္ေျခမွန္သမွ်ကို ေစ့ငုေလ့လာေနေၾကာင္း မီဒီယာထိပ္သီးႀကီးက Financial Times သတင္းစာသို႔ ေျပာၾကားခဲ့သည္။
“သမၼတေလာင္းေတြ ဘာေတြေျပာသလဲ၊ မဲဆႏၵရွင္ေတြက ဘယ္လိုသေဘာရွိလဲဆိုတာကို နားစြင့္ေနပါတယ္”ဟု ဘလြန္းဘာ့က ေျပာၾကားခဲ့ၿပီး၊ အေမရိကန္ေတြဟာ အမ်ားႀကီးပိုေကာင္းတာနဲ႔ ထိုက္တန္ ပါတယ္ဟုလည္း ထပ္ေလာင္းေျပာၾကားခဲ့သည္။
လက္ရွိ သမၼတေလာင္းမ်ား၏ စကားစစ္ထိုးပြဲမ်ားကိုလည္း ေ၀ဖန္ခဲ့ရာ လက္ရွိ စကား၀ုိင္းေတြက ဆီသည္မ လက္သုတ္၀တ္လို ဖန္တရာေတေနၿပီး မဲဆႏၵရွင္ေတြကို ေစာ္ကားေနတာပဲဟု ဘလြန္းဘာ့က ေျပာၾကားခဲ့သည္။
ဘလြန္းဘာ့မွာ ၄င္း၏ပါတီအေပၚ ရီပတ္ဘလီကင္သမၼတေလာင္း ေဒၚနယ္ ထရန္႔ေအာင္ျမင္ေနမႈႏွင့္ ဒီမိုကရတ္ ဟီလာရီ ကလင္တန္က ၿပိဳင္ဘက္ ဘာနီ ဆန္းဒါးကို ရပ္တန္႔ရန္ မစြမ္းေဆာင္ႏိုင္မႈမ်ားကို စိတ္ပ်က္ေနေသာေၾကာင့္ တစ္သီးပုဂလအျဖစ္ ယွဥ္ၿပိဳင္ အေရြးခံရန္ စဥ္းစားေနေၾကာင္း ၿပီးခဲ့သည့္ ဇန္န၀ါရီလက နယူးေယာက္တုိင္း သတင္းစာတြင္ ေဖာ္ျပခဲ့သည္။
CNN/WMUR၏ ေနာက္ဆံုး မဲရလဒ္မ်ားအရ နယူးဟမ့္ပရႈိင္းယားတြင္ ထရန္႔ႏွင့္ ဆန္းဒါးက ဦးေဆာင္ေနသည္။ ဒီမိုကရတ္ဘက္ျခမ္းတြင္မူ အဓိကျပည္နယ္တြင္ ဆန္းဒါးက ကလင္တန္ကို ဦးေဆာင္ေနသည္။
- See more at: http://mizzimaburmese.com/article/10959#sthash.RfimEoMY.ItrEHoAp.dpuf
.................
၂၀၁၆ သမ္မတရွေးပွဲတွင် နယူးယောက်မြို့တော်ဝန်ဟောင်း ဘလွန်းဘာ့ တစ်သီးပုဂလအနေဖြင့် ယှဉ်ပြိုင် အရွေးခံနိုင်
ကမ္ဘာ့သတင်း
ပရပ်စ်တီဗီ
နယူးယောက်၊ ဖေဖော်ဝါရီ - ၉ ။ ။ နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ် ဘလွန်းဘာ့က အမေရိကန်သမ္မတအဖြစ် ယှဉ်ပြိုင်အရွေးခံရန် စဉ်းစားနေကြောင်း ပြောကြားခဲ့ရာ ၂၀၁၆ သမ္မတရွေးကောက်ပွဲကို သိသိသာသာ ပုံစံပြောင်းသွားစေမည့် လှုပ်ရှားမှုတစ်ခုအဖြစ် ယူဆနေကြသည်။
ပြင်းထန်ဗြောင်းဆန်နေပြီးသား ပြိုင်ပွဲထဲတွင် ၀င်ရောက်အရွေးခံမည့် အလားအလာနှင့် ပတ်သက်၍ မေးမြန်းသည့်အခါတွင် ဖြစ်နိုင်ခြေမှန်သမျှကို စေ့ငုလေ့လာနေကြောင်း မီဒီယာထိပ်သီးကြီးက Financial Times သတင်းစာသို့ ပြောကြားခဲ့သည်။
“သမ္မတလောင်းတွေ ဘာတွေပြောသလဲ၊ မဲဆန္ဒရှင်တွေက ဘယ်လိုသဘောရှိလဲဆိုတာကို နားစွင့်နေပါတယ်”ဟု ဘလွန်းဘာ့က ပြောကြားခဲ့ပြီး၊ အမေရိကန်တွေဟာ အများကြီးပိုကောင်းတာနဲ့ ထိုက်တန် ပါတယ်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
လက်ရှိ သမ္မတလောင်းများ၏ စကားစစ်ထိုးပွဲများကိုလည်း ဝေဖန်ခဲ့ရာ လက်ရှိ စကားဝိုင်းတွေက ဆီသည်မ လက်သုတ်ဝတ်လို ဖန်တရာတေနေပြီး မဲဆန္ဒရှင်တွေကို စော်ကားနေတာပဲဟု ဘလွန်းဘာ့က ပြောကြားခဲ့သည်။
ဘလွန်းဘာ့မှာ ၄င်း၏ပါတီအပေါ် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ် ထရန့်အောင်မြင်နေမှုနှင့် ဒီမိုကရတ် ဟီလာရီ ကလင်တန်က ပြိုင်ဘက် ဘာနီ ဆန်းဒါးကို ရပ်တန့်ရန် မစွမ်းဆောင်နိုင်မှုများကို စိတ်ပျက်နေသောကြောင့် တစ်သီးပုဂလအဖြစ် ယှဉ်ပြိုင် အရွေးခံရန် စဉ်းစားနေကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက နယူးယောက်တိုင်း သတင်းစာတွင် ဖော်ပြခဲ့သည်။
CNN/WMUR၏ နောက်ဆုံး မဲရလဒ်များအရ နယူးဟမ့်ပရှိုင်းယားတွင် ထရန့်နှင့် ဆန်းဒါးက ဦးဆောင်နေသည်။ ဒီမိုကရတ်ဘက်ခြမ်းတွင်မူ အဓိကပြည်နယ်တွင် ဆန်းဒါးက ကလင်တန်ကို ဦးဆောင်နေသည်။
- See more at: http://mizzimaburmese.com/article/10959#sthash.RfimEoMY.ItrEHoAp.dpuf
Home
USA
World News
၂၀၁၆ သမၼတေရြးပြဲတြင္ နယူးေယာက္ၿမိဳ႕ေတာ္၀န္ေဟာင္း ဘလြန္းဘာ့ တစ္သီးပုဂလအေနျဖင့္ ယွဥ္ၿပိဳင္ အေရြးခံႏိုင္
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment