အာဖရိကတိုက္ေတာင္ပိုင္း၌ မိုးေခါင္မႈေၾကာင့္ လူဦးေရ ၄၉ သန္းအထိ ထိခိုက္ရဖြယ္ရွိ


ဟာယာေရး။ ေဖေဖာ္ဝါရီ ၁၇

၃၅ ႏွစ္တာကာလအတြင္း အင္အား အျပင္းထန္ဆံုးႏွင့္ ကာလရွည္ၾကာ စြာျဖစ္ေပၚသည့္ အယ္လ္နီညိဳရာသီဥတုျဖစ္စဥ္၏ သက္ေရာက္မႈအရ အာဖရိကတိုက္ ေတာင္ပိုင္းမွျပည္သူ ၄၉ သန္းအထိ အဆိုးရြားဆံုးေသာ မိုးေခါင္မႈေဘးအႏၲရာယ္ႏွင့္ ရင္ဆုိင္ရဖြယ္ရွိေၾကာင္း ကုလသမဂၢကမၻာ့စားနပ္ ရိကၡာအစီအစဥ္ WFP က ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ ေျပာၾကားသည္။

အာဖရိကေတာင္ပိုင္းေဒသတြင္ အယ္လ္နီညိဳရာသီဥတုျဖစ္စဥ္ေၾကာင့္ ၁၉၈၁ ခုႏွစ္ႏွင့္ေနာက္ပိုင္း ေအာက္တိုဘာႏွင့္ ဒီဇင္ဘာလတို႔တြင္ မိုးေရခ်ိန္ ရရွိမႈစံခ်ိန္တင္က်ဆင္းခဲ့ေၾကာင္း၊ ယင္းေဒသအတြင္းရွိလူဦးေရ ၁၄ သန္းမွာ စားနပ္ရိကၡာျပတ္လပ္မႈေၾကာင့္ အငတ္ေဘးႏွင့္ရင္ဆိုင္ေနရေၾကာင္း WFP က ေျပာၾကားသည္။

အာဖရိကတိုက္ေတာင္ပိုင္းတြင္ ယခုႏွစ္ ဇန္နဝါရီလမွ မတ္လအထိ ႏွစ္စဥ္ပံုမွန္ရရွိေသာမိုးေရခ်ိန္ေအာက္ မိုးေရခ်ိန္ကိုသာ ရရွိႏိုင္ဖြယ္ရွိသည္ဟု မိုးေလဝသပညာရွင္မ်ားက ခန္႔မွန္းထားသည္။

မိုးေခါင္မႈဒဏ္ကို ေက်းလက္ျပည္သူသန္း ၄ဝ ႏွင့္ ၿမိဳ႕ျပမ်ားရွိဆင္းရဲ သားဦးေရကိုးသန္းတို႔ခံစားရဖြယ္ရွိေၾကာင္း ကုလသမဂၢကမၻာ့စားနပ္ရိကၡာ အစီအစဥ္က ေနာက္ဆံုးထုတ္ျပန္လိုက္ေသာ အစီခံစာတြင္ေဖာ္ျပသည္။

လီဆိုသုိ၊ ဆြာဇီလန္၊ ဇမ္ဘီယာႏွင့္ဇင္ဘာေဘြႏိုင္ငံတို႔၌ မိုးေခါင္မႈေၾကာင့္ ေျပာင္းစိုက္ပ်ဳိးမႈထိခိုက္ရေၾကာင္း မာလာဝီႏိုင္ငံ၌ ေျပာင္းအထြက္ႏႈန္းက် ဆင္းခဲ့ရေၾကာင္း အစီရင္ခံစာတြင္ေဖာ္ျပထားသည္။

႐ိုက္တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
..............


ဟာယာရေး။ ဖေဖော်ဝါရီ ၁၇

၃၅ နှစ်တာကာလအတွင်း အင်အား အပြင်းထန်ဆုံးနှင့် ကာလရှည်ကြာ စွာဖြစ်ပေါ်သည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုအရ အာဖရိကတိုက် တောင်ပိုင်းမှပြည်သူ ၄၉ သန်းအထိ အဆိုးရွားဆုံးသော မိုးခေါင်မှုဘေးအန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် WFP က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားသည်။

အာဖရိကတောင်ပိုင်းဒေသတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ၁၉၈၁ ခုနှစ်နှင့်နောက်ပိုင်း အောက်တိုဘာနှင့် ဒီဇင်ဘာလတို့တွင် မိုးရေချိန် ရရှိမှုစံချိန်တင်ကျဆင်းခဲ့ကြောင်း၊ ယင်းဒေသအတွင်းရှိလူဦးရေ ၁၄ သန်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် အငတ်ဘေးနှင့်ရင်ဆိုင်နေရကြောင်း WFP က ပြောကြားသည်။

အာဖရိကတိုက်တောင်ပိုင်းတွင် ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ နှစ်စဉ်ပုံမှန်ရရှိသောမိုးရေချိန်အောက် မိုးရေချိန်ကိုသာ ရရှိနိုင်ဖွယ်ရှိသည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

မိုးခေါင်မှုဒဏ်ကို ကျေးလက်ပြည်သူသန်း ၄ဝ နှင့် မြို့ပြများရှိဆင်းရဲ သားဦးရေကိုးသန်းတို့ခံစားရဖွယ်ရှိကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က နောက်ဆုံးထုတ်ပြန်လိုက်သော အစီခံစာတွင်ဖော်ပြသည်။

လီဆိုသို၊ ဆွာဇီလန်၊ ဇမ်ဘီယာနှင့်ဇင်ဘာဘွေနိုင်ငံတို့၌ မိုးခေါင်မှုကြောင့် ပြောင်းစိုက်ပျိုးမှုထိခိုက်ရကြောင်း မာလာဝီနိုင်ငံ၌ ပြောင်းအထွက်နှုန်းကျ ဆင်းခဲ့ရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment