ခ်မ္းသာသည့္ႏိုင္ငံမ်ားတြင္ အမႊာေမြးဖြားႏႈန္း ႏွစ္ဆမွ် ျမင့္တက္လာဟုဆို

ကမၻာ့သတင္း
Agence France-Presse

၀ါရွင္တန္၊ ေဖေဖာ္၀ါရီ - ၉ ။           ။ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားတြင္ အမႊာေမြးဖြားမႈႏႈန္းမွာ ဆယ္စုႏွစ္ေလးခုအတြင္း ႏွစ္ဆျမင့္တက္လာခဲ့သည္ဟု သုေတသီမ်ားက ေဖေဖာ္၀ါရီလ ၈ရက္ေန႔တြင္ ေျပာၾကားခဲ့ၿပီး တြဲဖက္ပါလာႏိုင္သည့္ က်န္းမာေရး အႏၱရာယ္မ်ားကိုလည္း သတိေပးလိုက္သည္။

အေမရိကန္ လူဦးေရႏွင့္ ဖြံ႕ၿဖိဳးမႈသံုးသပ္ခ်က္ ဂ်ာနယ္တြင္ ပံုႏွိပ္ေဖာ္ျပလာသည့္ အဆိုပါ သုေတသနအရ ၁၉၇၅ ခုႏွစ္က ေမြးဖြားမႈေပါင္း ၁၀၀၀ တြင္ အမႊာေမြးဖြားမႈႏႈန္းမွာ ၉.၅သာ ရွိခဲ့ရာမွ ၂၀၁၁ ခုႏွစ္ တြင္ ၁၆.၉ အထိ ရွိလာခဲ့ေသာေၾကာင့္ အေမရကန္ျပည္ေထာင္စုတြင္ ႏွစ္ဆနီးပါးမွ် ျမင့္တက္လာခဲ့သည္ဟု သိပၸံပညာရွင္မ်ားက ေျပာၾကားခဲ့သည္။

ၿဗိတိန္၊ ဂ်ာမနီ၊ ျပင္သစ္၊ ဒိန္းမတ္ႏွင့္ ေတာင္ကိုရီးယားတို႔တြင္လည္း အလားတူ ႏွစ္ဆ ျမင့္တက္လာခဲ့သည္ဟု ဆိုသည္။ ဖန္ျပြန္သေႏၶသားႏွင့္ သားအိမ္လႈံ႕ေဆာ္ျခင္းကဲ့သုိ႔ေသာ သိပၸံနည္းပညာမ်ား ထြန္းကားလာသည့္ ၁၉၇၀ႏွစ္မ်ားေနာက္ပိုင္းတြင္ ေဆးပညာအကူ မ်ိဳးပြားမႈမ်ား တိုးပြားလာေသာေၾကာင့္ အမႊာေမြးဖြားမႈႏႈန္း ျမင့္မားလာခဲ့ရျခင္းျဖစ္သည္ဟု သုေတသီမ်ားက ေျပာၾကားသည္။

သို႔ရာတြင္ ထိုနည္းစနစ္မ်ားမွာ တစ္ႀကိမ္ ကုိယ္၀န္ေဆာင္စဥ္တြင္ပင္ သေႏၶသား အေျမာက္အမ်ားကို ထုတ္လုပ္ေပးႏိုင္ေျခလည္း ရွိေနသည္ဟု ဆိုသည္။ “အမႊာေမြးဖြားမႈႏႈန္းက ဆက္ၿပီးျမင့္တက္ေန ဦးမလားဆိုတာေတာ့ မေသခ်ာပါဘူး။ ဒါေပမယ့္ အခုႏႈန္းကိုပဲ လူထုက်န္းမာေရး အက်ပ္အတည္းလို႔ ျမင္ေနၾကပါၿပီ”ဟု တြဲဖက္သုေတသနမွဴးျဖစ္သည့္ ျပင္သစ္ လူဦးေရသုေတသန အင္စတီက်ဳမွ ဂီလက္စ္ ပစ္ဆန္က ေျပာၾကားသည္။

ကိုယ္၀န္ေဆာင္ရသည့္ မိခင္အတြက္ အႏၱရာယ္ႀကီးမားရံုမက အမႊာကေလးမ်ားမွာ တစ္ေယာက္တည္းေမြးသည့္ ကေလးမ်ားထက္ က်န္းမာေရး ေပ်ာ့ညံ့အားနည္းေလ့ရွိၾကသည္ဟု ဆိုသည္။

အမႊြာမ်ားမွာ မ်ားေသာအားျဖင့္ လမေစ့ဘဲ ေမြးဖြားေလ့ရွိၾကၿပီး၊ ကိုယ္အေလးခ်ိန္ နိမ့္က်ကာ ကေလးဘ၀တြင္ပင္ ေသဆံုးေလ့ရွိၾကသည္ဟု ဆိုသည္။ ပထမဆံုးအႀကိမ္ မိခင္ေလာင္းမွာ အသက္အရြယ္ အားျဖင့္ ႀကီးရင့္ေနၿပီး၊ ေငြေရးေၾကးေရး ျပည့္စုံေအာင္ (သို႔မဟုတ္) ကေလးယူႏိုင္ေလာက္သည့္ အေျခအေနကို ေစာင့္ဆိုင္းေနၾကရေသာေၾကာင့္လည္း ဖန္ျပြန္သေႏၶသားႏွင့္ အျခား နည္းစနစ္အကူ မ်ိဳးပြားမႈမ်ား ျမင့္မားလာရျခင္းျဖစ္သည္ဟုလည္း သုေတသီမ်ားက ေထာက္ျပသည္။

မိခင္မ်ား ကေလးယူသည့္ အသက္အရြယ္မွာလည္း အေမရိကန္ျပည္ေထာင္စုတြင္ ၁၉၈၀ခုႏွစ္က ၂၂.၇ႏွစ္အရြယ္ျဖစ္ေသာ္လည္း ယခုလက္ရွိကာလတြင္ ၂၆ႏွစ္ႏွင့္ အထက္သို႔ ေျပာင္းလဲလာခဲ့ၿပီျဖစ္ သည္ဟု ဆိုသည္။

၁၉၇၀ခုႏွစ္က အသက္ ၃၅ႏွစ္ႏွင့္ ၃၉ႏွစ္ၾကား ပထမဆံုးကေလးကို ေမြးဖြားသူအေရအတြက္မွာ အမ်ိဳးသမီး ၁၀၀၀တြင္ ၁.၇ေယာက္ႏႈန္းသာရွိခဲ့ေသာ္လည္း ၂၀၁၂ခုႏွစ္တြင္ ၁၁ေယာက္ႏႈန္းအထိ ထိုးတက္ျမင့္မားလာခဲ့သည္ဟု ဆိုသည္။

အမႊာေမြးဖြားႏႈန္းျမင့္တက္မႈကို ကာကြယ္ရန္မွာ ကိုယ္၀န္ေဆာင္မႈ တစ္ႀကိမ္တြင္ ပိုမိုနည္းပါးေသာ သေႏၶသားကိုသာ ထည့္သြင္းေပးျခင္းလည္း ပါ၀င္ေနသည္ဟု သုေတသီမ်ားက အႀကံျပဳထားသည္။

- See more at: http://mizzimaburmese.com/article/10962#sthash.FRlAHSAj.2sU95Al5.dpuf
..................
 စိုးရိမ်ဖွယ်အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ Aleppo မြို့
ဆီးရီးယားအစိုးရ လိုလားတဲ့ တပ်ဖွဲ့တွေအနေနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ Aleppo မြို့ကို ၀ိုင်းထားနိုင်ရင် လူ ၃ သိန်းလောက်ဟာ လူသားချင်းစာနိုင်မှု ဆိုင်ရာအကူအညီ ရနိုင်တော့မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂက ဒီကနေ့ သတိပေး လိုက်ပါတယ်။

Aleppo မြို ့နဲ့ တူရကီနယ်စပ်နားက Bab al Salam အရပ်ကို ဆက်သွယ်ထားတဲ့ သူပုန်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို အဲဒီ တပ်ဖွဲ့တွေက ဖြတ်တောက် ထားပြီး ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။ တကယ်လို့သာ မြို့ကိုသိမ်းပိုက်လိုက်ရင်တော့ အလပ်ပိုကနေ နောက်ထပ် အရပ်သား ၁ သိန်းကနေ ၁ သိန်းခွဲလောက်အထိ ထွက်ပြေးရဖွယ်ရှိနေပါတယ်။

အလပ်ပိုကနေ တူရကီနယ်စပ်နားက A’zaz ကိုထွက်ပြေးလာတဲ့ ဒုက္ခသည် ၂ သောင်း ၁ ထောင်အတွက် အစားအစာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ဒီကနေ့ ပြောဆိုပါတယ်။ ဆီးရီးယားနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အကြီးအကဲ Jakob Kern က အလပ်ပိုက အခြေအနေဟာ ထိလွယ်ရှလွယ် ဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်အတွင်း သမ္မတ Bashar al-Assed အစိုးရကို ၅ နှစ်ကြာတိုက်ခိုက်နေတဲ့ သူပုန်တွေကို နှိမ်နင်းဖို့ အစိုးရလိုလားတဲ့ တပ်တွေဟာ အလပ်ပိုကို တိုက်ခိုက်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ရုရှားစစ်လေယာဉ်တွေဟာ အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်တွေနဲ့ တခြားသူပုန်အဖွဲ့ဝင်တွေဟာ ဥမင်လှိုင်ခေါင်းတွေထဲမှာ အကာအကွယ်ယူနေထိုင်နေကြရပါတယ်။ ဒီလိုအခြေအနေအောက်မှာ သူပုန်တွေဟာ စိတ်ဓာတ်ပိုင်း ရေးရာ ကျဆင်းနေတယ်လို့ သူပုန်အဖွဲ့ဝင်တဦးက VOA ကိုပြောဆိုပြီး အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေကြား အနောက်နိုင်ငံတွေအနေနဲ့ သူတို့ကို လစ်လျူရှုထားတယ်ဆိုပြီးတော့လည်း ရှုမြင်နေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.comချမ်းသာသည့်နိုင်ငံများတွင် အမွှာမွေးဖွားနှုန်း နှစ်ဆမျှ မြင့်တက်လာဟုဆို
ကမ္ဘာ့သတင်း
Agence France-Presse

၀ါရှင်တန်၊ ဖေဖော်ဝါရီ - ၉ ။           ။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အမွှာမွေးဖွားမှုနှုန်းမှာ ဆယ်စုနှစ်လေးခုအတွင်း နှစ်ဆမြင့်တက်လာခဲ့သည်ဟု သုတေသီများက ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ပြောကြားခဲ့ပြီး တွဲဖက်ပါလာနိုင်သည့် ကျန်းမာရေး အန္တရာယ်များကိုလည်း သတိပေးလိုက်သည်။

အမေရိကန် လူဦးရေနှင့် ဖွံ့ဖြိုးမှုသုံးသပ်ချက် ဂျာနယ်တွင် ပုံနှိပ်ဖော်ပြလာသည့် အဆိုပါ သုတေသနအရ ၁၉၇၅ ခုနှစ်က မွေးဖွားမှုပေါင်း ၁၀၀၀ တွင် အမွှာမွေးဖွားမှုနှုန်းမှာ ၉.၅သာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ် တွင် ၁၆.၉ အထိ ရှိလာခဲ့သောကြောင့် အမေရကန်ပြည်ထောင်စုတွင် နှစ်ဆနီးပါးမျှ မြင့်တက်လာခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဒိန်းမတ်နှင့် တောင်ကိုရီးယားတို့တွင်လည်း အလားတူ နှစ်ဆ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ ဖန်ပြွန်သန္ဓေသားနှင့် သားအိမ်လှုံ့ဆော်ခြင်းကဲ့သို့သော သိပ္ပံနည်းပညာများ ထွန်းကားလာသည့် ၁၉၇၀နှစ်များနောက်ပိုင်းတွင် ဆေးပညာအကူ မျိုးပွားမှုများ တိုးပွားလာသောကြောင့် အမွှာမွေးဖွားမှုနှုန်း မြင့်မားလာခဲ့ရခြင်းဖြစ်သည်ဟု သုတေသီများက ပြောကြားသည်။

သို့ရာတွင် ထိုနည်းစနစ်များမှာ တစ်ကြိမ် ကိုယ်ဝန်ဆောင်စဉ်တွင်ပင် သန္ဓေသား အမြောက်အများကို ထုတ်လုပ်ပေးနိုင်ခြေလည်း ရှိနေသည်ဟု ဆိုသည်။ “အမွှာမွေးဖွားမှုနှုန်းက ဆက်ပြီးမြင့်တက်နေ ဦးမလားဆိုတာတော့ မသေချာပါဘူး။ ဒါပေမယ့် အခုနှုန်းကိုပဲ လူထုကျန်းမာရေး အကျပ်အတည်းလို့ မြင်နေကြပါပြီ”ဟု တွဲဖက်သုတေသနမှူးဖြစ်သည့် ပြင်သစ် လူဦးရေသုတေသန အင်စတီကျုမှ ဂီလက်စ် ပစ်ဆန်က ပြောကြားသည်။

ကိုယ်ဝန်ဆောင်ရသည့် မိခင်အတွက် အန္တရာယ်ကြီးမားရုံမက အမွှာကလေးများမှာ တစ်ယောက်တည်းမွေးသည့် ကလေးများထက် ကျန်းမာရေး ပျော့ညံ့အားနည်းလေ့ရှိကြသည်ဟု ဆိုသည်။

အမွွှာများမှာ များသောအားဖြင့် လမစေ့ဘဲ မွေးဖွားလေ့ရှိကြပြီး၊ ကိုယ်အလေးချိန် နိမ့်ကျကာ ကလေးဘဝတွင်ပင် သေဆုံးလေ့ရှိကြသည်ဟု ဆိုသည်။ ပထမဆုံးအကြိမ် မိခင်လောင်းမှာ အသက်အရွယ် အားဖြင့် ကြီးရင့်နေပြီး၊ ငွေရေးကြေးရေး ပြည့်စုံအောင် (သို့မဟုတ်) ကလေးယူနိုင်လောက်သည့် အခြေအနေကို စောင့်ဆိုင်းနေကြရသောကြောင့်လည်း ဖန်ပြွန်သန္ဓေသားနှင့် အခြား နည်းစနစ်အကူ မျိုးပွားမှုများ မြင့်မားလာရခြင်းဖြစ်သည်ဟုလည်း သုတေသီများက ထောက်ပြသည်။

မိခင်များ ကလေးယူသည့် အသက်အရွယ်မှာလည်း အမေရိကန်ပြည်ထောင်စုတွင် ၁၉၈၀ခုနှစ်က ၂၂.၇နှစ်အရွယ်ဖြစ်သော်လည်း ယခုလက်ရှိကာလတွင် ၂၆နှစ်နှင့် အထက်သို့ ပြောင်းလဲလာခဲ့ပြီဖြစ် သည်ဟု ဆိုသည်။

၁၉၇၀ခုနှစ်က အသက် ၃၅နှစ်နှင့် ၃၉နှစ်ကြား ပထမဆုံးကလေးကို မွေးဖွားသူအရေအတွက်မှာ အမျိုးသမီး ၁၀၀၀တွင် ၁.၇ယောက်နှုန်းသာရှိခဲ့သော်လည်း ၂၀၁၂ခုနှစ်တွင် ၁၁ယောက်နှုန်းအထိ ထိုးတက်မြင့်မားလာခဲ့သည်ဟု ဆိုသည်။

အမွှာမွေးဖွားနှုန်းမြင့်တက်မှုကို ကာကွယ်ရန်မှာ ကိုယ်ဝန်ဆောင်မှု တစ်ကြိမ်တွင် ပိုမိုနည်းပါးသော သန္ဓေသားကိုသာ ထည့်သွင်းပေးခြင်းလည်း ပါ၀င်နေသည်ဟု သုတေသီများက အကြံပြုထားသည်။

- See more at: http://mizzimaburmese.com/article/10962#sthash.FRlAHSAj.2sU95Al5.dpuf
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment